♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 10, 2016

"တရုတ်နှစ်သစ်ကူး ယုံကြည်မှု အချို့ ကို လေ့လာကြည့်ကြရအောင်"

 
Gerrard Street, in the Chinatown district of London ahead of celebrations to mark 
Chinese New Year on February 14th
 
ကမ္ဘာပေါ်က မြို့ တိုင်းနီးပါး မှာ တရုတ်တန်း (Chinatown) ဆိုတာ ရှိပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် တရုတ်လူမျိုးတွေရဲ့  ရိုးရာ ယဉ်ကျေးမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိနေတယ်ဆိုတာကိုပါ။ ဒီနှစ်မှာတော့ တရုတ်နှစ်သစ်ကူး ပွဲတော်နေ့ဟာ ဖေဖော်ဝါရီ ၈ ရက် မှာ ကျရောက်ခဲ့ပါတယ်။ ဒီနှစ်ဟာတော့ ဆိတ်နှစ်ကို နှုတ်ဆက်ပြီး မျောက်နှစ် ကို ကြိုဆို ဂုဏ်ပြုကျတာပါ။တရုတ်နှစ်သစ်ကူး ပွဲတော်ဟာ အားလုံးသိတဲ့အတိုင်း တရုတ်ရိုးရာ ယုံကြည်မှုတွေကို လုပ်ဆောင်ကျင်းပကြခြင်းဖြစ်ပါတယ်။ အဲဒီလို ယုံကြည်မှုတွေထဲကမှာ သင့်အနေနဲ့လည်း ယုံကြည်ဖို့ ကြိုးစားသင့်တဲ့ နှစ်သစ်ကူး ပွဲတော်ရက်အတွင်း လိုက်နာသင့်တဲ့ ယုံကြည်မှု အချို့ ရှိနေပါတယ်။ ဘာတွေများလဲဆိုတာ လေ့လာကြည့်ကြရအောင်။

၁။ အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့
တရုတ်နှစ်သစ်ကူးပွဲတော် ကာလအတွင်း အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့။ အဲဒါဟာ တစ်နှစ်တာလုံးအတွက် သင့်ဆီရောက်လာနိုင်တဲ့ ကံကောင်းခြင်းတွေကို လှည်းထုတ်လိုက်တဲ့ သဘောကို သက်ရောက်သွားပါတယ်။

၂။ အကြွေးတွေအားလုံးကို ပြန်ဆပ်လိုက်ပါ
နှစ်အစ မှာ အကြွေးရှိနေခြင်းဟာ ကံမကောင်းခြင်းတွေကို ဖြစ်စေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။

၃။ နှစ်သစ်ကူးပွဲတော်ရက်အတွင်း ဆံပင်မညှပ်ပါနဲ့
ဒါဟာလည်း တံမြက်စည်းလှည်းတဲ့ ယုံကြည်မှုလိုပါပဲ။ ကံကောင်းခြင်းတွေကို ကိုယ့်ဆီက ဖယ်ရှားပစ်လိုက်သလိုဖြစ်
သွားတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်နေကြပါတယ်။

၎။ ခေါင်းမလျှော်ပါနဲ့
ဒါလည်း အထက်ပါ ယုံကြည်မှုများလိုပါပဲ။ ခေါင်းလျှော်ခြင်းဟာလည်း ကံကြမ္မာ ကို လျှော်ဖွပ်လိုက်သလို ဖြစ်သွားစေနိုင်

" သင့်ရဲ့ အသည်းပုံမျက်နှာက ပြောပြနေတဲ့ သင့်အကြောင်း "

 
ချစ်သူများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Wisdom of your face စာအုပ်ရေးသားသူ Jean Haner က နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့တဲ့ တရုတ်ဆေးပညာကို အခြေခံပြီးဆင့်ပွားရရှိလာတဲ့ နည်းစနစ်များအရ အသည်းပုံမျက်နှာကနေ သိနိုင်တဲ့ အကြောင်းအရာတွေကို ပြောပြထားပါတယ်။ အသည်းပုံမျက်နှာဆိုတာ ယေဘုယျအနေနဲ့ပြောရရင် မျက်နှာပြင် အလယ်ပိုင်းက အကျယ်ဆုံး ဖြစ်ပြီး ပါးရိုးတလျှောက်ကနေ အနည်းငယ်ချွန်နေတဲ့ မေးစေ့ဆီကို လျှောဆင်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နဖူးပြင်ကျယ်ပြီး မေးစေ့မှာ ကျဉ်းသွားတဲ့ ပုံစံလည်းဖြစ်နိုင်ပါတယ်။ ဒီလို မျက်နှာပိုင်ရှင်တွေရဲ့ အကြောင်းတွေကတော့-

