အမျိုးသမီးတစ်ဦး ခရီးထွက်လာရာ ချောင်းစပ်တွင်
ပတ္တမြားတစ်လုံး ကောက်ရသည်၊ ဆက်လက်ခရီး
ထွက်လာရာ အခြား ခရီးသည်အမျိုးသား
တစ်ဦးမှာ ရိက္ခာမပါသဖြင့် ဝေမျှကြွေးရန် အိတ်ထဲမှ
ထုတ်ယူစဉ် ပတ္တမြားကို မြင်၍ သူ့အားပေးရန်တောင်း
သည်၊ အမျိုးသမီးလည်း အသာတကြည်ပင် ပေးလိုက်လေသည်၊ အမျိုးသားလည်း ဤပတ္တမြားကို ထုခွဲ ရောင်းချလိုက်လျင် ဘဝတသက်တာအတွက်
အပူအပင်မရှိ နေ၍ ရပြီဟူသော အသိဖြင့် ဝမ်းသာစွာ ထွက်ခွာ သွားလေတော့သည်။
သို့သော် ရက်အနည်းငယ်ကြာသောအခါ အ သိတရားရလာ၍ အမျိုးသမီး
ကြီးကိုရှာ၍ ပတ္တမြားကိုပြန်ပေးလိုက်လေသည်၊
အမျိုးသမီးက အကျိုးအကြောင်းမေးရာ ထို
အမျိုးသားက” ဒီပတ္တမြားဟာ တန်ဖိုးကြီးမားတယ် ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ပတ္တမြားထက်
တန်ဖိုးကြီးမားတဲ့အရာကို လိုချင်လို့ ပြန်လာတာပါ၊
အဲဒါကတော့ ခင်ဗျားရဲ့နှလုံးသားထဲမှာ ရှိတဲ့
တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို အတင်းမတောင်းဆိုရဘဲ မနှမြောမတွန့်တိုမှုမရှိဘဲ ပေးကမ်း စွန့်ကြဲနိုင်တဲ့ စိတ်ဓါတ်မျိုးကို လိုချင်လို့ပြန်လာတာပါ”
ဟု ဆိုလိုက်လေသည်။
Credit to unknown author.
***စံ(ဘူမိဗေဒ)****
Credit : http://www.searchmyanmar.com/link/comment/cid/49169/domain/myanmarlatestnews.com
No comments:
Post a Comment