♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 16, 2015

"နေ့စဉ် ကွန်ပျူတာ သုံးစွဲသူများ သတိပြုရန် "

နေ့စဉ် ကွန်ပျူတာ အသုံးပြုသူတွေ အနေနဲ့ ကီးဘုတ်နဲ့ မောက်(စ်) ကိုင်တွယ်တဲ့ လက်အနေအထား မမှန်ရင် လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ် တယ်လို့ ဆိုပါတယ်...

အဲဒီလိုရောဂါမျိုး ဖြစ်လာရင် သာမာန် အနေအထားနဲ့ ကုသလို့ မပျောက်ကင်းရင် ခွဲစိတ် ကုသမှုတွေ လုပ်ရတယ်လို့ သိရပါတယ်...

အောက်ပုံတွေထဲက အချို့ကတော့ ကွန်ပျူတာ အသုံးပြုရာမှာ လက်အနေအထား မမှန်လို့ CTS ရောဂါရပြီး ခွဲစိတ် ကုသမှုတွေ လုပ်ရတဲ့ ပုံတွေလို့ ဆိုပါတယ်...

လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ ဒီလို ရောဂါမျိုးတွေ မဖြစ် ရလေအောင် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ပုံတွေမှာ ပြထားတဲ့ အတိုင်း လက် အနေအထား မှန်ကန်စွာနဲ့ အသုံးပြုရမယ်လို့ အကြံပြုထားပါတယ်....။

(ဖြည့်စွက်ချက်။ ။CTS ရောဂါဆိုတာ လက်ကောက်ဝတ်/လက်မျက်ရိုးနေရာက အာရုံကြောတွေကို အချိန်ကြာမြင့်စွာ ဖိထား၊ ခေါက်ထားရာက လက်အနေအထား မမှန်လို့ ဖြစ်ပေါ်လာတဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါ တမျိုးလို့ ဆိုပါတယ်... ဒီရောဂါဖြစ်လာရင် လက်ကောက်ဝတ်/လက်မျက်ရိုးနေရာတွေက နာကျင်တာ.. ထုံကျင်တာ.. တစစ်စစ် ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်.
 ဒီလို နာကျင် ကိုက်ခဲတာတွေဟာ လက်မောင်း၊ ပုခုံးနဲ့ လက်ပြင်နေရာတွေထိ ရောက်ရှိတတ်ပြီး နေရထိုင်ရ ခက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်... အများအားဖြင့် (ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ် အသုံးပြုတာတွေ အပါအ၀င်) အလုပ်လုပ်တဲ့အခါ လက်အနေအထား မမှန်တာတွေကနေ စတင်ဖြစ်ပွားပြီး... အခြားရောဂါ အကြောင်းအရင်း တွေနဲ့လည်း ဆက်စပ်နေတယ်လို့ Wikipedia ရဲ့ ဖော်ပြချက်အရ သိရပါတယ်... Carpal Tunnel

November 15, 2015

"ဒံပေါက် ၊ အုန်းနို. ၊ မျှစ်ချဉ် ၊ တညင်းသီး ၊ မကျီးသီး တို.အန္တရာယ်ကင်းအောင် စားနည်း"

 
အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင် ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည် များကို အရင်သောက် ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ် ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်း ပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲ နေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ် ထဲသို့ သံပုရာရည် အနှံ့ ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။
သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွား ပါသည်။

၎။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ် ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။ ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာ ပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက် သလို သုပ်စားပါ။

၅။အထက်အညာ ဒေသ အိမ်ရှင်မ များသည် မန်းကျည်းသီး စိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ ရှိပါသည်။ မန်းကျည်းသီးပွေး ညိုညစ်ညစ် များကို ဓားနှင်.ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြား ကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွ လာလျှင် မီးဖိုမှချ၍

"ပျိုပျို အိုအို တို့ အိမ်ထောင်မပြုခင် ဖတ်ရူသင့်တဲ့ မှတ်စု"

 
ကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊ သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပြီး ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာတဲ့နောက် အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။ အဲလိုပဲ ကျွန်မလည်း အလုပ်အသစ်တစ်ခုပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။

မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ညဥ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊ ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ ဖိအားတွေကြောင့် ညတိုင်းလိုလို အိပ်မပျော်ခဲ့ရပါဘူး။


ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားကတော့ ပုံမှန်ရုံးတက်မပျက်ခဲ့ရပါဘူး။ ကျွန်မပုခုံးပေါ်မှာ ကျရောက်လာတဲ့ သားလေးရဲ့ တာဝန်ရယ် ညဉ့်နက်သန်းခေါင် ကလေးငိုလို့ နို့တိုက်ရင်း ညစာစားပွဲကနေ ပြန်လာတဲ့ယောကျာ်းအတွက် သူအ၀တ်လဲဖို့ ရေချိုးဖို့ အဆာပြေစားဖို့ပြင်ခဲ့ရပါတယ်။
သားလေး လေးလအရွယ်ရောက်တော့ အမျိုးသားဟာ အမေရိကန်မှာ သင်တန်းတက်ဖို့ အခြေအနေ တစ်ခုဖန်လာခဲ့ပါတယ်။ အခွင့်ရေးကောင်းတစ်ခုဖြစ်နေပေမဲ့ ကျွန်မသူ့ကို လက်လွှတ်ခိုင်းခဲ့ပါတယ်။

အဲဒီအတွက် ကျွန်မတို့တွေ အတိုက်အခံဖြစ်ခဲ့ကြပါတယ်။ ကျွန်မမျှော်လင့်တာက ဒီအတောအတွင်း အရမ်းပင်ပန်းနေတဲ့ ကျွန်မကို သူအဖေါ်လုပ်ပေးတာလိုချင်မိပါတယ်။ ကျွန်မ တကယ်ကိုလည်း ပင်ပန်းပါတယ်။ လသားကလေးရယ် ခုမှ ပြောင်းလိုက်တဲ့ အလုပ်အသစ်ရယ်ကြောင့် ကျွန်မမှာဖိအားပိုလာခဲ့ပါတယ် ။ ဒီ ၄ လလောက်အတွင်း ကျွန်မလည်း တ၀က်လောက်ပိန်ကျသွားခဲ့ပါတယ်။ အလုပ်မလုပ်လို့လည်းမဖြစ်တဲ့အတွက် ကျွန်မအလုပ်ကိုလည်း မထွက်နိုင်ခဲ့သလို ကျောထောက်နောက်ခံမိသားစုကောင်းလည်း မရှိနေတဲ့အတွက် သားလေးတာဝန်ဟာလည်း ကျွန်မပုခုံးပေါ် လုံးလုံးကျရောက်နေခဲ့ပါတယ်။

ဒီလိုအခွင့်ရေးကို စွန့်လွှတ်ဖို့ ပြောလိုက်တဲ့အတွက် သူကျွန်မကို အပြစ်တင်ခဲ့ပါတယ် ။ ကျွန်မဟာ သူ့တက်လမ်းကိုပိတ်ပင်တဲ့

"၁၀ နှစ်ခန့် နုပျိုသွားစေနိုင်မည့် အပြုအမူ ၁၀ ခု"

ကိုယ်ရဲ့စိတ်က နုပျိုနေသလောက် ကိုယ်ကပါ နုပျိုနေဖို့ အချိန်တွေ၊ ငွေတွေ အများကြီး အသုံးပြုရမယ်လို့ ထင်နေပါသလား။  မလိုပါဘူး။ ကိုယ့်ရှိရင်းစွဲ     အသက်ထက် ဆယ်နှစ်လောက် ပိုငယ်တယ်လို့ ထင်စေနိုင်တဲ့ နည်းတွေ ရှိပါတယ်။ အချိန်မကုန်၊ ငွေမကုန်ဘဲ ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေပါ။

(၁) လက်သည်းနီ ဆိုးခြင်း  

လူအများစုက အမျိုးသမီးတွေရဲ့ လက်သည်းကို ကြည့်ပြီး အသက်အရွယ် ခန့်မှန်းတတ်ကြပါတယ်။ လက်သည်းနီ မဆိုးတတ်သူတွေကတော့ ခြွင်းချက်ပေါ့လေ။ လက်သည်းနီ ဆိုးထားတဲ့ အမျိုးသမီးတွေသာ ပါတဲ့ ဓာတ်ပုံကို ကြည့်ပါက လူအများစုက ထိုလက်သည်းပိုင်ရှင် အမျိုးသမီးကို လူငယ်လို့ပဲ ထင်တတ်ကြပါတယ်။ နောက်ပြီး လက်သည်းနီ အရောင်လှလှ ဆိုးထားပါက တစ်ဖက်လူရဲ့ အာရုံက လက်သည်းဆီပဲ ရောက်သွားတာကြောင့် ရုပ်ရင့်နေတာကို သတိ မထားမိတော့ပါဘူး။

