♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2016

" တောင်ပြိုကန်ကြီး၏ အန္တရာယ် "

 
၂၀၁၅ ခုနှစ် ဇူလိုင်အတွင်းက အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်များပြိုကျကာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၄၄၀၀ ကျော် အမြင့်တွင် သဘာဝအလျောက် ကန်ကြီးတစ်ကန် ဖြစ်ပေါ်နေသည်ဟူသော သတင်းသည် ရေကြီးရေလျှံမှုအပြီး ဩဂုတ်လမှ စတင်၍ ပြည်သူများအကြား ပျံ့နှံ့ခဲ့သည်။ 
အဆိုပါကန်ကြီးသည် ကြီးမားလွန်းလှ သည့်အတွက် ပြိုကျလာပါက တွီလွိချောင်း ဘေးဝဲယာနေ ကျေးရွာများအပေါ် ဖုံးလွှမ်းနိုင်သဖြင့် ပြည်သူများ ရွှေ့ပြောင်းကြရန် လိုအပ်ကြောင်း ကန်ကြီးအား မြင်တွေ့ခဲ့ရသည့် မုဆိုးတစ်ဦးက ပြောသည်ဟူသည့် စကားသည် လောလောလတ်လတ် ရေဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများအကြား စိုးရိမ်နေကြသူများ ရှိသကဲ့သို့ ယုံတမ်းပုံပြင် တစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသူများလည်း ရှိသည်။
“ကန်ကြီးကိုတော့ လာကြည့်တာ မဟုတ်ဘူး။ ရွာနားက တောင်ယာစိုက်ခင်း ကနေ မြေပုံမို့မို့ကြီးကို လှမ်းမြင်နေရတော့ ကန်ကြီးတစ်ခု ဖြစ်နေပြီဆိုပြီး သိခဲ့ကြတယ်” ဟု မြေပြိုကန်နှင့် ရှစ်မိုင်ကျော်အကွာ ဟန်ကင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေမှူး ဦးရန်ဒိုထန်က ပြောသည်။
ဟန်ကင်ကျေးရွာသည် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည်မှ အနောက်ဘက် ၁၂ မိုင်အကွာ၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်းလေးထောင်ကျော်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာ၏ အောက်ခြေတွင် တွန်းဇံမြို့နယ်ရှိ တောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာသည့် တွီလွီချောင်းမှာ ရစ်ခွေစီးဆင်းနေပြီး မိုးရာသီကာလ မြေပြိုကျမှုကြောင့် ညို့မှိုင်းနေသော သစ်ပင်များအစား မြေသားဖြူဖြူကြီးများ ကိုသာ ချောင်းအားအပေါ်စီးမှ မြင်တွေ့ရသည့် ဟန်ကင်ကျေးရွာမှ လှမ်းမြင်နေရသည်။
ဟန်ကင်ကျေးရွာသားများ မှလွဲ၍ ကန်ကြီးကို မမြင်ဖူးသေးသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ငါးသိန်းသော ပြည်သူများအကြား ကောလာဟလ ဖြစ်နေသော ရေကန်ကြီး အမှန်တကယ် ရှိကြောင်း မည်သူမျှ အတပ်မပြောနိုင်သေးခင် ဩဂုတ် နောက်ဆုံးပတ်က နတ်မြောင်းချောင်း အတိုင်း စီးဆင်းလာသည့် ရေများနှင့် မျောလာသည့် သစ်လုံးကြီးများ ပါဝင်သည့် နွံထုကြီးသည် တွိးခိန်ဇန် (ခေါ်) ဟားခါးလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာရှိ လူနေအိမ်များကို ဖုံးလွှမ်းသွားပြီးနောက် ပြည်သူများ၏ စိုးရိမ်စိတ်သည် ပိုမိုကြီးမားလာခဲ့သည်။
ထိုသို့ စိုးရိမ်ကြီးမားနေသော ဒေသခံများ သတင်းမှန် သိရှိစေရန် အတွက် ကလေးမြို့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရာဇဂြိုဟ်ဆည်စီမံကိန်း တည်ဆောက်ရေးမှ အင်ဂျင်နီယာအချို့ ပူးပေါင်းကာ ကန်ကြီးရှိနေသည့် နေရာသို့ သွားရောက် လေ့လာခဲ့ကြသည်။ ထိုသို့ လေ့လာခဲ့ပြီးနောက် ကလေးမြို့ ရာဇဂြိုဟ်ဆည်အတွင်း စီးဝင်သည့် နေရဉ္စရာ ချောင်းထဲသို့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာမှ ရှစ်မိုင်ခန့်အကွာ တောင်ပေါ်တစ်နေရာတွင် တောင်များ ပြိုကျပြီးဖြစ်လာသော ကန်ကြီးတစ်ခု သဘာဝအလျောက် ရှိလာသည်မှာ အမှန်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ယင်းနောက် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကန်ကြီးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သွားရောက် လေ့လာ စူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။
ရေနည်းကာလ ဖြစ်သည့် ဖေဖော်ဝါရီ ပထမပတ်တွင် တောင်ပြိုကန်၏ မျက်နှာပြင် အကျယ်သည် ၁၀၀ ဒသမ ၄၄ ဧက

