♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 9, 2016

" ဖုန်းကြည့်သူအများ ဖုန်းကြည့်လို့ မျက်စိနှာရင် မျက်​စိကိုသက်​သာ​စေမယ့် EasyEyes Pro v2.0.4 APK " (Ko Pauk)

Android OS နှင့် Tablet ကိုင်ဆောင်းထားသော  သူငယ်ချင်းတွေအတွက်  ဖုန်းကို တနေကုန်းကြည့်လို့ မျက်ရည်ကျပြီ  မျက်စီကိုက်တတ်သူများအတွက် ဆောင်ထားသင့်တဲ့  EasyEyes Pro v2.0.4 APK လေးကို တင်ပေးလိုက်ပါတယ်။ဒီကောင်လေးကို  ဖုန်းမှာ အင်စတော့လုပ်ပြီး ဆောင်ထားရင် မျက်စိနှာရောဂါ မဖြစ်ရန် ကာကွယ်ပေးပြီး  တစ်နေကုန်းကြည့် လို့ ကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ APK ထည့်မှာ လိုချင်သလောက် အကြည်ရောင်ကို ချိန်ပြီး ကြည့်ရှုရမှာ ဖြစ်ပြီ။ကောင်းလားမကောင်းလားဆိုတာကိုတော့ ကိုယ်တိုင်သာ သုံးကြည့်ပေတော့ဗျာ.။
'ဒီကောင်လေးကို  Play Store မှာ  THB 106.68 buy ကျနော်ဆိုဒ်မှာတော့ Free ဒေါင်းရယူနိုင်ပါတယ်၊
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ဗျာ။ Android OSVersion2.3နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာInstallလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Screen Shoot

February 8, 2016

မိုးညှင်းတွင်ပီနံအိတ်ဖြင့် ထုပ်ထားသော လူသေအလောင်းတွေ့ရှိ


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားနယ်မြေရဲစခန်းအပိုင် နမ္မား ကျေးရွာ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ နန့်ရင်းချောင်း ထဲတွင် ပီနန်အိတ်ဖြင့်ထည့်လျက် လူသေအလောင်း တစ်လောင်းတွေ့ ရှိရသဖြင့် လူသတ်မှုဖြင့်အမှုဖွင့်ခဲ့သော မှုခင်းတစ်ရပ်ဖြစ်ပွားခဲ့သည်။

မင်္ဂလာဒုံ ကျူးကျော်ကိစ္စ ညှိနှိုင်းမှု မပြေလည်


 မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများ (သတင်းဓာတ်ပုံ- Credit ဦးဇော်ရမ်း)
 ရန်ကုန်၊ မင်္ဂလာဒုံမှာရှိတဲ့ စံသမာဓိရပ်ကွက်က ကျူးကျော်လို့ဆိုတဲ့နေရာတွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ နေအိမ်ဖျက်ဆီးခံရသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး ဆွေးနွေးပေမဲ့ အဖြေတခုခုမထွက်ခဲ့ပါဘူး။ စနေညနေပိုင်းက အဲဒီနေရာကို လူအုပ်ကြီးနဲ့ အတင်းဝင်ပြီး ဖျက်ဆီးတာကြောင့် တဖက်နဲ့တဖက် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီးတဲ့နောက် ဒီကနေ့မှာ အခုလို ခေါ်ယူဆွေးနွေးတာပါ။ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

" စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေက ယောက်ျားကောင်း အမြဲရတတ်တယ်လို့ ဆို "

 
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆက်ဆံရေးမှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးရဲ့ အကြိုက်ကို လိုက်လျော အလျှော့ပေးနေတိုင်း ပြေလည်တာ မဟုတ်ပါဘူး။ သူ့ဆီက ကိုယ်လိုချင်တာကိုသိပြီး ဘယ်လိုရအောင် ယူနိုင်မလဲဆိုတာပေါ်မှာလည်း စိတ်ပျော်ရွှင်မှုက မူတည်ပါတယ်။ လူ့အသိုင်းအ၀ိုင်းရဲ့ ထုံးတမ်းစဉ်လာတော်တော်များများမှာ ယောက်ျားလေးတွေက လွှမ်းမိုးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ နူးညံ့ချိုသာ သင့်တဲ့နေရာမှာ နူးညံ့သင့်ပြီး မာကြောပြတ်သားရမယ့် နေရာမှာ မာကြောပြတ်သားနိုင်မယ်ဆိုရင် မိန်းကလေးတွေရဲ့ ဘ၀က ပိုပြီးသာယာလာမယ် ထင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေ ဖြစ်ရင် ယောက်ျားကောင်း ရတတ်တဲ့ အကြောင်းရင်းများကို ဖော်ပြပေးချင်ပါတယ်။

