
နဂါးပန်း (Snapdragon) လို့ခေါ်တဲ့ ပန်းဟာ အမေရိကန်၊ ဥရောပနဲ့ မြောက်အာဖရိကတို့မှာ ပွင့်တဲ့ပန်း ဖြစ်ပါတယ်။ သဘာဝအားဖြင့် သူရှင်သန်ပြီးတော့ ပွင့်ဖူးနေတဲ့ အချိန်ဆိုရင် အင်မတန်လှပါတယ်။ ဒါပေမယ့် နွမ်းပြီးတော့ သေသွားတဲ့ အခါ ပုံမျာ မြင်တွေ့ရသလို ဖြစ်သွား ပါတယ်။
ပန်းတိုင်းတော့ မဟုတ်ပါဘူး။ နဂါးပန်းမှာမှ အမျိုးအစားများစွာ ထက်ကွဲနေသေးပြီး အရိုးခေါင်းပန်းလို့ခေါ်တဲ့ နဂါးပန်းအုပ်စုက ပန်းတစ်မျိုးလည်း ရှိပါသေးတယ်။ သူက အသက်ရှင်နေတုန်း လှပဝေဆာပေမယ့် သေသွားတဲ့အခါ အရိုးခေါင်း ပုံစံ ကျန်ရှိခဲ့ပါတယ်။ သူ့အလိုအလျောက် သဘာဝအတိုင်း ဖြစ်တည်နေခြင်း ဖြစ်ပါတယ်။
Antirrhinum လို့လည်းခေါ်တဲ့ နဂါးပန်းအကြောင်း အသေးစိတ်ကို http://en.wikipedia.org/wiki/Antirrhinum မှာ လေ့လာ နိုင်ပါတယ်။
.
Credit : အောင်ခမ်း www.innewsmyanmar.com
#aungkham_inm
No comments:
Post a Comment