February 21, 2016

" ဒီတနင်္ဂနွေမှာ အပျင်းဖြေဖို့ Just For Laughs အဖွဲ့ရဲ့ ဟာသလေးတွေ ကြည့်ကြစို့လား "

ယူတျူဗ် မူရင်း လင့်က ဒီမှာပါ....
https://youtu.be/iqFL0CxZcAE

" ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း "

 
ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း.. အာလူးရှိရင် ရပါပြီ..

အမျိုးသမီးတွေ သာမက အမျိုးသားတွေ ပါ အသက်အရွယ် တဖြေးဖြေး ရလာ တာ နဲ့ အမျှ ဆံပင်ဖြူလာတာကို လည်း မလွှဲမသွေ ကြုံတွေ့ ရမှာပါ.. အဲလို ဆံပင်ဖြူလာတာ ကို ဖုံးကွယ်ဖို့  ဆံပင်ဆေးဆိုးရတာဟာလည်း အလုပ်တစ်ခု လို ဖြစ်လာပါတယ်.. အခန့်မသင့်ရင် ဆိုးဆေးနဲ့  မတည့်တာတွေ … ဆံပင် ကျွတ်တာတွေ လည်း ဖြစ်နိုင်ပါတယ်.. အခုတော့ ဒါတွေ အတွက် စိတ်ပူစရာ မလိုတော့ပါဘူး…သဘာဝ နည်း အတိုင်း ဆံပင်တွေ ကို ပြန် မည်းနက် စေနိုင်တဲ့ နည်းကို တွေ့ ထားပါပြီ..

ဆံပင်ဖြူတွေ တွေ့ လို့ အလှပြင်ဆိုင် ပြေးပြီး ပိုက်ဆံတွေ အများကြီး အကုန်ခံစရာ မလိုတော့ပါဘူး…. ထူးဆန်းတယ် လို့ ထင်ရပေမဲ့ တကယ်ကို အစွမ်းထက်ပြီး ဘေးဥပါဒ် ကင်းတဲ့ ရိုးရိုး စင်းစင်း ဒီ နည်းလေးကို စမ်းသပ် ကြည့် နိုင်ပါတယ်..
အာလူး ၁၀လုံး ခန့် ကို အခွံခွာပြီး အာလူး အခွံတွေ ကို နာရီဝက်လောက် ပြုတ်ပါ.. ပြီးရင် အာလူးခွံတွေကို ဖယ်ပြီး

" ဘ၀လက်တွဲဖော် တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးများ "

 
ကိုယ်တစ်ဘ၀လုံး လက်တွဲသွားရမယ့် သူဆီမှာ ဒီထဲက အရည်အချင်းတွေ အားလုံးမဟုတ်တောင် လက်ခံနိုင်မယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်ပါတယ်။ ဒီတော့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ သင့်ချစ်သူဆီမှာ ဒီလို အရည်အချင်းလေးတွေ ရှိသလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။

၁။ ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို ပံ့ပိုးပေးတတ်တာ။ကိုယ်လုပ်ချင်တယ်လို့ ဆန္ဒပြင်းပြနေတဲ့ အရာတစ်ခုကို ဘယ်သူတွေဘာပဲပြောပြော ထောက်ခံအားပေးပြီး ပံ့ပိုးပေးတတ်တာ။

