♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 11, 2015

" ကချင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲရလဒ် "



 နိုဝင်ဘာလ ၁ဝ ရက်နေ့ ည ၉ နာရီအထိ RFA ကရရှိထားတဲ့ ကချင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲရလဒ်တွေဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်များမှာ -

ပြည်သူ့လွှတ်တော် - ဒေါ်စန်းစန်းအိ ( NLD ) - ၅ဝ၄၁ဝ မဲ

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ( ၆ ) - ဦးမင်းဆွေနိုင် ( NLD ) - ၂၇၈၂၈ မဲ

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ( ၇ ) - ဦးဝင်းဇော် ( NLD ) - ၂ဝ၁ဝ၈ မဲ

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ( ၁ ) - ဦးတင်အေး ( NLD ) - ၂၈၂၃၂ မဲ

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ( ၂ ) - ဦးကျော်ကျော်ဝင်း ( NLD ) - ၂ဝဝ၅၆

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများမှာ -
ပြည်သူ့လွှတ်တော် - ဦးဝင်းနိုင် ( NLD ) - ၂၄၀၄၈ မဲ

အမျိုးသားလွှတ်တော် - ဒေါက်တာခင်မကြီး ( NLD ) - ၂၅၅၈၀ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးဝေလင်း ( NLD ) - ၉၈၂၈ မဲ

" အပျိုကြီး "

 
အပျိုကြီးပဲလုပ်တော့မှာလား

ငါသိတယ်၊ နင်က အိမ်ထောင်ကျချင်တယ်၊ ဒါပေမဲ့ ၀န်မခံချင်သေးဘူးပေါ့။
ဒီလိုနဲ့ မွေးနေ့တစ်ခါရောက်လာပြန်ပြီ ဒါမှမဟုတ် နင့်မောင်လေးတစ်ယောက်က
အိမ်ထောင်ကျဖို့ အချိန်ရောက်လာပြန်ပြီပေါ့။ မောင်လေးနဲ့ လက်ထပ်ရမဲ့
မိန်းကလေးက မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးဖို့ နင့်ကိုမေးလာမယ်။
အဲဒီတော့မှ နင်သတိလည်လာပြီး “အမလေး…အသက် ၃၆ နှစ်ရှိနေပြီ၊ အခုထိ
ငါအိမ်ထောင်မကျသေးပါလား” ဆိုပြီး အလန့်တကြား ကိုယ့်ကိုယ်ကို မေးမိမယ်။
အဲဒီအခါ သတို့သမီးကိုလည်း နင်မုန်းလာမယ်၊ တဆက်တည်းမှာပဲ ငါဘာလို့
အိမ်ထောင်မကျသေးတာလဲဆိုတာ စဉ်းစားလာမယ် ဒါသေချာတယ်။ အရင်တုန်းကတော့
ယောက်ျားယူဖို့ လုံးဝဂရုမစိုက်ဘူး၊ အခုတော့ နင်ကောင်းကောင်း
စဉ်းစားလာပြီပေါ့။

ငါသိပါတယ် ဘာကြောင့်လဲဆိုတာ၊ ပြဿနာက ယောက်ျားလေးတွေမှာ မဟုတ်ဘူး၊ နင့်ဆီမှာ။

၁။ နင်ကဒေါသထွက်နေတယ်၊ ဒေါသထွက်နေမှန်း ကိုယ့်ကိုယ်ကို မသိဘူး။
နင့်ကိုနင် အလွန်စမတ်ဖြစ်တယ် ယောက်ျားတွေထက် တော်တယ်ထက်တယ်လို့ ထင်နေတာဟာ
နင့်ကို ဘောင်ခတ်လိုက်သလို ဖြစ်နေတယ်။ အမှန်တော့ ယောက်ျားအများစုဟာ
သူတို့အပေါ် သဘောကောင်းမဲ့ မိန်းမကိုပဲ လက်ထပ်ချင်ကြတယ်လေ။
မိန်းမတွေရဲ့ဒေါသမာနဟာ ယောက်ျားလေးတွေကို ကြောက်စေတယ်။ ဟုတ်ပါတယ်
ငါပြောနေတဲ့ပုံစံက မိန်းမတစ်ယောက် ယောက်ျားရဖို့အတွက်
ကိုယ့်အပေါ်ကြောက်စိတ်တွေ မရှိအောင် ကြိုးစားပြီးနေရမလို ဖြစ်နေတယ်။

"ချစ်သူ ဖတ်မိပါစေ "

 
 
ဘ၀ကို Time Table ဆွဲထားလို့မရဘူး
ငါက Robot ဆိုရင် မင်းကြိုက်သလို
Remote Control နဲ့ထိန်းချုပ်နိုင်ပေမယ့်
ငါဟာတစ်ကယ်တော့ အသည်းနှလုံးပါတဲ့
လူသားစစ်စစ်ပါ.....

