
အံသြသင့်ဖွယ်ရာပါလာခဲ့ပါတယ်။ အသက်၅၁နှစ်အရွယ် Kim Westလို့ အမည်ရသူ အမျိုးသမီးဟာ သူရဲ့သား
အသက် ၃၂နှစ်အရွယ် Ben Fordနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။
ဒီအမျိုးသမီးကြီးဟာ သူရဲ့သားBenကို မွေးပြီး၁ပတ်အကြာမှာပဲ မွေးစားဖို့ စွန့်ပစ်ခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်းသားနဲ့
အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှအဆက်အသွယ်ပြန်ရတာဖြစ်ပြီး သားဖြစ်သူက အမေရိကန်နိုင်ငံ
ကနေ အင်္ဂလန်နိုင်ငံကအမေဆီကို စာပို့ခဲ့ပါတယ်။
ဒီအမျိုးသမီးကြီးဟာ The New Day သတင်းစာကို သူတို့ရဲ့ Sex Lifeအကြောင်းကိုပါ မရှက်မကြောက်ဖွင့်ပြော
ခဲ့ပါတယ်။ ပြီးတော့ မကြာမီလက်ထပ်ပြီး ကလေးတစ်ယောက်ယူတော့မှာ ဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။
သူတို့၂ယောက်ဟာ ဖူးစာပါလာသူတွေ ဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။ သူမက လူတွေဟာ သူတို့ချစ်ရသူ၂ဦး
အကြောင်းကို မနာလိုပုတ်ခတ်ပြောဆိုမှာကိုသိပေမယ့် အဲ့ဒိအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
တကယ်တော့ Benဟာ သူ့အမေကို လှမ်းပြီးစာပို့တဲ့အချိန်မျာ Victoria ဆိုသူအမျိုးသမီးနဲ့ အိမ်ထောင်ကျနေခဲ့
တာပါ။ နောက်ပိုင်းမှာတော့ Benဟာ အမေနဲ့အတူနေရဖို့ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။ လန်ဒန်မြို့ကIslington
မှာနေထိုင်သူ အိမ်တွင်းဒီဇိုင်းပညာရှင်ဖြစ်တဲ့ Kimဟာ သူမရဲ့သားအပေါ်ကို အိမ်မက်တွေမက်ပြီး စစွဲလမ်းခဲ့တယ်
လို့ဆိုပါတယ်။ သူမရဲ့ခံစားချက်တွေကိုသံသယရှိလာပြီး googleမှာ ရှာကြည့်ခဲ့တယ်လို့ဆိုပါတယ်။ သူမဟာအင်
တာနက်မှာရှာရင် GSA (Genetic Sexual Attraction ဆွေမျိုးသားချင်းများမတွေ့တာကြာပြီး အရွယ်ရောက်
မှပြန်တွေ့သော အခါဖြစ်ပေါ်သော လိင်ပိုင်းဆိုင်ရာစွဲဆောင်မှု) ကိုရှာဖွေတွေ့ရှိခဲ့ပြီး စိတ်သက်သာရာရခဲ့တယ်လို့
သူမကဆိုပါတယ်။
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာနေထိုင်သူဖြစ်တဲ့ Benကတော့ သူမရဲ့ဇနီးကို တစ်ဖြည်းဖြည်းစိတ်ကုန်
လာခဲ့ပြီး အမေကိုပြန်တွေ့တဲ့အခါမှာ အမေလို့မမြင်တော့ကြောင်းဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ မတွေ့ခင်မှာ
ဖုန်းနဲ့ အရင်စကားပြောခဲ့ကြတာဖြစ်ပြီး တွေ့တဲ့အချိန်မှာလည်း အရက်သောက်နေခဲ့ကြပါတယ်။ ပြီးတော့မမှားသင့်တဲ့အရာတွေမှားခဲ့ကြပါတယ်။

နောက်ထပ်၃ရက်အကြာမှာတော့ Benဟာ သူ့မိန်းမကိုဖွင့်ပြောခဲ့ပြီး သူ့မိန်းမကို စွန့်ခွာခဲ့ပါတယ်။ အခုတော့ သူတို့
သာားအမိ (လင်မယား)ဟာ မစ်ချီဂန်ပြည်နယ်သို့ပြောင်းရွှေ့နေထိုင်ပြီး ဒါမျိုးဖြစ်ခဲ့ဖူးတဲ့ အတွဲတစ်တွဲကလည်း သူ
တို့ကိုထောက်ခံနေကြပါတယ်။
Source: metro
http://www.shwemom.com/a-mother-is-going-to-marry-her-own-son/
Credit : http://themeltingpot4u.blogspot.co.uk/2016/04/blog-post_77.html
No comments:
Post a Comment