(၁) လူတွေက ကိုယ့်ကို  အလိုလိုနှစ်သက်လာစေနိုင်တဲ့ ဆွဲဆောင်ညှို့ငင်နိုင်တဲ့ သံလိုက်ဓာတ်ရှိပါတယ်။
(၂)အရမ်းကို ကြင်နာတတ်ပြီး တခြားသူတွေကို ထူးထူးခြားခြား ခံစားရအောင် လုပ်နိုင်စွမ်းရှိပါတယ်။
(၃)သူများကို လှုံ့ဆော်နှိုးဆွရတာကို နှစ်သက်ပြီး ကိုယ်တိုင်လည်း ပျင်းပျင်းရိရိ မနေတတ်ပါဘူး။
(၄)ကိုယ့်ကိုယ်ကိုယ် အမြဲ အထင်ကြီးတတ်ပါတယ်။
(၅)ကိုယ့်ကို ဝေဖန်တာကို မကြိုက်တတ်ပါဘူး။
(၆)ဖန်တီးနိုင်စွမ်းမြင့်ပြီး ကိုယ့်အစွမ်းကို သူများသိအောင်လည်းပြတတ်ပါတယ်။
(၇)သူများတွေထက် ထင်ပေါ်ကျော်ကြားလိုစိတ်ရှိတယ်။
(၈)သူတစ်ပါးက ပစ်ပယ်ထားမှာကို ကြောက်တတ်ပါတယ်။
(၉)စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်မျိုးကိုပဲ နှစ်သက်ပါတယ်။
(၁၀)စိတ်ဆတ်ပြီး စကားပြောတဲ့အခါမှာ သူများကို ဘယ်လိုထိခိုက်သွားစေမလဲဆိုတာအရင်မစဉ်းစားဘဲ

" အဆစ်ရောင်ရောဂါကြောင့် ဒူးနာသူများ ဒူးအစားထိုးခွဲစိတ်ကုသခြင်းက သိသာစွာသက်သာစေနိုင် "

 
အရိုးအဆစ်ရောင်ရောဂါနှင့် အဆစ်မြစ်ရောင်ရောဂါ RA ရှိသူများတွင် ဒူးအစားထိုးခွဲစိတ်ကုသခြင်းက ဒူးနာခြင်းကို သိသာစွာသက်သာစေပြီး ခြေထောက်လှုပ်ရှားမှု ပိုမိုကောင်းမွန်စေကာ လူနာ၏ဘ၀ အရည်အသွေးကိုတိုးတက်စေသည်ဟု သုတေသနသစ်တစ်ခုတွင် ဖော်ပြသည်။ ခွဲစိတ်ကုသခြင်းက လူနာငယ်ရွယ်စဉ် အချိန် (သို့) အဆစ်ရောင်ခြင်း မဖြစ်မီ အချိန်ကကဲ့သို့ ပြန်လည်ကောင်းမွန်ရန် မတတ်နိုင်သော်လည်း လူနာအား ရောဂါနုစဉ်ကကဲ့သို့ အခြေအနေမျိုး ပြန်လည်ရရှိရန် အချိန်ယန္တရားတစ်ခုသဖွယ် စွမ်းဆောင်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။ ထိုလေ့လာမှုတွင် ဒူးအရွတ်စုတ်ပြဲခြင်းကြောင့် အများဆုံးဖြစ်တတ်သည့် အရိုးဆစ်ရောင်ရောဂါသည် ၃၁၅ ဦးနှင့် ခုခံအားစနစ် မူမမှန်မှုကြောင့် ဖြစ်ပွားသည့် အဆစ်အမြစ်ရောင်ရောဂါသည် ၈၃၄ ဦးအား ခွဲစိတ်မှုမပြုမီ ၆ လအကြာက နာကျင်မှုအခြေအနေနှင့် ခွဲစိတ်ပြီး ၆ လကြာအခြေအနေတို့ကို လေ့လာခဲ့သည်။