(၂) မတ်မတ်ရပ်ခြင်း  

ခေါင်းရော၊ ပခုံးပါ မတ်မတ်ရပ်ပါက လူကိုအမြင်မှာ ပိန်သွားစေနိုင်သလို အသက်ငယ်သလိုလည်း ထင်ရစေပါတယ်။ ကျွန်မတို့ အားလုံးဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ခါးကုန်းလာတာကြောင့် ခါးကုန်းနေရင် အသက်ကြီးနေပြီလို့ သတ်မှတ်တတ်ကြပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုသယောင် ဖြစ်စေအောင် ခန္ဓာကိုယ်ကို မတ်မတ်နေပါ။

(၃) အရောင်ရောစပ် ဝတ်ဆင်ခြင်း

အပေါ်အောက် အရောင်တူလွန်းအောင် အရမ်းသတိထားပြီး တွဲဝတ်တာမျိုးက ရှေးခေတ် ဒီဇိုင်းမျိုးပါ။ အရောင်တွေကို ရောစပ် ဝတ်ဆင်ပါမှ ဒိတ်မအောက်မှာပါ။ အစိမ်းနဲ့အဝါ၊ ပန်းရောင်နဲ့ခရမ်း၊ အညိုနဲ့အနက် စသဖြင့် ရောစပ်ဝတ်ဆင်ပါ။ အရောင်နုတွေကလည်း အရွယ်နုပျိုစေတာကြောင့် အရောင်နုနုလွင်လွင်လေးတွေ ဝတ်ပေးပါ။

(၄) လက်ဟန်ခြေဟန်နှင့် စကားပြောခြင်း

စကားပြောရာမှာ လက်ဟန်ခြေဟန်ပါ အသုံးပြုပြီး ပြောပါက ပိုပြီး စိတ်အားထက်သန်ကာ သွက်လက်ပုံ ပေါက်ပါတယ်။ ငယ်ရွယ်တဲ့သူတွေက သွက်လက် ဖျတ်လတ်ကြပါတယ်။ ဒါဟာ ငယ်ရွယ်သူတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူတွေပါ။ ဒါကြောင့် နုပျိုချင်ရင် အင်တိုက်အားတိုက် လက်ဟန်ခြေဟန် သုံးပြီး စကားပြောဆိုပါ။

(၅) နှုတ်ခမ်းနီ ပန်းရောင်ဆိုးခြင်း  

ကိုယ့်အသားအရောင်က ဘယ်လိုပဲ ဖြစ်နေပါစေ နှုတ်ခမ်းဆိုးဆေး ပန်းရောင် ပြောင်ပြောင်လေး ဆိုးထားပါက နှုတ်ခမ်းပြည့်ပြည့်လေး ဖြစ်ကာ ငယ်ရွယ် နုပျိုစေနိုင်ပါတယ်။ အင်ဂျလီနာဂျိုလီကိုပဲ ကြည့်ပါ။ သူ့နှုတ်ခမ်းဟာ

"နာနတ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို တိတိကျကျ သိနားလည်မှု ရှိစေဖို့အတွက် ရေးသားလိုက်ရပါတယ်"


 


(၁) နာနတ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဘရိုမီလိန်း (Bromelain)ပါဝင်တာကြောင့် ဂေါက်အဆစ်
အမျက်ရောင်နာ၊ အဆစ်အမျက်ရောင် ရောဂါ၊ လည်ချောင်းနာတာနဲ့ နှာခေါင်း ကလိုင်ရိုး ရောင်ရမ်းမှုတို့ကြောင့်
 ဖြစ်ရတဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၂) နာနတ်သီးမှာ ဗီတာမင်စီနဲ့ မဂ္ဂနိစ်တို့ အများအပြား ပါဝင်နေပါတယ်။

