♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 23, 2015

" ဗိုလ်တစ်ထောင် ဘုရား မှ မမြနန်းနွယ် ၏ ဘဝဖြစ်စဉ် "

 မြန်မာပြည်ကြီး ထီးရိပ် နန်းရိပ် ကွယ်ပြီ ဆို တော့မြန်မာတစ်ပြည်လုံး တိုင်းရင်းသား အားလုံး ကြိမ်မီးအုံး သည့်နှယ် နှလုံးသား မှာ ခံစားနေကြရသည်။ နယ်ချဲ့ကိုလိုနီ ကို တွန်းလှန် ရန် နေရာဒေသ အနှံ့ လက်နက်စွဲ ကိုင်တော်လှန်ကြသည်။

မြန်မာပြည်ကြီး လွတ်လပ်ရေး ရစေရန် ရှမ်းပြည် ရှိ မိုင်းပွန်စော်ဘွားကြီး စောခွန်တီ သည်လည်း မျိုးချစ်တော်လှန်ရေး သမားဖြစ်ရကား မိဘမဲ့ တူမတော် "နန်းခမ်း" အား ကြည့်ရှုစောင့်ရှောက်ရန် ခက်ခဲလာ သည်။

တော်လှန်ရေးသမား ဆိုတော့ အချိန်ခါ မရွေး နေရာဒေသ အနှံ့ သွားလာ လှုပ်ရှားနေရ သည်။ အရွယ်ရောက်နေသော တူမတော် နန်းခမ်း ကိုခေါ်ဆောင်သွားလို့ က မဖြစ်ဆို တော့
မိုးကုတ်မြို့ မှကျောက်တွင်း သူဌေး ဦးအောင်ဇံ မိသားစု ထံခေါ်သွားပြီး အပ်နှံ ထားရသည်။

နန်းခမ်း အပေါ် ဦးအောင်ဇံ မိသားစု ကလည်း သားသမီး အရင်းပမာ စောင့်ရှောက်ပေးခဲ့ ကြသည်။
တကယ်တော့ စော်ဘွားသွေး ရှမ်းမျိုးနွယ် ဖြစ်သည့် နန်းခမ်း ၏ချောမော လှပမှု ဘာသာ တရား အဆုံး အမအောက် နေသူလေး မို့ မိုးကုတ်မြို့ ကျောက်တွင်း သူဌေးကြီး ဦးဘကောင်း ၏ သား  ကိုချမ်းသာ ကနှစ်သက် သဘောကျလေသည်။

ကိုချမ်းသာ ၏ မိဘ များ ကလည်း သားဖြစ် သူနှစ်သက် သဘောကျနေသည့် နန်းခမ်း အားရွှေလမ်း ငွေလမ်း ခင်း လာကြသည်။ အချိန် ကာလ ၁၈၉၇ ခုနှစ်ဖြစ်သည်။ ကိုချမ်းသာနှင့် မနန်းခမ်း လက်ထပ် ခဲ့ကြ သည်။ သီပေါမင်း ပါတော်မူပြီး ဆယ်နှစ် ကျော် ကာလဖြစ်သည်။

သက္ကရာဇ် ၁၉၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ရက် စနေနေ့ (၁၂၆၈ ခုနှစ် ပြာသို လဆန်း ၉ ရက်နေ့ ) မှာ ကိုချမ်းသာ မနန်းခမ်း တို့မှာ မနန်း (ခေါ်) မြနန်းနွယ် ကို မွေးဖွား ခဲ့လေ သည်။
(မောင်နှမ သားချင်း ကိုတော့ စာရေးသူ လေ့လာ မှု အားနည်း လို့ မသိပါ)
 

 မြနန်းနွယ် တွင် အစ်မကြီး မြနန်းရှင် ညီမငယ် မြနန်းဝေ ရှိသည် ကိုတော့ လေ့လာမှု အရ သိရပါသည်။ အစ်မကြီး မြနန်းရှင် မှာ ညီမလတ်မြနန်းနွယ် လောက် သိပ်မနူးညံ့ ပါ။ ဒေါမာန်ကြီးသည်။ ဒိုးဒိုးဒေါက်ဒေါက် ရှိ ပေသည်။