(၁)သူတို့ရဲ့ ကိုယ်ပိုင်ဘ၀မှာပဲ နေထိုင်ကြပါတယ်။
စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေက ပြတင်းပေါက်ကို ဦးတည်ချက်မဲ့ငေးပြီး ကိုယ့်ဘ၀ကိုကယ်တင်မဲ့ယောက်ျားတစ်ယောက်များ ရောက်လာမလားလို့ မျှော်နေမယ့်သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ လုပ်သင့်တဲ့အရာတွေကို လုပ်ရင်း ကိုယ့်နဲ့သင့်တော်မယ့် သူတွေ့လာတဲ့အချိန် ရောက်လာတာကိုစောင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလူမျိုးမတွေ့ခဲ့ဘူးဆိုရင်လည်း ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ကိုယ်ပိုင်ဘ၀ကို တည်ဆောက်ပြီးနေသွားဖို့ ဆုံးဖြတ်ထားတဲ့ သူတွေပါ။

(၂)ယောက်ျားတစ်ယောက်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ထောက်ပြဖို့ တွန့်ဆုတ်နေမယ့်သူ မဟုတ်ပါဘူး။
မိန်းကလေးတစ်ယောက်က သူချစ်တဲ့သူရဲ့ မကောင်းတဲ့အကျင့်တွေကို လိုက်လျောခွင့်ပြုပါများရင် ယောက်ျားတွေက ငြီးငွေ့လာတတ်ပါတယ်။စိတ်ဓာတ်မာကြောတဲ့သူတွေကတော့ မကောင်းတဲ့အကျင့်တွေကို သည်းမခံနိုင်ပါဘူး။ အဲ့ဒီ အကျင့်တွေကို ပြင်ဖို့ပြောမယ်။ သူတို့မပြင်ဘူးဆိုရင်တော့ နောက်ဆက်တွဲအကျိုးဆက်ကို ဘယ်လိုခံစားရမယ်ဆိုတာ သိအောင်ပြတတ်ကြပါတယ်။

(၃)သူတို့ပေးသလောက် ပြန်မရဘူးထင်ရင် တွယ်ကပ်နေမယ့်သူ မဟုတ်ပါဘူး။
ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ သူက ဘယ်အချိန်မှာ လမ်းခွဲရမလဲဆိုတာသိတဲ့သူပါ။ယောက်ျားတစ်ယောက်က အကြိမ်ကြိမ် စိတ်ဆင်းရဲအောင်လုပ်နေပြီဆိုရင် ချစ်တဲ့စိတ်နဲ့ မျက်စိစုံမှိတ်ပြီး အနားမှာဆက်နေမယ့်သူ မဟုတ်ပါဘူး။ အကြောင်းကတော့

" ခန္ဓာကိုယ် အနံ့ဆိုး ကင်းဝေးစေမယ့် လွယ်ကူသော နည်းလမ်းများ "

 
ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းက အရေပြားမှာ အခက်အတွေ့ဆုံး အချက်များထဲက တစ်ခုဖြစ်ပါတယ်။ လူတိုင်း ခန္ဓာကိုယ်အနံ့ဆိုး ထွက်နိုင်ပါတယ်။ အရေပြားကြောင့်ဖြစ်တဲ့ ဒီအနံ့အသက်ဆိုးကို မသိကျိုးကျွန်ပြုလို့ မရပါဘူး။ ဒါကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းတွေရှိပါတယ်။

ရေချိုးပါ
ရေချိုးခြင်းက လူမှုရေး၊ ဓလေ့အရ လိုအပ်ပါတယ်။ ရေချိုးခြင်းကဲ့သို့ ကိုယ်နံ့ပျောက်စေတာ ဘာမှမရှိပါ။ တစ်နေ့ ရေနှစ်ကြိမ် ချိုးပေးခြင်းဖြင့် ချွေးနဲ့ အပေါ်ယံဘက်တီးရီးယားတွေ ဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယား ပိုးသတ်ဆေး ဆပ်ပြာ သို့မဟုတ် ဆေးဖက်ဝင် ဆပ်ပြာတစ်ခုခု အသုံးပြုပါ။

