ဧပြီ ၃ ရက်က မြွေတွေနဲ့ ကပြရာမှာ နာမည်ကြီးတဲ့ အိုင်မာဘူလီက သီဆိုဖျော်ဖြေဖို့ အဆိပ်မထုတ်ထားတဲ့ မြွေဟောက်ဘုရင်ကို ခေါ်ဆောင်ခဲ့ပါတယ်။
ဖျော်ဖြေနေစဉ်မှာ မြွေရဲ့ အမြီးကို နင်းမိပြီး မြွေက အိုင်မာရဲ့ ပေါင်ကို ကိုက်ခဲ့တယ်လို့ အင်ဒိုနီးရှား
သတင်းတွေက ရေးပါတယ်။
မြွေကိုက်ခံရပြီးတဲ့နောက်မှာတော့ တစုံတရာ ကုသမခံဘဲ ၄၅ မိနစ်ကြာ ဖျော်ဖြေမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ဖျော်ဖြေမှုအပြီး ဆေးရုံကိုရောက်ရှိရာမှာတော့ အိုင်မာက သေဆုံးသွားတယ်လို့ ဆိုပါတယ်။
DVB
Credit : http://www.lwinpyin.com/2016/04/blog-post_54.html
မှတ်ချက်။ တကယ်တော့ အလမ္ပာယ်ပြတဲ့သူတွေဟာ မြွေတွေကို အဆိပ်ထုတ်ထားသင့်ပါတယ်။ မြွေအဆိပ်မတက်တဲ့
ဆေးတွေထိုးထားသင့်သလို မြွေအဆိပ်မတက်တဲ့ ဆေးဥတွေကိုလည်း နေ့စဉ်မှီဝဲသင့်ပါတယ်။ လူ့အသက်တချောင်း
ဟာ အလွန်တန်ဘိုးကြီးလှပါတယ်။
(ရောရောသမမွှေ)
No comments:
Post a Comment