သို့သော် ဘာသာရေးကိုင်းရှိုင်းပြီး သူ့ဆိုင်ရာ သာသနာ့နယ်မှာ သာသနာပြု နေပါသည်။
အစ်မတော် မြနန်းနွယ် တို့မှာ ကျောင်းပညာ အတန်း ပညာတတ်မြောက် စေရန် မိုးကုတ် မြို့ မှာသာ ပညာ သင်ကြားခဲ့သည်။ 

အတန်း ပညာမှာ ထူးချွန် ထက်မြက် သူမို့ မိဘ များက သားသမီးရှေ့ရေး မျှော်တွေးဆ ကာ အိန္ဒိယ ပြည်သို့ မမြနန်းနွယ် အား တက္ကသိုလ် ပညာ

"အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး "


 

“လေပူ” ဆိုသော စကားကို အနောက်တိုင်း ဆရာဝန်များအဖို့ ဆေးပညာ ဝေါဟာရ မရှိပါ။ မြန်မာလူမျိုးများ အဖို့မှာ လူတိုင်းသိသော စကား ဖြစ်ပါသည်။  “လေပူထလို့၊ လေပူတွေ အထက်လှန်လို့၊
လေပူထပြီး အာခေါင်တွေ ခြောက်လို့၊ လေပူလှန်ပြီး အာသီးရောင်လို့၊ အစာအိမ်မှာ လေပူထလို့၊ လေပူလှန်ပြီး သွားဖုန်းတွေ ကြွလို့၊ ကောက်ညှင်းပေါင်း စားပြီး လေပူထလို့၊ ပုစွန်ခြောက်တွေ စားပြီး လေပူလှန်ပြီး ကြို့ထိုးလို့၊ နှလုံးအပူရိုက်ပြီး မောလို့၊ လေပူထပြီး နှလုံးတွေတုန်လို့” စသော စကားလုံးများမှာ အရပ်ထဲတွင် ကြားနေကျ စကားလုံးများ ဖြစ်ပါသည်။ တလောက သူငယ်ချင်း ဆေးပညာ မဟာသိပ္ပံဘွဲ့ ရထားသော ဆရာဝန်ကြီးတစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး သူငယ်ချင်းတို့ အနောက်တိုင်း ဆေးပညာ အယူအဆမှာ ဘယ်လိုကြောင့် ဖြစ်နိုင်သလဲဟု မေးရာ သူက “အစာအိမ်မှာ အက်ဆစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပျံလာတဲ့ အက်ဆစ်ငွေ့ပေါ့ကွာ၊ Gas Flatulance လို့ ပြောနိုင်တာပေါ့" သူရှင်းပြသော သဘောအရ အစာအိမ်အတွင်းတွင် အက်ဆစ် အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပျံကာ အပေါ်သို့ တက်ခြင်းဖြစ်သည်။

ရေနံတွင်းများတွင် gas ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားဖုံးများအထိ တက်လာမည်။ လောင်ကျွမ်းမည်။ ဒေသနာ ဆေးပညာတွင် လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဥဏှတေဇောကြောင့်ဖြစ်သော ဥဏှဝါယော (လေပူ) သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုး ဖြစ်သည်။ တစ်ခါက ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါသည်။ စာရေးသူ၏ သမီးအလတ်လေး ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။ ထိုဆရာဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။ အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။ ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့်သည်။ ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကို ချွတ်ပြီး “အူတော့ မပိတ်ပါဘူး။ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက “ဆရာကြီး ကျွန်တော် ဗမာလေဆေး တိုက်လို့ ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊ ဗမာလေဆေးတွေ မတိုက်နဲ့၊ သူတို့က တစ်ဆိတ်ရှိ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ မြင်ရလို့လား” ဟု ပြောပါသည်။ ကိုယ်တွေ့ ဖြစ်ပါသည်။

ထိုဆရာဝန်ကြီးသည် စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောင် ၃ နှစ်ခန့်အကြာတွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။ ပါးရွဲ့ခြင်းသည် ဦးနှောက်အတွင်းမှ တိုက်ရိုက်ဆက်သွယ်သော နံပါတ် (၇) နာဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍ ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်ပါသည်။ အာရုံကြောအတွင်းမှ လေကို ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။ စာရေးသူ၏ ညီမဖြစ်သူကလည်း မေ့ဆေးဆရာဝန်ကြီးဖြစ်ပြီး သမီးတူမ ဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်သဖြင့် “လေ” နှင့် ပတ်သက်သော ရိုးရာဆေးပညာ မြန်မာဆေးပညာ အယူအဆများကို သူတို့ ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ

November 22, 2015

"အကွက်မြင်တဲ့သူ ... "

မြို့ငယ်လေးတစ်မြို့မှာ အမျိုးသားတစ်ဦးဟာ လေမှုတ်တူရိယာဖြစ်တဲ့ ထရမ်းပက်နဲ့ သေနတ်တွေ
ရောင်းတဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။
တစ်နေ့မှာတော့ ဆိုင်ရှင်ရဲ့အိမ်နီးချင်းဖြစ်သူ အလည်ရောက်လာပြီး "ခင်ဗျားရဲ့ ထူးဆန်းတဲ့ ဆိုင်က
အခြေအနေဘယ်လိုလဲဗျ"
ဆိုင်ရှင် - "ကျုပ်ဆိုင်က ထူးဆန်းတယ်... ဟုတ်လား။ ခင်ဗျား ဘာကိုပြောချင်တာလဲဗျ"
အိမ်နီးချင်း - "ထရမ်းပက်နဲ့ သေနတ်ကို တွဲရောင်းတာမို့ ပြောတာလေဗျာ"
ဆိုင်ရှင် - "ဒီတော့ ဘာဖြစ်လဲဗျ"
အိမ်နီးချင်း - "ဘာမှမဖြစ်ပါဘူးဗျာ။ ခင်ဗျားဆိုင်မှာ ထရမ်းပက်နဲ့ သေနတ် ဘယ်ပစ္စည်း
ပိုရောင်းရလဲဆိုတာပဲ ကျုပ်ကို ပြောပြစမ်းပါ"
ဆိုင်ရှင် - "ရောင်းရတဲ့ အရေအတွက်က မျှတယ်ဗျ။ တစ်ယောက်ယောက်က ထရမ်းပက်တစ်ခု
ဝယ်သွားပြီဆိုတာနဲ့ သူ့အိမ်နီးချင်း တစ်ယောက်ယောက်က သေနတ်တစ်လက်
လာဝယ်တော့တာပဲ"

Credit : http://myanmar.mmtimes.com/index.php/home-page/144-the-pulse/16604-2015-11-18-09-53-20.html

" အရူးဟာ အရူးပဲ ယုံလို့မရဘူး.. ကိုယ့်မြေးကိုယ် ရေနှစ်သတ်တဲ့ အဖိုးအိုအရူး "

 
အမျိုးသားတစ်ယောက်ဟာ စိတ်ကျန်းမာရေးဌာန (သို့) အရူးထောင်က လွတ်မြောက်ပြီး ၂ ပတ်ခန့်အကြာမှာ အထီးကျန်စိတ်ဝေဒနာ(Autism) ကိုခံစားနေရတဲ့ သူ့ရဲ့ မြေးလေးကို ရေနှစ်ပြီး သတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Stewart Greene ဆိုသူဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သူ့ရဲ့ သမီးဖြစ်သူ Joanne Green ဈေးဝယ်ထွက်နေစဉ်မှာ အိမ်မှာကျန်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် Alex Robinson ကို သတ်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်.

Joanne Green ရဲ့ ပြောကြားချက်အရ သူမ ဈေးဝယ်ပြီး အိမ်ပြန်အရောက်မှာ သူမရဲ့ ဖခင်ဖြစ်သူဟာ စီးကရက် တစ်လိပ်ကို လိပ်သောက်နေရင်းနဲ့ "ငါ Alex ကိုရေနှစ်သတ်လိုက်ပြီ" လို့ အေးအေးဆေးဆေး ပြောပြခဲ့ပါတယ်တဲ့။ "ရေချိုးကန်ကရေပြည့်နေပြီး Alex ဟာ ရေကန်ထဲမှာရောက်နေပါတယ်။ သူ့မျက်နှာလေးပဲ ရေပေါ်ပေါ်နေပြီး မျက်လုံးတွေကတော့ ပိတ်နေပါတယ်။ သူသေပြီလို့ထင်တဲ့အတွက် ကျွန်မ 999 ကို ဖုန်းဆက်ခဲ့ပါတယ်" လို့ Joanne က ပြောပြခဲ့ပါတယ်။