အစားအသောက်ပြောင်းစားပါ
ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ အနံ့စူးရှတဲ့ အစားအစာများက ချွေးတွေထွက်စေပြီး ခန္ဓာကိုယ်အနံ့ဆိုး ဖြစ်ပေါ်စေပါတယ်။ 'ဆာလ်ဖာ' ပါဝင်တဲ့ အသီးအရွက်များကလည်း ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ အာဟာရဗေဒပညာရှင်နဲ့ တိုင်ပင်ပြီး အဲဒီအစားအစာများကို လျော့ချပါ။

ချိုင်းကြား သန့်ရှင်းအောင်ထားပါ
ချိုင်းကြားနေရာက ဘက်တီးရီးယား ရှင်သန်ပေါက်ဖွားရာနေရာတစ်ခု ဖြစ်ပါတယ်။ အနံ့ဆိုးမထွက်စေဖို့ ချိုင်းမွေးကို ပုံမှန်ရိတ်ပေးပါ။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက ရေပြားပေါ် ဘက်တီးရီးယားတွေ လျင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။

ရေဓာတ် ကောင်းစွာဖြည့်ပေးပါ
ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်များ တိုက်ထုတ်ပေးတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရေကို တစ်နေ့ ၈-၁၀ ခွက်နဲ့ အထက် သောက်ပေးပါ။

ပန်းသီးရှာလကာရည် အသုံးပြုပါ
ပန်းသီးရှာလကာရည်ကို အစွမ်းထက် ဘက်တီးရီးယား တိုက်ခိုက်နှိမ်နင်းပေးတဲ့ အရာတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ အရေပြားရဲ့ pH level ကို မျှတအောင် ထိန်းပေးခြင်းဖြင့် ခန္ဓာကိုယ်အနံ့အသက်ဆိုးကို ဖယ်ရှားပေးပါတယ်။ ချိုင်းကြားကို ပွတ်လိမ်း၊ မိနစ်အနည်းငယ်ကြာအောင် ထားပြီးနောက် ရေဖြင့် ပြန်ဆေးချရပါမယ်။ ဒါမှမဟုတ် ပန်းသီးရှာလကာရည် (၁)ခွက်ကို ရေနွေးနဲ့ ရောပြီး အဲဒီထဲ ၅-၆ မိနစ်ကြာ နေ့တိုင်း စိမ်ပေးရပါမယ်။

ရောရောသမမွှေဘက်ကနေ ဒီအချက်လေးတွေ ထပ်ဖြည့်ပေးပါရစေ... 

ဂျိုင်းမွေး ပြောင်အောင် နုတ်ပါ ကျောက်ချဉ် လိမ်းပါ
ချိုင်း (ဂျိုင်း) မွေးကို ပြာ သို့ ထုံးနှင့် နုတ်နုတ်ပေးပါ။ ချိုင်းကြားမှာ ချိုင်းမွေးအုပ်ကြီး ထူနေရင် ကျန်းမာရေးနှင့် မညီညွတ်တဲ့အ
ပြင် ထွက်လာတဲ့ ချွေးတွေက အမွေးတွေမှာ စိုရွှဲနေတတ်ပြီး ချွေးပေါ်ချွေး ဆွတ်ထားသလိုဖြစ်နေပြီး သွားလေရာနံတတ်ပါ
တယ်။ ချိုင်းမွေးကို ဂြုတ်(ဘလိတ်ဓါး)နှင့် ရိတ်မယ်ဆိုရင် ဂျိုင်းသားတွေဟာ မဲသွားတတ်ပါတယ်။ ရှေးလူကြီးသူမတွေက
ရေမချိုးခင်အလျှင် ဂျိုင်းကို အမွေးနုတ်ပြီး ထုံးရည်ကြည်လေး ပွတ်ပွတ်ပေးဖို့ ပြောပါတယ်။ နာရီဝက် တနာရီလောက်ကြာ
တဲ့အခါ ရေသန့်စင်အောင် ဆေးကြောပစ်ရပါတယ်။  ရေးဆေးပြီးနောက် (သို့) ရေချိုးပြီးနောက် မှုန့်ညှက်နေအောင် ကြိတ်

