ထိုအခါ အဘိုးအိုက ထင်းစည်းကိုဖြေစေ၍ တစ်ယောက်တစ်ချောင်းစီ ချိုးစေပြန်၏။ သားတို့သည် ထင်းချောင်းများကို အလွယ်တကူ ချိုးနိုင်ကြလေသည်။အဘိုးအိုက "ချစ်သားတို့။ ထင်းစည်းကို အစည်းလိုက် ချိုးသော် မကျိုးနိုင်၊ တစ်ချောင်းစီချိုးသော် ကျိုးနိုင်၏။ ထို့ကြောင့်ချစ်သားတို့သည် ထင်းစည်းကဲ့သို့ စည်းစည်းလုံးလုံးနေကြပါ။" ဟု ဆုံးမလေသည်။ သားတို့က "ကောင်းပါပြီ ဖခင်" ဟု ပြောကြလေသတည်း။
ပထမတန်း မြန်မာဖတ်စာ။ စာမျက်နှာ ၄၇။
Credit to
No comments:
Post a Comment