♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 2, 2015

" ရေခဲလူသား အက်စကီးမိုး ထံမှ သင်ခန်းစာ "

လမ်းခရီးမှာ ကျွန်တော်တို့ ရက်ပေါင်းသုံးဆယ်မျှ ကြာခဲ့ပြီဖြစ်သည်။
ကျွန်တော်ရယ်၊ ကျွန်တော်နှင့်အတူ ခရီးသွားနေသည့် အက်စကီးမိုး မိသားစုရယ် ။
အအေးချိန်က သုညအောက် ငါးဆယ်မှာ ရောက်နေသည်။ သည်ကြားထဲ လေပြင်းကတိုက်လိုက်သေးသည်။ ပြီးတော့ သည်အက်စကီးမိုးတွေ လုပ်နေကိုင်နေပုံနှင့် … ။
ကျွန်တော့်အတွက် သည်ခရီးက အပင်ပန်းဆုံးခရီး၊ စိတ်ပျက်စရာအကောင်းဆုံးခရီး ဖြစ်နေသည်။
ကျွန်တော့်စိတ်မှာ ကံကြမ္မာက တမင်တကာပဲ ကျွန်တော့်ကို နှောင့်နှေးအောင် လုပ်နေသလား အောက်မေ့မိလာသည်။ သည်တစ်နေ့ ဆီးနှင်းမုန်တိုင်းကြောင့် အစ်ဂလူးရေခဲအိမ်ထဲ ငုတ်တုတ်ထိုင်နေရမည်။ နောက်တစ်နေ့ကျတော့ ကျွန်တော့်လမ်းပြလုပ်သည့် ဒေသခံပုဂ္ဂိုလ်တွေက ဘယ်လိုအူကြောင်ကြောင်စိတ်ကူးမှန်းမသိ၊ ရာသီဥတု သာသာယာယာ ရှိနေပါလျက် ရှေ့ခရီးမဆက်ဘဲ အစ်ဂလူးအသစ်တစ်လုံး ဆောက်ကာ စတည်းချဖို့ ပြင်ပြန်သည်။
“ ဘုရင်ဝီလျံကုန်းမြေကိုရောက်ဖို့ နောက်ထပ် ဘယ်နှစ်ရက်သွားရဦးမှာလဲ  ” ဆိုသော အမေးကို သူတို့မိသားစု အကြီးအကဲပုဂ္ဂိုလ်အား ကျွန်တော်မေးတာ အကြိမ်ပေါင်း မနည်းတော့ပြီ ။
သူက ဘယ်တော့မှ တည့်တည့်မဖြေ။ သည်အက်စကီးမိုးတွေက မေးမြန်းတာကိုပင် မကြိုက်ချင်။ ရိုင်းသည်ဟု သဘောထားသည်။ လူဖြူတွေမို့ ဒီလိုမေးမြန်းကြတာပဲ ဟု သူတို့မြင်သည်။ ပြီး သူတို့အက်စကီးမိုးတွေက တိတိကျကျ တာဝန်ခံပြီး ပြောရမှာမျိုးကို လုံးဝမလိုလား။ မနက်ဖြန် ရာသီဥတု ဘယ်လိုရှိမလဲ  သင်က မေးမည်။ အက်စကီးမိုးတွေ သိတန်သလောက် သိကြသည်ပဲ။ သို့သော် “ ကျွန်တော် မသိပါဘူးဗျာ ” ဟူ၍ပဲ ယဉ်ကျေးစွာ ဆိုမည်။ ပြီးတော့ ခွေးတွေနှင့် အလုပ်ရှုပ်နေသလို ၊ဘာလို လုပ်နေမည်။ အဓိပ္ပါယ်က “ ဖြေလို့ ဘာအကျိုးထူးမလဲဗျာ၊ မှန်ရင်လည်း ‘မှန်းသားပဲ’ ပေါ့ ။ ဒီအပြင် ဘာရှိမလဲ၊ မမှန်တဲ့အခါကျတော့ ကျွန်တော်ပဲ အရူးဖြစ်မယ် ” ဟု ပြောချင်သည့် သဘော။