" အမလေးတော်...လိမ်ပဲ လိမ်နိုင်ကြတဲ့ အင်တာနက်က အလိမ်ဇာတ်တွေ "

 
 ပြီးခဲ့သည့် ၂၀၁၅ သည် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုတွေ ပလူပျံခဲ့သော နှစ်ဟုဆိုလျှင်မမှား။
          လူအများအာရုံကို ချူယူဖို့ တမင်ဖန်တီးခဲ့ကြသည့် အတုများ။ အထူးသဖြင့် လူအများ စိတ်ဝင်စားသည့် သတင်းများနဲ့ ပတ်သက်ပြီး ထွက်လာသော အတုများ။ စာဖတ်သူရော ၂၀၁၅ တစ်နှစ်တာ အတွင်း အောက်တွင် ဖော်ပြမည့် သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုများနဲ့ တိုးခဲ့ဖူးပါသလား။

နီပေါ ငလျင် ကာလတုန်းက သနားစဖွယ် ဓာတ်ပုံ
          ၂၀၁၅ ဧပြီလက နီပေါငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပိုင်း အတွင်းမှာပင် ရင်ကိုထိသော ဓာတ်ပုံလေး တစ်ပုံ ဆိုရှယ် မီဒီယာများပေါ်မှာ ပျံ့ခဲ့သည်။ ဓာတ်ပုံက အတုတော့ မဟုတ်။ သို့သော် နေရာလွဲနေသော အစစ်ဖြစ်နေ၏။
          'နီပေါငလျင်တွင် နှစ်နှစ်အရွယ် ညီမငယ်ကို ကာကွယ် ပေးနေသော လေးနှစ်သား အစ်ကို' ဟူ၍ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသဖြင့် ဆိုရှယ် မီဒီယာပေါ်မှာ ပလူပျံနေအောင် ရှယ်ယာ လုပ်ခဲ့ကြသော ပုံလေး ဖြစ်သည်။
          သို့သော် ထိုပုံသည် ၂၀၀၇ ခုနှစ်က ဗီယက်နမ် ကျေးလက်ဒေသ တစ်ခုတွင် ရိုက်ထားသောပုံ ဖြစ်နေသည်။
          ''ကျွန်တော် ရိုက်ခဲ့သမျှ ပုံတွေထဲမှာ ရှယ်ယာ လုပ်ခံရဆုံး ပုံလေးလို့တောင် ဆိုရမယ်။ဆိုးတာက နေရာလွဲနေတာပဲ'' ဟု မူရင်း ဓာတ်ပုံဆရာ နာဆန်ငူယန်က ပြောသည်။

နီပေါငလျင် လှုပ်စဉ် ရေကူးကန် ဗီဒီယို
          နီပေါငလျင် လှုပ်ပြီး မကြာခင်မှာပင် ယူကျုနှင့် ဖေ့စ်ဘွတ်ခ်ပေါ် လုံခြုံရေး ကင်မရာ ဗီဒီယိုဖိုင် တက်လာသည်။ ဗီဒီယိုထဲတွင် ခတ္တမန္ဒမြို့ ဟိုတယ် ရေကူးကန် လုံခြုံရေး ကင်မရာက ရိုက်ထားသည် ဟူသော ရုပ်သံမြင်ကွင်းပါသည်။ ငလျင်ကြောင့် ရေကူးကန် အတွင်းရှိရေများ ဘောင်ဘင်ခတ်နေပုံကို မြင်ရသည်။
          ထိုဗီဒီယိုကြောင့်လည်း နီပေါငလျင် အားပြင်းလှချည့်ဟု ကမ္ဘာတစ်ဝန်းက ထိတ်လန့်ခဲ့ကြသည်။ သို့သော် တကယ်တမ်းမှာကား ထိုဗီဒီယိုသည် ၂၀၁၀ ပြည့်နှစ်က မက္ကစီကိုတွင် ငလျင်လှုပ်စဉ်က ရိုက်ထားသော ဗီဒီယို ဖြစ်နေသည်။
          ''ဘယ်နေရာမှာ ဖြစ်ဖြစ် ငလျင် ခပ်ကြီးကြီးလေး လှုပ်လိုက်ပြီ ဆိုမှဖြင့် အဲဒီ ဗီဒီယိုကို ပြန်ဆွဲထုတ်ပြီး လှုပ်တဲ့ ဒေသ နာမည်တပ်ပြီး တင်ကြပြန်တာပဲ'' ဟု ယူကျုသုံးသူ တစ်ယောက်က ပြောသည်။
          နောက်ထပ် တိုက်ပြို ဗီဒီယိုများ တက်လာရာတွင်လည်း အချို့သည် အီဂျစ်က မြင်ကွင်းတွေ ဖြစ်နေပြန်သည်။