Stewart Greene ဟာ လင်ကွန်းမြို့မှာရှိတဲ့ Peter Hodgkinson Centre က မလွတ်မြောက်ခင်မှာလည်း ဆေးရုံဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ပါသေးတယ်။ သမီးဖြစ်သူ Joanne က ပြောပြခဲ့တာကတော့ သူမရဲ့ ဖခင်ဟာ လူ့အဖွဲ့အစည်းရဲ့ အဝေးမှာနေလိုတဲ့အတွက် တစ်ခုခုလုပ်မှာကို သူမ

"အအိပ်နည်းခြင်းသည် ကျောက်ကပ်ကို ဆိုးရွားစွာထိခိုက်စေပါသည် "


တစ်ညကို အိပ်ချိန် ၅နာရီနဲ့အောက် အိပ်စက်ခြင်းက ကျောက်ကပ်ပျက်စီးမှု အန္တရာယ်ကို သိသိသာသာ မြင့်တက်စေတယ်လို့ သုတေသနရပ်က ဆိုထားပါတယ်။

ကျောက်ကပ် ကောင်းကောင်းအလုပ်လုပ်ဖို့အတွက်ကို လုံလောက်စွာအိပ်စက်ဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်သုတေသီတွေက သက်သေပြခဲ့တာပါ။ ဘော့စ်တွန် အမျိုးသမီးဆေးရုံမှ ကျွမ်းကျင်ပညာရှင်တွေဟာ လူအယောက် ၄၀၀၀ကို ဆယ်စုနှစ်တစ်စုကျော် လေ့လာစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။

တစ်ညကို ၅နာရီအောက် အိပ်တဲ့သူတွေအနေနဲ့ တစ်ည ၈နာရီကျော် အိပ်စက်တဲ့သူတွေနဲ့ယှဉ်ရင် ကျောက်ကပ်လုပ်ဆောင်မှုတွေဟာ ၆၅ရာခိုင်နှုန်းပိုပြီး ခပ်မြန်မြန် ကျဆင်းလာပါတယ်။

ဒီလေ့လာတွေ့ရှိချက်တွေကို ဆန်ဒီရေးဂိုး မှာပြုလုပ်ခဲ့တဲ့ ဆေးပညာ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

"ပထမဆုံး ချိန်းတွေ့ချိန်မှာ ဝေးဝေးရှောင်သင့်တဲ့ အစားအစာများ"

 
 အလို! ဒီလောက်တောင် ဇယားများနေရင် ကြက်သွန်ဖြူစားပြီး အာဘွားလုပ်လိုက်..ဟီးဟီး

ချစ်သူဆီက ချစ်အဖြေရပြီ။ "ဝေး .... ပျော်စရာကြီး။ လျှောက်လည်ကြမယ်"
ချစ်သူတွေ တရားဝင်ဖြစ်သွားပြီးတဲ့နောက် ပထမဆုံးအကြိမ် ချိန်းတွေ့ကြရတဲ့အခါ အတွေ့အကြုံ
ရှိထားသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းနဲ့အများတော့ ရင်ခုန်စိတ်လှုပ်ရှားကြမှာပါ။
အကြည့်ချင်းဆုံတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်မယ်၊ အပြုံးတွေ ဖလှယ်ကြမယ်၊ တချို့တွေလည်း
အနမ်းတွေ အလဲအလှယ် လုပ်ချင်လုပ်ကြပါလိမ့်မယ်။
သေချာတာတစ်ခုကတော့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး တစ်ခုခုကို စားသောက်ကြမှာပဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာ "အသွားမတော်ရင် တစ်လှမ်း၊ အစားမတော်ရင် တစ်လုပ်"ဆိုတဲ့ ဆိုရိုးစကားအတိုင်း
မသွားသင့်တဲ့ ဆိုင်ကိုသွားပြီး မစားသင့်တဲ့ အစားအစာမျိုးကိုများ စားလိုက်မိလို့ကတော့ သင့်ရဲ့
အချစ်နေ့ရက်ကလေးဟာ ပျက်စီးသွားနိုင်ပါတယ်။
ပထမဆုံးချိန်းတွေ့မှုဟာ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
မရှိသင့်၊ မကြုံရသင့်ဘူးဆိုတာကို သင်လည်း လက်ခံတယ် မဟုတ်လား။
တကယ်လို့ သင်က အစားမက်သူဆိုရင်တောင် ပထမဆုံးချိန်းတွေ့ချိန်မှာ သင့်ကို
အခက်တွေ့စေမယ့် မစားသင့်တဲ့ အစားအစာတွေကို အောင့်အီးတော့ပဲဖြစ်ဖြစ်
ရှောင်ကြဉ်လိုက်ပါ။ အဲဒီအတွက် အကျိုးခံစားရမှာပါ။