" မယားလေးရယ် မင့်နှယ် အလုပ်မရှိ အလုပ်ရှာ...ကျောပြင်ကိုအပ်ထိုးလို့ ဟန်ပြရရှာသကိုး "



သူရဲဂေါင်းမဂြီး တစ်ဦးပါဘဲ.....အလုပ်မရှိ အလုပ်ရှာ...ကျောပြင်ကိုအပ်ထိုးလို့ ...ဟန်ပြရရှာ ဆိုရမလားဘဲကွယ်တို့ရေ....... ဆေးသွင်းတဲ့ အပ်ပေါင်းများစွာနှင့် ကိုယ်ခန္ဓာကျောပြင်ထက်မှာ နာကျင်မှာကိုမမှုဘဲ(ဟီးးးး   ထုံဆေးပြယ်ရင် အသေနာမှာ) ပုံစံဖော်ပြီး ထိုးထားလိုက်တာများ..သြော်ချရလောက်ပါတယ်......ကျုပ်တို့များဆေးထိုးဘို့ဆိုဝေလာဝေး...အပ်
နှင့်ထိုးမိမှာတောင် ကြောက်ကြတာ....တယ်လဲ သတ္တိကောင်းတဲ့ အာဂ အမျိုးသမီးပါလား......အပ်တွေဖြုတ်ပြီးလို့ ထုံဆေးပြယ်ရင် အဘကယ်ပါ....မောင်ကယ်ပါ...ကိုကိုရေ....ချစ်ကို ကယ်ပါဦး......အပ်ထိုးတဲ့ ဒဏ်ရာက တဆစ်ဆစ်နှင့် ကိုက်လွန်း နာလွန်းလို့ အိပ်ယာပေါ် ကျောချဘို့ မရပါလား...ချစ်ရဲ့ ကျောပြင်လေး နာလွန်းလှပြီ ကိုရဲ့...အီးးးးဟီးးးဟီးးး အဟင့်ဟင့်

" ချစ်ခွင့်ပန် လက်ထပ်ရန် အငြင်းခံရတဲ့အတွက် ဘယ်တော့မှ စိတ်မပျက်ပါနဲ့ " ချစ်စရာ တပုံကြီး ဟုတ်တယ်ဟုတ်

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို စွဲလန်းစွာ ချစ်မြတ်နိုးခဲ့တယ်..။ သူမဟာ တစ်ခြားသူတွေအတွက်တော့ အချောဆုံး အလှဆုံးမဖြစ်
ခဲ့ပေမယ့် သူ့အတွက်တော့ နတ်သမီးလေး တစ်ပါးလိုပါပဲ..။

သူဟာ သူမနဲ့လက်ထပ်ပြီးရင် ကောင်းမွန်စွာနေထိုင်နိုင်ဖို့ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုး
စားစား လုပ်ဆောင်ပြီး တစ်နေ့ကျရင် သူမနဲ့ လက်ထပ်မယ်လို့ စိတ်ကူးထားတယ်..။
သူ့သူငယ်ချင်းတွေက”မင်းသူ့ကို တအားမမျှော်လင့်ထားနဲ့..၊ သူမက မင်းကို ချစ်လား မချစ်လားတောင် မင်းသိတာ မဟုတ်ဘူး..၊ ပထမဆုံး မင်း သူမကို ချစ်ခွင့်ပန်သင့်တယ်…” လို့ အကြံပေးကြတယ်..။ သူလည်း ဒီအတိုင်းပဲ ဖြစ်သင့်တယ်လို့ ထင်တယ်..။

January 1, 2015

" ရည်းစားဟောင်းတွေ လုပ်လေ့လုပ်ထရှိတဲ့ စိတ်ပျက်စရာအချက် (၇)ချက် "