ဒူးအစားထိုးခွဲစိတ်မှုမှာ ကမ္ဘာပေါ်တွင် လူနာ၏ ဒူး၊ ခြေသလုံးနှင့်ပေါင်ရှိ ထိခိုက်ပျက်စီးနေသော အရိုးနှင့် အရွတ်များကို ဖယ်ထုတ်ကာ သတ္တု၊ ပလတ်စတစ်များဖြင့်ပြုလုပ်ထားသော အစိတ်အပိုင်းတုများဖြင့် အစားထိုးခြင်း ဖြစ်သည်။ အခြားခွဲစိတ်မှုများကဲ့သို့ပင် ဒူးအစားထိုးခွဲစိတ်ရာတွင် သွေးခဲခြင်းနှင့် ရောဂါပိုးဝင်ခြင်းအန္တရာယ်များရှိပြီး ခွဲစိတ်မှုများတွင် အဆစ်များ နေရာလွဲသွားသဖြင့် ပြန်လည်ခွဲစိတ်ရခြင်းများလည်းရှိသည်။ အိုမာဟာရှိ နီဘရက်စကာတက္ကသိုလ် ဆေးပညာ
စင်တာမှ အဆစ်ရောင်ရောဂါ သုတေသနပညာရှင် မီချတ်နှင့်အဖွဲ့က ပြုလုပ်သည့်သုတေသနတွင် လူနာအား အရိုးအ
ဆစ်ရောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်း ကွဲပြားမှုအပေါ် သက်ရောက်မှုခြားနားခြင်းရှိ၊မရှိ လေ့လာခဲ့ကြသည်။ ဒူးအစာထိုးခွဲစိတ်မှုအား ထိုရောဂါ ၂ မျိုးလုံးအတွက် ဒူးနာခြင်းကို သက်သာစေရန် ပြုလုပ်လေ့ရှိပြီး မည်သည့်ရောဂါ
အမျိုးအစားအတွက် ပိုမိုအကျိုးရှိနိုင်သည်ကို အငြင်းပွားနေဆဲဖြစ်သည်။

ဒူးအစားထိုးကုသပုံ ဘယ်လို ဘယ်ဝါ ဘယ်ပုံ ဘယ်ကဲ့သို့ ဘယ်လိုမျိုး ဘယ်အဆင့်ရှိတယ်ဆိုတာကို သိချင်ရင် ဟောဒီက
ဗီဒီယိုလေးကို ကြည့်ရှုနိုင်ပါတယ်။ ပညာရတာပေါ့...မြင်ဘူးတယ်ရှိသွားတာပေါ့...( ရောရောသမမွှေ )


လေ့လာမှုတွင် ပါဝင်သည့် လူ နာများမှာ အသက် ၆၀ ကျော် ကိုယ်အလေးချိန်များသူများဖြစ်ပြီး ပညာအ၇ည်အချင်း

" ရည်းစား လူလု ရင်ညွှန့် ကတ်ကြေးဖြင့်ထိုးခံရ "


တောင်ငူမြို့နယ် ဒိုးသောင်းကျေးရွာရှိ မယ်တော်ဘုရား ခြေရင်းတွင် ယနေ့ ညနေ ၃ နာရီခန့်က ကွမ်းယာရောင်းနေသော မ .... အား ၄င်းနှင့် ချစ်ကြိုက်နေသူ ကို .... က တခြားသူနှင့် ချစ်ကြိုက်ရကောင်းလားဟု တစ်ယောက်တစ်ခွန်း စကားများပြီး ကွမ်းယာဆိုင်ရှိ ၈ လက်မခန့်ရှိ ကတ်ကြေးဖြင့် ထိုးရာခဲ့ရာ မ .... ရင်ညွှန်းတွင် ထိုးသွင်း ဒဏ်ရာ (၁) ၀ဲလက်မောင်းတွင် ထိုးသွင်းဒဏ်ရာ (၄) ၀ဲနံဘေးတွင် ထိုးသွင်းဒဏ်ရာ (၄) နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ (၁) ၀ဲခါးတွင် ထိုးသွင်းဒဏ်ရာ (၂) ၀ဲပေါင်တွင် ထိုးသွင်းဒဏ်ရာ (၄) ချက် စုစုပေါင်း ဒဏ်ရာ (၁၆) ချက် ရရှိခဲ့ရာ အတွင်းလူနာအဖြစ် တောင်ငူဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရကြောင်း သိရှိရပါသည်။
တရားခံ ကို .... အား ဒိုးသောင်းကျေးရွာသား (၅) ဦးခန့်က ၀ိုင်းဝန်း လက်သီးဖြင့်ထိုး တုတ်ဖြင့်ရိုက်နှက်ရာ ၀ဲမျက်လုံး ဖူးရောင်ဒဏ်ရာရ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိပြီး အတွင်းလူနာအဖြစ်