ဥရောပသွား ခရီးစဉ်ကို ဓာတ်ပုံ မှတ်တမ်းတင်ပြီး ဆိုရှယ် မီဒီယာတင်သူ ဒုက္ခသည် 
          ၂၀၁၅ နွေကာလက ဆီနီဂေါကနေ စပိန်ကို ပြောင်းရွှေ့ခိုလှုံသူ အမျိုးသား တစ်ဦးက သူ့ခရီးစဉ် တောက်လျှောက် မြင်ကွင်းများကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ် ဆိုရှယ်မီဒီယာသို့ တင်ခဲ့ရာ ကမ္ဘာတစ်ဝန်းက သဘောကျခဲ့ကြသည်။
           အဒူဒီယော့ဖ်သည် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် နေထိုင်သူဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သိရသည်မှာ အဒူဒီယော့ဖ်ဟူသည် တကယ့်ဒုက္ခသည် မဟုတ်ဘဲ စပိန်မြောက်ပိုင်းတွင် ကျင်းပမည့် ဓာတ်ပုံပွဲတော် အတွက် ဆွဲဆောင်ရေး အစီအစဉ် တစ်ရပ်အဖြစ် ဖန်တီးထားကြခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။

အကြမ်းဖက်သမား ခိုလှုံသူတဲ့လား
          ၂၀၁၅ နှောင်းပိုင်း ဥရောပ ခိုလှုံသူ အကျပ်အတည်း ကာလအတွင်း ခိုလှုံသူများ၏ နောက်ခံ ရာဇ၀င်ဆိုင်ရာ 'ယခင်နှင့် ယခု' ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ်မှာ ပလူပျံခဲ့သည်။
          ''ဒီလူကို မှတ်မိလား။ မနှစ်က IS အကြမ်းဖက်သမား ၀တ်စုံနဲ့ပေါ့။ ခုတော့ ခိုလှုံသူဆိုပြီး ဥရောပ ရောက်နေတယ်လေ'' ဟု အမျိုးသား တစ်ယောက်၏ 'ယခင်နှင့် ယခု' ဓာတ်ပုံကို ဆိုရှယ် မီဒီယာပေါ်မှာ တွေ့ရသည်။
            ဓာတ်ပုံထဲတွင် ပါသူမှာ လိုက်အယ်လ်-ဆာလက်ဟ် ဆိုသူဖြစ်ပြီး၊ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-

" ကမ္ဘာကို ကြီးစိုးလာသော တောင်ကိုရီးယား “K-beauty” အလှကုန်များ "