သင့်ရဲ့ရည်းစားနဲ့ ပြတ်သွားပြီမို့ စိတ်ညစ်စရာတွေ၊ အာရုံနောက်စရာတွေ မရှိတော့ဘူးလို့ ထင်မိပါသလား။ တစ်ခါတစ်လေ ပြတ်သွားပြီးမှ သူတို့တွေရဲ့ အာရုံနောက်စရာ အပြုအမူတွေကြောင့် သည်းမခံချင်စရာကောင်းတဲ့အရာတွေ ထပ်ပေါ်လာနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ဘာမှမဟုတ်တဲ့အကြောင်းအရာတွေကို ပို့ချင်တဲ့အချိန် sms ပို့တတ်တာမျိုး
ဥပမာ နင်အရင်တုန်းက ကြိုက်တဲ့ သီချင်း ခုရေဒီယိုမှာ လာနေတော့ နင့်ကို သတိရသွားတာနဲ့ sms ပို့လိုက်မိတာ ဆိုတာမျိုး။ ဇာတ်လမ်းပြီးသွားကာမှ အရစ်ရှည်နေတာတွေက မုန်းစရာကောင်းလွန်းပါတယ်။

၂။တစ်ခြားကောင်မလေးတွေနဲ့ ကိုယ့်ရှေ့မှာ အီစီကလီလုပ်ပြနေတာမျိုး
တစ်နေရာမှာ ရည်းစားဟောင်းနဲ့ ဆုံမိတဲ့အခါ ကိုယ့်ရှေ့မှာ တမင်သက်သက် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေသလို

"ဈေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း "





ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။

" အလုပ်မရှိ အလုပ်ရှာ... မယားလေးရယ် မင့်မို့လို့ ဒီလိုတွယ်ချိတ်တွေ ကပ်ရတယ်လို့ "

သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင်တွယ်ချိတ်များကို
ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ
တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဓာကို မြင်တွေ့ရသည်။

http://news.xinhuanet.com/english2010/photo/2010-07/28/13419266_11n.jpg 
http://news.xinhuanet.com/english2010/photo/2010-07/28/13419265_11n.jpg

" ရွေးချက်ကယ် မှား " သြော် လက်စသပ်တော့ ယမမင်းလဲ သေရမှာကြောက်သကိုးး !!!



တစ်နေ့မှာတော့ ငရဲမင်းကြီး ဒိန်းဝေါင်ဟာ တစ်ခြားသက်ရှိ သတ္တ၀ါတွေလိုပဲ နေထိုင်မကောင်းဖြစ်တယ် ။ အဲဒီတော့ လူ့လောက က သမားတော် တစ်ယောက် ပင့်ဖို့ ငရဲသားတစ်ယောက်ကို လွှတ်လိုက်တယ် ။
လူသေ အနည်းဆုံး သမားတော်ကိုသာရှာပင့်ခဲ့ ငရဲမင်းကြီးက သူ့ငရဲသားကို သတိပေးလိုက်တာပေါ့ ။
လူနာသေ အနည်းဆုံးသမားတော်မှန်း ကျွန်တော်မျိုး ဘယ်လိုလုပ်သိမှာလဲ
ဒါများလွယ်ပါတယ်ကွာ ၊ဒေါသထွက်နေတဲ့ ၀ိညာဉ်တွေ မအုံဆုံး သမားတော်ကို ရှာခေါ်ခဲ့
အဲဒါနဲ့ ငရဲသားလည်း ငရဲမင်းကြီး မှာလိုက်တဲ့ စကားကို သတိချပ်ပြီး အဲဒီ ရှားရှားပါးပါး ဆရာဝန်ကို လိုက်ရှာတယ်။တစ်လမ်းဝင် ရင်လည်း သမားတော်ရဲ့ အိမ်ကိုတွေ့ပါရဲ့၊ အဲဒီ သမားတော် အိမ်ရှေ့မှာလည်း
Subscribe

လာလည်သူများ

free counters