February 9, 2016

" သေးစိမ့်အောင် ရယ်ချင်ရင် ကိုယ်ဝန်သည်ဟာသ ဗီဒီယိုလေးကိုသာ ကြည့်လိုက်ပါ "


Just For Laughs Gags အဖွဲ့သားတွေ စုပေါင်းပြီး လူတွေကို အရူးလုပ်ထားတဲ့ ဟာသတွေကို ကြည့်ပြီး စိတ်အပန်း
ဖြေချင်တယ်ဆိုရင် ဖြေနိုင်ပါတယ်.......
ယူတျူဗ်မှာကြည့်မှာ ကြည့်ချင်ရင်လဲ ကြည့်နိုင်ပါတယ်...ယူတျူဗ်လင့်က...
https://youtu.be/TIIo_pv_CP8

" သင့်ထက် ငယ်သူကို ရွေးသင့်တဲ့ အကြောင်းပြချက် (၅) ခု "

 
ကိုယ့်ထက် ငယ်ရွယ်သူချစ်သူကို ချစ်သူတော်ထားသူတွေမှာလည်း အားသာချက်တွေရှိပါတယ်။  တည်ဆောက်တဲ့နေရာမှာ အသက်အရွယ်ကလည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါတယ်။ အသက်အရွယ်အလိုက် ဆက်ဆံရေးဟာ အပြောင်းအလဲ ဖြစ်စေတက်တယ် ဆိုတာ အသေအချာပါ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက နှစ်ဦးလုံးရဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဘာကြောင့် ကိုယ့်ထက်ငယ်သူကို ချစ်သူအဖြစ် ရွေးသင့်သလဲ၊ ဒါမှမဟုတ် ကိုယ့်ထက် ငယ်သူကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းပြချက် (၅) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 ၁။ သင်က သြဇာရှိမယ်။ သူ့အပေါ် သြဇာလွှမ်းတာမျိုး မဟုတ်ရင်တောင် ဖြန်သန်းထားတဲ့ အတွေ့အကြုံတွေအရ သင့်ရဲ့သြဇာသူ့အပေါ် အထိုက်အလျှောက် ရှိနေမှာပါ။

 ၂။ သင့်ကို လွတ်လပ်ခွင့် အထိုက်အလျောက် ပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတာ သူလည်း လူငယ်ဖြစ်လို့ လွတ်လပ်မှုကို ကြိုက်လို့ပါ။

 ၃။ လူငယ်တွေနဲ့ သင်ပေါင်းခွင့်ရမယ်။ သူ့သူငယ်ချင်းတွေကလည်း လူငယ်တွေဖြစ်လို့ ငယ်ငယ်ကလို သင့်ရဲ့ စိတ်တွေပြန်ပြီး နုပျိုလာမယ်။

၎။ ထူးခြားတဲ့ အမြင်တွေရှိမယ်။ သင်နဲ့ မတူညီတဲ့ ခေတ်မှာ ကြီးပျင်းလာသူဖြစ်လို့ သူ့ရဲ့အမြင်တွေက သင့်အတွက် ထူးခြားနေမယ်။

 ၅။ ဖိအားတွေ ကင်းနေမယ်။ ငယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ပူစရာတွေ သူသိပ်မတွေးဘူး။ စိတ်ညစ်စရာတွေကို

" ကလေးငယ်များ ဆိုဖာပေါ်တွင် အိပ်စက်ရင်း ရုတ်တရက်သေဆုံးမှုအကြောင်း..."