ဟမ်ဘာဂါ၊ ကြက်ကြော်
ချိန်းတွေ့တာဆိုတော့ အဲကွန်းကောင်းကောင်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ ကောင်းတဲ့ဆိုင်မျိုးကို
ရွေးတတ်ကြပါတယ်။
ဒီလိုဆိုင်အများစုကလည်း ဟမ်ဘာဂါလိုမျိုး အစားအစာတွေ ရနိုင်ပါတယ်။
သိပ်စားချင်တယ်ဆိုရင်တောင်မှ သည်းခံလိုက်ပါ။ မှာမစားပါနဲ့။ သင်လည်း သိတဲ့အတိုင်း
ဟမ်ဘာဂါဆိုတာက လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ပါးစပ်ကြီးကို အားပါးတရဖြဲပြီး ကိုက်စားမှသာ
အဆင်ပြေတာမဟုတ်လား။
သင့်အဖော်ရှေ့မှာ ကိုယ့်မှာရှိတဲ့ သွားတွေ အကုန်လုံးကို ဖွင့်ဟပြသချင်မှာတော့ မဟုတ်ပါဘူး။
ကြက်ကြော်လည်း အတူတူပါပဲ။ လက်နဲ့ စားရတဲ့ အစားအစာတွေ ဖြစ်တာမို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြည်နူးနေရတဲ့အချိန်မှာ တကယ့်ကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
ဓား၊ ခက်ရင်းတို့နဲ့ ဖဲ့စားမယ်လို့တော့ မပြောနဲ့နော်။ ငါးနှစ်အရွယ်ကလေးလေး
လူကြီးလူကောင်းဟန်ဖမ်းနေတဲ့ပုံစံမျိုး ပေါက်နေပါလိမ့်မယ်။
ဒီတော့ ချစ်သူက KFC (သို့) Lotteria သွားမယ် လို့ အကြံပြုလာရင် No လို့သာ ပြောလိုက်ပါ။

အုန်းနို့ခေါက်ဆွဲ
မုန့်ဟင်းခါးကို 'အိန္ဒြရှင်' လို့ အမည်တပ်မယ်ဆိုရင် အုန်းနို့ခေါက်ဆွဲကိုတော့ 'မာယာများသူ'လို့
ခေါ်ဝေါ်သမုတ်ရပါမယ်။
မုန့်ဟင်းခါးဖတ်တွေဟာ ပျော့ပျော့အိအိလေးမို့ ဇွန်းနဲ့ လိုသလောက်လေး အဆင်ပြေပြေ

" ဗေဒါရီရဲ့ဟင်းလျာ (ငါးပုပ်ခြောက်သုပ်)"

ဒီတစ်ပတ် ဗေဒါရီရဲ့ဟင်းလျာကတော့ ငါးပုပ်ခြောက်သုပ်လေးပဲ ဖြစ်ပါတယ်။
ပြင်ဆင်ရတာ အင်မတန်မှကို လွယ်ကူသလို ခံတွင်းလည်း သွက်စေပါတယ်။
ထမင်းပူပူလေးနဲ့စားလို့ လိုက်ဖက်လှသလို အဆန်းထွင်ပြီးစားချင်ရင်တော့ သင်္ကြန်ထမင်းလိုမျိုး
ထမင်းကိုရေဆမ်းပြီး အသုပ်လေးနဲ့ တွဲဖက်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ငါးပုပ်ခြောက် အနည်းငယ်
  • ကြက်သွန်နီ ၂ လုံး
  • သံပရာသီး ၁ လုံး
  • နံနံပင်နဲ့ ငရုတ်သီးစိမ်း အနည်းငယ်
  • ဆီ အနည်းငယ်
ပြင်ဆင်ပုံ
ငါးပုပ်ခြောက်ကို မီးအေးအေးနဲ့ ကင်ပါ။
အထက်၊ အောက် လှန်ကင်ပြီး အသင့်အနေအထားရပြီဆိုရင် အနေတော်အတုံးလေးတွေ တုံးပါ။
ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး နံနံပင်ကို နုပ်နုပ်စဉ်းထားပါ။
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ငါးပုပ် ခြောက်၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ဆီတို့
Subscribe

လာလည်သူများ

free counters