 
  ကမ္ဘာ့အမျိုးသမီးများထဲတွင် တောင်ကိုရီးယား အမျိုးသမီးတို့သည် အလှကုန် အတွက် ငွေအသုံးဆုံးဖြစ်၏။ ခရုအညစ်အကြေး
ဆီနဲ့ လုပ်ထားသည့် ကိုရီးယား မျက်နှာလိမ်းခရင်မ် မကြားဖူးဘူး ဆိုပါက စာဖတ်သူသည် ခေတ်နောက်ကျနေပြီ။ စာဖတ်သူ
သည် အမျိုးသမီးတစ်ဦး ဆိုပါက တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါလောက် ဖြစ်ဖြစ် ကိုရီးယားက လာသည့် ပင်လယ်ရေ
ညှိ မျက်နှာပေါင်းတင်ချပ်နဲ့ အိမ်မှာ ကိုယ့်ဖာသာ ပေါင်းမတင်ဖူးပါကလည်း အမျိုးသမီးများကြားမှာ ခေတ်နောက်ကျသော အမျိုး
သမီး ဖြစ်နေနိုင်သည်။ ကမ္ဘာ့ဈေးကွက်ထဲ တိုးဝင်လာသည့် ကိုရီးယား အလှကုန်များထဲတွင် အထက်ပါ အလှကုန်နှစ်မျိုးသည် တပ်ဦးက ချီတက်လာနေသည်။
          တောင်ကိုရီးယားသူ တောင်ကိုရီးယားသား တို့သည် အလှကုန်ကို စုံမက်ရာတွင် ထိပ်ဆုံး၌ ရှိသူများလည်း ဖြစ်သည်။
 တောင်ကိုရီးယားသူ တစ်ဦးသည် အမေရိကန်သူ တစ်ဦးထက် အလှကုန် အတွက် ငွေနှစ်ဆလောက် ပိုသုံးနေကြသည်။
 တောင်ကိုရီးယားသား များသည်လည်း ကမ္ဘာ့အမျိုးသားများထဲတွင် အလှကုန် အတွက် ငွေအသုံးဆုံးသူများ အဖြစ် စံချိန်တင်
နေသည်။
          အလှကုန် စုံမက်သူများ ဖြစ်သည်နှင့်အညီ အလှကုန်လုပ်ငန်း၊ အသားအရေ ထိန်းသိမ်းရေးပစ္စည်း လုပ်ငန်း သုတေသန
နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကလည်း တောင်ကိုရီးယားမှာ အလွန်အားကောင်း ဖွံ့ဖြိုးသည်။ တောင်ကိုရီးယား အလှကုန် ပို့ကုန်
လုပ်ငန်းကလည်း တစ်နှစ်ပြီး တစ်နှစ် တိုးသထက် တိုးလာသည်။
          ၂၀၁၅ ခုနှစ်တွင် အလှကုန်ပို့ကုန် တန်ဖိုး ဒေါ်လာသန်း (၂၆၄၀) ဖိုးထိ ရှိသည်။ ၂၀၁၂တုန်းက ဒေါ်လာသန်းတစ်
ထောင်ဖိုး၊ ၂၀၁၄ တုန်းက ဒေါ်လာသန်း (၁၉၁၀) ဖိုးရှိခဲ့သည်။ တောင်ကိုရီးယား အလှကုန်များကို နိုင်ငံတကာ ဈေးကွက်တွင် “K-beauty” ဟု လူသိများသည်။
           ကေပေါ့ အဆိုတော် အဖွဲ့များကို ခေါ်ဝေါ်သည့် နာမည်နှင့် ခပ်ဆင်ဆင် ဖြစ်သည်။ တောင်ကိုရီးယားသည်အမေရိကန်
သို့ အလှကုန် အများဆုံး တင်ပို့နေရသည်။ အမေရိကန်တွင် နေထိုင်သည့် ကိုရီးယား နွယ်ဖွားများက အမေရိကန်မြေတွင် ကိုရီး
ယား အလှကုန် ဖြန့်ချိသည့် လုပ်ငန်းများ အဓိက လုပ်ကိုင်နေကြသည်။

အရှေ့အနောက် အားပြိုင်မှု
          နယူးယောက်မြို့ ကိုရီးယားတန်း (တရုတ်တန်းကဲ့သို့) ထဲက ကိုရီးယား အလှပြင်ဆိုင်ကို အတူဖွင့်လှစ်ထားကြသည့် အသက် (၃၄) နှစ် အရွယ် ခရစ္စတင်းချန်နှင့် အသက် (၃၅) နှစ် အရွယ် ဆာရာလီ တို့သည် အမေရိကန်မြေတွင် ကိုရီးယား အလှကုန်များ ကျယ်ပြန့်လာစေသူများထဲ၌ ပါဝင်သည်။
          အလှပြင်ဆိုင် ဧည့်ခန်းထဲတွင် မစ္စလီသည် အဖြူရောင် ကြည်ကြည် နုနု မှိုတစ်မျိုး၏ပုံကို ကိုင်ကာ ထိုမှိုသည် အသား
အရေကို စိုပြေစေနိုင်စွမ်းရှိပုံကို ရှင်းပြနေသည်။ မစ္စလီ ရှင်းပြနေသည်များကို အလှအပရေးရာ မဂ္ဂဇင်းများမှ အယ်ဒီတာများ၊ သတင်းသမားများက စိတ်ဝင်တစား နားထောင်ကာ မှတ်စုတွေ လိုက်ရေးနေသည်။
            မစ္စလီနှင့် မစ္စချန်တို့သည် အမေရိကန်ကပြား ကိုရီးယားနွယ်ဖွားများ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကသူတို့နှစ်ဦး
Subscribe

လာလည်သူများ

free counters