မြင်တွေ့ ရပြီးနောက် မှင်တက်သွားခဲ့ပါတယ်။
အမျိုးသမီးဖြစ်သူ Jane Keast ဟာ ကြက်ဥအကြီးကြီးတစ်လုံးကို ဒယ်အိုးထဲ ဖောက်ကြော်စဉ်မှာ နောက်တစ်လုံးထွက်လာတယ်လို့ ခင်ပွန်းဖြစ်သူ Chris Keast ကို ပြောပြခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက သူမနောက်နေတယ်ထင်ပြီး မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ဒယ်အိုးပေါ်က ကြက်ဥနောက်တစ်လုံးကို တွေ့ ပြီးမှာတော့ Chris ဟာ သူ့ ရဲ့ဖုန်းကို အပြေးယူပြီး ဒီရှားပါးဖြစ်စဉ်ကို အမိအရမှတ်တမ်းတင်ခဲ့ပါတယ်။ ကြက်ဥ အတွင်းထဲ က ထွက်လာတဲ့ကြက်ဥဟာ ၂ ပဲနိ အကြွေစေ့တစ်စေ့လောက်သာရှိပြီး အခွံက လုံးဝ ပျက်စီးမှုမရှိသေးဘူးလို့ ဆိုပါတယ်။
Jane ဟာ အဆိုပါကြက်ဥကို ဖောက်ကြည့်ခဲ့ရာမှာတော့ အထဲမှာ အနှစ်မပါဘဲ၊ အကာဘဲ ပါရှိတာကို တွေ့ ရှိခဲ့ရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ဒီရှားပါးဖြစ်စဉ်ဟာ သဘာဝရဲ့ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး ကြက်မ ဥဥနေတုန်း လန့် ဖျပ်ခြောက်ခြားသွားရင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူ၊ အသက် ၆၀ အရွယ် Chris က “ ကျွန်တော်တို့ မှာ ကြက် ၁၉ ကောင်ရှိပြီး အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေကို ကြက်ဥရောင်းပါတယ်။ တစ်ညနေ
