ယင်းကဲ့သို့ လက်မောင်း ပွတ်ခြင်းကြောင့် ဦးနှောက်တွင်းရှိ ခံစားချက်များ တည်ငြိမ်မှုနှင့် ဆိုင်သော ဓာတုပစ္စည်း ဆီရိုတိုနင် ဓာတ်များစွာ ထွက်လာကာ ဖြစ်ရပ်တစ်ခုနှင့် ပတ်သက်သော မှတ်သားထားမှုနှင့် ယင်းဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာသော မကောင်းသော ခံစားချက်များကြား ဆက်စပ်မှုကို ဖြတ်တောက် ပေးတတ်သည်။
လန်ဒန် တက္ကသိုလ် ကင်းစ်ကောလိပ်မှ သုတေသန ပညာရှင်များနှင့် အပြုအမူ စိတ်ပညာရှင် ဖြစ်သလို စိတ်ညှို့ပညာရှင်လည်း ဖြစ်သည့် ပေါမက်ကင်နာ ပါဝင်သော အဖွဲ့သည် အလုပ်ကြောင့် စိတ်ဖိစီး၊ စိတ်ကျနေသည့် အမျိုးသားနှင့် အမျိုးသမီး(၂၇) ဦး တို့ကို လေ့လာခဲ့သည်။
အလေ့လာခံများအား စိတ်ညစ်စရာများကို တွေးစေပြီး တစ်ချိန်တည်းမှာပင် လက်မောင်းများကို ပွတ်သပ်စေခဲ့သည်။ ထို့ပြင် စိတ်ပြေရာ ပြေကြောင်း ဖြစ်စေမည့် လမ်းလျှောက်ခြင်း၊ ဟက်ပီးဘာ့သ်ဒေး သီချင်းတို့ကို ဆိုခြင်းတို့ကို ပြုလုပ်စေခဲ့သည်။
အလေ့လာခံများအား တစ်ပတ်ကြာ စောင့်ကြည့်မှုများ ပြုလုပ်ပြီး နောက်စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးအခြေ
အနေကို တိုင်းတာခဲ့ရာ တိုးတက် ကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ကြောင်း ပါမောက္ခ နီးလ် ဂရင်းဘာ့က ပြောဆိုခဲ့သည်။
အလေ့လာခံများသည် မကောင်းသော အတွေးများကို တွေးရင်း လက်မောင်းကိုလည်း တစ်ပြိုင်တည်း ပွတ်ပေးမှုကို နှစ်လတိတိ လုပ်ဆောင်ခဲ့ပြီးနောက်တွင် မကောင်းသော အတွေးများကြောင့် စိတ်နာကျင်စွာ ခံစားရမှုများ နည်းပါးလာကြောင်း တွေ့ရှိခဲ့သည်။
(လူလူငြိမ်း)
Source:DM
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50483
No comments:
Post a Comment