Gerrard Street, in the Chinatown district of London ahead of celebrations to mark
Chinese New Year on February 14th
၁။ အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့
တရုတ်နှစ်သစ်ကူးပွဲတော် ကာလအတွင်း အိမ်မှာ တံမြက်စည်းမလှည်းပါနဲ့။ အဲဒါဟာ တစ်နှစ်တာလုံးအတွက် သင့်ဆီရောက်လာနိုင်တဲ့ ကံကောင်းခြင်းတွေကို လှည်းထုတ်လိုက်တဲ့ သဘောကို သက်ရောက်သွားပါတယ်။
၂။ အကြွေးတွေအားလုံးကို ပြန်ဆပ်လိုက်ပါ
နှစ်အစ မှာ အကြွေးရှိနေခြင်းဟာ ကံမကောင်းခြင်းတွေကို ဖြစ်စေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
၃။ နှစ်သစ်ကူးပွဲတော်ရက်အတွင်း ဆံပင်မညှပ်ပါနဲ့
ဒါဟာလည်း တံမြက်စည်းလှည်းတဲ့ ယုံကြည်မှုလိုပါပဲ။ ကံကောင်းခြင်းတွေကို ကိုယ့်ဆီက ဖယ်ရှားပစ်လိုက်သလိုဖြစ်
သွားတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်နေကြပါတယ်။
၎။ ခေါင်းမလျှော်ပါနဲ့
ဒါလည်း အထက်ပါ ယုံကြည်မှုများလိုပါပဲ။ ခေါင်းလျှော်ခြင်းဟာလည်း ကံကြမ္မာ ကို လျှော်ဖွပ်လိုက်သလို ဖြစ်သွားစေနိုင်
တယ်လို့ သိရပါတယ်။
၅။ အနီရောင်ကို ဦးစားပေးဝတ်ဆင်ပြီး အနက်နဲ့အဖြူဝတ်ဆင်ခြင်းကို ရှောင်ပါ
အနီရောင်ဟာ တရုတ်ရိုးရာယုံကြည်မှုအရ ကံကောင်းခြင်းတွေကို ဆွဲဆောင်မှု ရှိနေပြီး မကောင်းတဲ့ ၀ိဥာဉ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်တဲ့။ အဖြူနဲ့ အမည်းကတော့ ရိုးရာ ယုံကြည်မှုအရ သေဆုံးခြင်းအထိမ်းအမှတ် ၀မ်းနည်းမှု ၀တ်စုံဖြစ်နေတာကြောင့် ကံကောင်းခြင်းကို ဟန့်တားစေနိုင်တယ်လို့ သတ်မှတ်ကြပါတယ်။
၆။ မပြည့်စုံမှုတွေအကြောင်း တစ်ခုမှ မပြောပါနဲ့
နှစ်သစ်ကူးကာလဟာ ချိုမြိန်တဲ့ အကြောင်းအရာတွေကိုသာ ပြောသင့်တယ်လို့ ဆိုပါတယ်။ တစ်စုံတစ်ယောက် ရဲ့ နာရေးသတင်း ၊ လူနာသတင်း ၊ သရဲ အကြောင်းစတာတွေကို လုံးဝမပြောမိဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။
၇။ စာအုပ်မ၀ယ်ပါနဲ့
တရုတ်ဘာသာစကား အယူအဆမှာတော့ “စာအုပ်” ဆိုတဲ့ စကားလုံးဟာ ရှုံးနိမ့်ခြင်းကို ကိုယ်စားပြုဆက်စပ်နေပါတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်နေ့တွေမှာ စာအုပ်ဆိုင်အများစု ပိတ်ထားကြခြင်းပဲ ဖြစ်ပါတယ်။ အင်တာနက်မှာ ဖတ်ရှုနိုင်တဲ့ စာအုပ် eBook တွေကိုတော့ ရိုးရာ ယုံကြည်မှုမှာ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။
၈။ အံပေါင်းတစ်ခု နဲ့ ကံကောင်းမှုကို လဲပါ
အားလုံးသိတဲ့အတိုင်း တရုတ်နှစ်သစ်ကူးမှာ လူငယ်လေးတွေက အနီရောင်စာအိတ်လေးတွေကိုင်ပြီး ပြုံးပျော်ရွှင်နေကြတာ ဘာကြောင့်လဲဆိုတာ။ အံပေါင်းဆိုတာဟာ လက်ထပ်ပြီးသားသူတွေက ငယ်ရွယ်သူ မျိုးဆက်သစ် တွေကို မုန့်ဖိုး အနေနဲ့ ပေးကမ်းရတာပါ။ အဲဒီလို အံပေါင်းပေးခြင်းဟာ ပေးကမ်းသူ အတွက် ကံကောင်းခြင်းတွေ ဖြစ်စေတယ်လို့သိရပါတယ်။ အရေးကြီးတဲ့တစ်ခုကတော့ ပမာဏပါပဲ။ ဆယ်ဂဏန်း ပေးပေး ၊ ရာ ဂဏန်းပေးပေး သင့်တော်ပေမယ့် နံပါတ် ၄ ဂဏန်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ တရုတ် ဘာသာစကား အယူအဆ မှာ နံပါတ် ၄ ဟာ သေခြင်းတရားကို ကိုယ်စားပြု ဆက်စပ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Ref:elitedaily
Credit : http://www.trend.com.mm/2016/02/09/lifestyle-8806
No comments:
Post a Comment