ပန်းသီးတစ်လုံးကိုထုတ်ပြပြီး စားမလားလို့မေးတယ်
အင်း ဆိုတော့ ဘုရားဆွမ်းတော်ကပ်လိုက်ဦးမယ်တဲ့
ပြီးတော့ပြောသေးတယ်ဆွမ်းတော်စွန့်ပြိးကျွေးမယ်တဲ့
လူဆိုတာတ်ခါလိမ်ခံရရင် သေထိအောင်စွဲတတ်တယ်
ဒါကိုမင်းသိထားပါ....

ဘာတဲ့....... မှတ်မိသေးတယ်
ဖြစ်နိုင်ရင် ညီမနဲ့အတူနေချင်တယ်
ဒါပေမယ့် အိပ်မက်လို့သာ သဘောထားလိုက်ပါတဲ့
ခေါက်ဆွဲကြော်တစ်ပွဲကိုကျွေးမယ်လုပ်ပြီး ပါးစပ်နားရောက်မှ ပူလို့မကျွေးတော့ဘူးတဲ့
ကောင်းရောကွာ....

ကဗျာရေးလိုက်တိုင်းသတိရတယ်
သတိရတိုင်းငိုမိတယ်..
ဘ၀အတွက်ပညာရှာရင်း
ခဏနဲ့ပဲဖယ်ခွာရှောင်ခဲ့တာ
အိပ်နေတာကိုလှုပ်နှိုး
မျက်နှာသစ်ပြီးမှ
မနက်စာမစားရတဲ့လူတစ်ယောက်လို

" ဟာဒယ (၁) "

 
ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။

အထင်နဲ့အမြင်

ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်

ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..

သူ့လက်ရာ

ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်

" စာပေဟောပြောပွဲစုစည်းမှု ( ၁၃၇ ) ပုဒ် " ( စာအုပ်များ )

စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?wi1dhp8mhjtxc4y
သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်) (ချစ်ဦးညို)
http://www.mediafire.com/download.php?2nn3nid9e7gbhol
ကျွန်တော် ခံစားမိသလို ပြောဆိုပါမည်-၂ (မြောင်းတကာ) (ချစ်ဦးညို)
http://www.mediafire.com/download.php?x5i3uc6di0za504
သို့ မော်လမြိုင်၊ မှ ချစ်ဦးညို (ချစ်ဦးညို)
http://www.mediafire.com/download.php?b55jazp97sefsb1
ကျွန်တော်ခံစားမိသလို ပြောဆိုပါမည် (မြင်းခြံ) ချစ်ဦးညို
http://www.mediafire.com/download.php?wke7oomteuxtbve
သို့ အုန်းနှဲ၊ မှ ချစ်ဦးညို (ချစ်ဦးညို)
http://www.mediafire.com/download.php?5upd6c2x3rp2ykq
သို့ တောင်ငူမှ ချစ်ဦးညို (တောင်ငူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?jjm5xjo907bjwdp
ဇရပ်ကုန်းအတွက် စာပေလက်ဆောင် (မြောင်) (ချစ်ဦးညို)
http://www.mediafire.com/download.php?o0lalnk361os761
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (အသုတ်) (ချစ်ဦးညို)
http://www.mediafire.com/download.php?tu7fj0rntr7n0wj
နည်းပညာ (ရွှေည၀ါ) (ချစ်ဦးညို)
http://www.mediafire.com/download.php?hkh30ksqke9039m
အဘိဓမ္မာမှ ပေးသော ဘ၀အမြင် (ရွှေည၀ါ) (ဒေါင်တာမင်းတင်မွန်)
http://www.mediafire.com/download.php?tcbrgdgcq3rn9de
တန်ဖိုးရှိတဲ့လူ (မော်လမြိုင်) (အတ္တကျော်)
http://www.mediafire.com/download.php?04q82w7hiwxs97k
အမွေ (YMCA) (အောင်သင်း)
http://www.mediafire.com/download.php?vg52kxtf5my0bnc
ခေါင်းဆောင်ဆိုတာ (အောင်သင်း)
http://www.mediafire.com/download.php?2p82p2f1a6d5280
လက်ခံလိုက်စမ်းပါ (စာပေလောက) (အောင်သင်း)

November 10, 2015

"ခြေ ခြောက်ချောင်း ( ပုရစ်) မွေးမြူရေး နဲ့ ထိုင်းနိုင်ငံ"