 
အနောက်တိုင်းနိုင်ငံများတွင် ဆိုဖာပေါ်မှာ ကလေးငယ်များ အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များနဲ့ပတ်သက်ပြီး သုတေသနပြုကာ သတိပေးဖော်ပြချက်တွေကို ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း သတိထား သိရှိကြစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တစ်ယောက် အိပ်စက်ရာတွင် အန္တာရာယ်အရှိဆုံး နေရာတစ်ခုဟာ ဆိုဖာဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်အနေနဲ့ HealthDay News တွင် အခုလ အောက်တိုဘာ ၁၃ ရက်နေ့၊ တင်္နလာနေ့မှာ ဖော်ပြလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်ပေါင်း ၈၀၀၀ နီးပါး ဟာ အိပ်ပျော်နေရင်းသေဆုံးသွားကြပြီး ၎င်း တွင် ၁၂ % လောက်မှာ ဆိုဖာပေါ်တွင် အိပ်ပျော်ခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာ သုတေသနသမားတွေမှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကလေးငယ်များတွင် သုံးပုံတစ်ပုံနီးပါးလောက်မှာ မွေးကင်းစကလေးငယ်များဘဲဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။

မွေးကင်းစကလေးငယ်များ အိပ်ပျော်နေရင်း သေဆုံးသွားမှုဟာ ဆိုဖာနဲ့ ဆက်စပ်နေတယ်ဆိုတာက တကယ့်ကို တုန်လှုပ်စရာဖြစ်နေပါတယ်လို့ Kansas မြို့မှ တွဲဖက်စာရေးသူ Dr. Jeffery Colvin ( a pediatrician at Children’s Mercy Hospital) ကပြောဆိုထားပါတယ်။ကျန်းမာနေတဲ့ ကလေးငယ်တစ်ယောက် ဟာ အိပ်ပျော် နေရင်း ဒီလို ရုတ်တရက်သေဆုံးသွားရခြင်း ဟာ တကယ့်ကို ရှင်းပြဖို့အကြောင်းအရင်းမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် မိမိ တို့ရဲ့ကလေးငယ်တွေကို မိမိတို့ရဲ့ကျောတွင် ပိုးသိပ်ဖို့ မိဘတွေကို တိုက်တွန်းလိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စုတွင် ဒီလို ကလေးငယ်တွေ အိပ်ပျော်နေရင်း သေဆုံးသွားမှုနှုန်းဟာ ထက်ဝက်နီးပါးကို လျော့ချသွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူကြီးတွေအနေနဲ့ အသက်ရှုဖို့လွယ်ကူတဲ့ပတ်ဝန်းကျင်ဟာ ကလေးငယ်အတွက် အသက်ရှုဖို့ခက်ခဲတဲ့ပတ်ဝန်းကျင်ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တွေရဲ့ အဆုတ်ဟာ လူကြီးလိုမဖွဲ့ဖြိုးသေးတဲ့အတွက် အောက်ဆီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာ ရုတ်တရက်အသက်ရှုရပ်ပြီးသေဆုံးသွားနိုင်ပါတယ်။

ကလေးအတွက် အိပ်ခန်းဆိုတာ လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် သီးသန့်ပြုလုပ်ထားတဲ့ အခန်းဖြစ်သင့်ပြီး လူကြီးတွေရဲ့ ဆေးလိပ်ငွေ့၊မီးဖိုခန်းမှညှော်နံ့၊ကားလမ်းပေါ်မှ ဖှုန်နံ့၊အိပ်ဇောနံ့တို့နဲ့ အတတ်နိုင်ဆုံးကင်းဝေးတဲ့နေရာဖြစ်ရပါမယ်။မိဘအများစုနဲ့ ကလေးပြုစုသူတွေ သိထားသင့်တာက မွေးကင်းစကလေးငယ်တစ်ယောက်ရဲ့ အဆုတ်ဟာ လူတွေရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
Subscribe

လာလည်သူများ

free counters