(၃) နာနတ်သီးမှာ ဆာလဖာများစွာ ပါဝင်တာကြောင့် အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၄) နာနတ်သီးဟာ ရိုးရိုးခွဲစိတ်ကုသမှု၊ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အနာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ ဆက်စပ်နေတဲ့ တစ်သျှူးပြုပြင်မှုတို့ကို ကောင်းမွန်စေပါတယ်။

(၅) နာနတ်သီးဟာ သွေးအားနည်းရောဂါနဲ့ သွေးကြောကျဉ်းရောဂါတွေကို ကုသရာမှာ အစွမ်းထက်ပါတယ်။

(၆) နာနတ်သီးဟာ နမိုးနီးယား အဆုတ်ရောင်တာနဲ့ လေပြွန်ရောင်တာတွေကြောင့် နာမကျန်းဖြစ်နေသူတွေမှာ လေပြွန် ကြည်လင်စေပါတယ်။

(၇) ခွဲစိတ်ကုသမှု ခံယူပြီးချိန်နဲ့ အားကစားကြောင့် ထိခိုက်ဒဏ်ရာ ရပြီးချိန်တွေမှာ ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

(၈) နာနတ်သီးက အရိုးတွေ ကျန်းမာနေအောင် တည်ဆောက်ရာမှာ ကူညီပါတယ်။

(၉) နာနတ်သီးက ခံတွင်းကျန်းမာရေးကို ကောင်းစေပြီး သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) နာနတ်သီးမှာ ပြည့်ဝဆီ၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်ပါဝင်မှု လျော့နည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပါတယ်။

(၁၁) နာနတ်သီးက ခန္ဓာကိုယ်တွင်းက ဂလင်းတွေကို ဟန်ချက်ညီစေပြီး လည်ပင်းကြီးရောဂါကို သက်သာစေပါတယ်။

" နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း"


post-imageနိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ သောကြာနေ့တွင် အဘဦးမောင်ဖြိုး၊ အမိဒေါ်ခင်ညွှန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက်အငယ်ဆုံး ဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ဖြစ်သည်။ ဆင်းရဲသော ကျေးလက်မိသားစုဘ၀တွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေးထောက်ပံ့မှုဖြင့် ပညာရေးကိုကြိုးစားသင်ယူခဲ့သည်။မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများဆင်းရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက(၁) ပုသိမ်နှင့် ပြင်ခရိုင်၊ ချောင်းဝအလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက(၁) ပုသိမ်တွင် တက်ရောက်သင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအားသင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ၀င်ခွင့်ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ်(၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A(DSA) ဘွဲ့ကို ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှသင်တန်းဆင်းပြီး ရှမ်း(၁) တွင်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၆ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ(၁၀၉) နှင့် ခလရ(၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။
၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သားသမီးသုံးဦး ထွန်းကားခဲ့သည်။
၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ချီးမြှင့်ခြင်းခံရ သည်။ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့် ခန့်ထားခြင်းခံရသည်။ ၁၉၉၇ ခုနှစ်တွင်ပင် ဗိုလ်ချုပ်ရာထူးရရှိခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ စစ်ရေးချုပ်တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး(၁) တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာလတွင် တရားဝင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူများထံ အစိုးရ အကြီးအကဲများထဲမှ ပထမဆုံးသွားရောက်သူဖြစ်ပြီး အမျိုးသားသဘာဝဘေးကာကွယ်တားဆီးရေးဗဟိုကော်မတီ၏ ဥက္ကဌတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။
၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၍ နိုင်ငံတော်အနာဂတ်ဆောင်ရွက်ချက်များအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ဆန္ဒဖြင့် ၎င်း၏အစိုးရသက်တမ်းကာလအတွင်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

"အချစ်၏ အောင်မြင်ကျော်ကြား လူကြောက်များသော အရည်ချင်း(ဆုမြတ်မွန်မွန်) "



စာအုပ်အမည် - အချစ်၏အောင်မြင်ကျော်ကြားလူကြောက်များသောအရည်ချင်း
စာရေးသူ - ဆုမြတ်မွန်မွန်
Subscribe

လာလည်သူများ

free counters