                                      
၁။ မွေးမြူတဲ့ပုရစ်အမျိုးအစား
 ထိုင်းတို့ စစချင်း မွေးမြူခဲ့ကြတာ  ဒေသခံ ပုရစ် ၃ မျိုးပါ။ (Gryllus bimaculatus DeGeer/ Teleogryllus testaceus Walker and T.occipitalis (servile) ) ဆိုတဲ့မျိုးစိတ်တွေပါပဲ ။ နောက်မကြာခင် အမေရိကန် နိုင်ငံက အိမ်ပုရစ်မျိုးတမျိုးဖြစ်တဲ့ ( sading (Acheta domesticus L.) တမျိုးကို  ထိုင်းနိုင်ငံမှာ အစားထိုး မွေးခဲ့ကြည့်ရာမှာ အဲဒီပုရစ်မျိုးတွေက အရသာလည်းရှိတာ အကောင်ပိုထွား  ဥချများသလို ဥပေါက်နှုံးလည်း ကောင်းတာမို့  တွင်ကျယ်ခဲ့ပြီး အခုဆိုရင် အဲဒီမျိုးတွေချည်း မွေးမြူကုန်ကြပါပြီ။

၂။ ဘယ်လိုမွေးကြမလဲ။
က။ ပုရစ်လှောင်ကန်များ
ပုရစ်မွေးတဲ့သူတွေက သူတို့လုပ်ငန်းအကြီး အလတ် အငယ်တို့အလိုက်  ပုရစ်ခြံ (သို့) လှောင်ကန် (၃)မျိုး ကို သုံးပြီး မွေးကြပါတယ်။ 

ပထမတမျိုးက ရေဓါတ်ခမ်းခြောက်မှုကို ထိန်းပေးနိုင်တဲ့ ကွန်ကရစ်လှောင် ကန်အမျိုးစားတွေ ပါ။အ၀ိုင်းသဏ္ဍန် ကွန်ကရစ် တဖက်ပွင့်ရေပိုက်ကြီးတွေပါ။ ယေဘူယျ အချင်းဝက် ၈၀ စင်တီမီတာ အမြင့် ၅၀ စင်တီရှိပါတယ်။ အဲဒီထဲကနေမှာ ပုရစ်အကောင် ၂ -၄ ကီလို မွေးမြူထုတ် လုပ်ရောင်းချနိုင်ပါတယ်။ အသေးစား မွေးမြူရေးသမားလေး တယေက်အတွက်တော့  အဲဒီလိုလှောင် ကန်မျိုး အခု(၂၀)ကနေပြီး

" မဲရလဒ်တွေကို ၂ ပတ်အတွင်း အပြီး ကြေညာမယ်"


တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြော။ 
 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်တွေကို တခြား နိုင်ငံတွေထက် မြန်အောင် ၂ပတ်အတွင်း အပြီး ကြေညာမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တဲ့ ဖြစ်စဉ်တွေကို ၁၅ ရက်အတွင်း တိုင်ကြားရင် စုံစမ်း စစ်ဆေးမယ်လို့လည်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ တရားမဝင် မဲဆွယ်တာ၊ မဲရုံမှူး လက်မှတ် မပါဘဲ မဲပေးတာ၊ မဲစာရင်းမှာ မပါဘဲ မဲပေးတာ အပါအဝင် တခြား ဖြစ်စဉ် အားလုံးဟာ ၀.၁၁၉ ပမာဏပဲ ရှိတဲ့အတွက် မဲရုံ ၁၀၀၀ မှာ ၁ ရုံပဲ ဖြစ်တာမို့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ယှဉ်ပြိုင်တဲ့ လားရှိုးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံတဲ့ ကြိုတင်မဲတွေ ထပ်ရောက် လာခဲ့တာနဲ့ ပတ်သက်သက်လို့ NLD ပါတီနဲ့ ကျားခေါင်း ပါတီလို့ ခေါ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့က ကန့်ကွက်ခဲ့ ပါတယ်။

ဒါပေမယ့် ရှမ်းပြည် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ ဦးနှစ်ဆန်းဦးကတော့ လားရှိုး အခြေစိုက် တပ်ရင်း တပ်ဖွဲ့တွေနဲ့ မိသားစုတွေက ထည့်တဲ့ ကြိုတင်မဲတွေဟာ လုပ်ထုံးလုပ်နည်း ဥပဒေအရ မှားယွင်းမှု မတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပေးပို့လာတဲ့ ကြိုတင်မဲ ၄၀၀၀ လောက်ရှိပြီး ၃၅၀၀ ကျော် ဟာ ပြည်ထောင်စု
Subscribe

လာလည်သူများ

free counters