ဖြေ။ ။ အိုကွယ်.. အတူနေတယ်..မနေဘူးဆိုတာကတော့ ညီမလေးရဲ့သဘောပါပဲကွယ်၊
ဒါပေမယ့်…ညီမလေးကို တစ်ခုပြောရအုံးမယ်… မမတို့မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပိုက်သွားတော့… မမတို့မြေကို သူတို့ပိုင်ပြီဆိုတာနဲ့ အကြိမ်ပေါင်းများစွာ..သူတို့ပြုသမျှခံခဲ့ရတယ်မို့လား… ရှိသမျှမြေပေါ်မြေအောက်အဖိုးတန်ပစ္စည်းတွေရသမျှ ယူသွားပြီး သူပြန်သွားတာ့ အမြောက်ဒဏ်..ဗုံးဒဏ်တွေနဲ့ ဖွာလန်ကျဲပြီးကျန်ခဲ့တာပဲမို့လား…
အင်္ဂလိပ်ပြီးလို့ ဂျပန်နဲ့ပတ်သက်တော့လည်း…အဲလိုပဲ…သူတို့လိုချင်တာတွေသာယူသွားပြီး…
ထင်သလိုသောင်းကျန်းခဲ့တော့ နောက်ဆုံးလွတ်လပ်ရေးလည်းရရော… ထင်သလိုသောင်းကျန်းသွားခဲ့တဲ့မြေမှာ … ဒဏ်ရာတွေဗရပွနဲ့ ဖွာလန်ကျဲပြီးကျန်ခဲ့တာမို့လား… ညီမလေးရေ… ပထမရည်းစားက အင်္ဂလိပ်လိုကောင်မျိုးဖြစ်မယ်… ဒုတိယရည်းစားကလည်း ဂျပန်လိုကောင်မျိုးဖြစ်မယ်ဆိုရင်... ညီမလေးအပေါ်တကယ်ချစ်တဲ့သူကိုတွေ့လို့ လက်ထပ်မယ့်အချိန်လည်းကျရော…သူတို့နဲ့ အတူနေအတူအိပ်ခဲ့တဲ့ညီမလေးဟာ… လွတ်လပ်တော့လွတ်လပ်ပါရဲ့ စစ်ဘေးစစ်ဒဏ်ကြောင့်.. ဖွာလန်ကျဲပြီးကျန်ခဲ့တဲ့ မြန်မာပြည်လိုဖြစ်နေတော့မယ်…. စဉ်းစားပေါ့ကွယ်…။
Credit : ပျိုမေတို့မေးချင်ရာမေး
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : http://www.shwechitthu.com/2015/05/blog-post_348.html
No comments:
Post a Comment