၂။ ကိုယ့်တန်ဖိုးကို ပိုတက်စေတဲ့သူ။ ကိုယ့်မှာ ရှိတဲ့ အရည်အသွေးကို တိုးတက်လာအောင်နှိုးဆွပေးနိုင်တာ။

၃။ ကိုယ့်ကိုယ် ဘာအကြောင်းပြချက်ရှိရှိ လက်တွဲမဖြုတ်ဘဲ ချစ်သွားနိုင်မယ်လို့ ယုံကြည်နိုင်လောက်တဲ့ ခံစားချက်မျိုးပေးနိုင်တာ။

၎။ ညှိနှိုင်းဆွေးနွေးလိုစိတ်ရှိတာ။ အရာရာတိုင်းသူနဲ့ကိုယ် စိတ်သဘောထားချင်း တိုက်ဆိုင်နေနိုင်တာ မဟုတ်တဲ့အတွက် သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးညှိနှိုင်းတတ်တာ။

၅။ ကိုယ့်မိသားစုနဲ့ မိတ်ဆွေတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတတ်တာ။

၆။ ကိုယ့်နဲ့ သူအယူအဆ မတူရင်တောင် ကိုယ့်အယူအဆကို တန်ဖိုးထားနားလည်ပေးတတ်တာ။

၇။ ယုံကြည်လို့ရတဲ့သူဖြစ်တာ။ဘာကိစ္စပဲ ရှိရှိ ကိုယ့်အပေါ်ကိုရိုးသားပွင့်လင်းပြီး ကိုယ့်အားနည်းချက် အားသာချက်တွေကို နားလည်ပေးနိုင်တယ်လို့ ယုံကြည်နိုင်တာ။

၈။ ပြီးခဲ့တဲ့ ပြဿနာတွေကို အစပြန်ပြန်ဖော်ပြီး မတူးဆွတတ်ဘဲ ရှေ့ကောင်းဖို့ကိုပဲ အလေးထားတတ်တာ။

၉။ တာဝန်ယူနိုင်တာ။ ကိုယ်နဲ့ယှဉ်လာရင် သူ့အတ္တကို ဘေးဖယ်ထားပြီး သူ့တာဝန်ကို ကျေအောင်ဆောင်ရွက်ပေးတတ်တာ။ သူ့အမှားကို ၀န်ခံတတ်ပြီး တခြားသူတွေကို အပြစ်ပုံချတာမျိုးမလုပ်တတ်တာ။

၁၀။ မှီခိုအားထားလို့ရတာ။ လူမှုရေး ၊စီးပွားရေးတင်မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ခံစားချက်အားလုံးအတွက်လည်း အပြန်အလှန်

" အာလူးကြော်စားခြင်းကြောင့် ရလာမယ့် ကျန်းမာရေးဆိုးကျိုး (၄) ခု "

 
အာလူးကတော့ သဘာဝ ကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဆီများများနဲ့ ကြော်ထားတဲ့ အာလူးကြော်ကတော့
 ကောင်းကျိုးပေးမယ့်အစား ဆိုးကျိုးတွေ များနေပါတယ်။ ကြိုက်လို့ပဲဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် စားနေမိတဲ့ အာလူးကြော်အကြောင်း ဖတ်ကြည့်ပါဦး။

၁။ နှလုံးရောဂါနဲ့ ဆီးချို

ကင်ဆာရောဂါကို သယ်ဆောင်လာမယ့် ပြည့်ဝဆီရဲ့ အန္တရာယ်ရှိနေပါတယ်။ အာလူးကြော်တွေဟာ များသောအားဖြင့် အဆီခဲနဲ့ ပြည့်ဝဆီတွေကို အသုံးပြုကြတာပါ။ ပြည့်ဝဆီတွေကို စားသုံးခြင်းကြောင့် နှလုံးသွေးကြောပိတ်တာ၊ နှလုံးရောဂါတွေနဲ့ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ အသားအရည်ပျက်စီး

အသားအရည်က အဆီပြန်လာပြီး ဝက်ခြံတွေကို ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

၃။ ကိုယ်အလေးချိန်တက်စေ

ရှိသင့်တာထက် ပိုပြီးဝနေလို့ ကိုယ်အလေးချိန်လျော့ချင်ရင်တော့ အာလူးကြော်စားနေတာကို ချက်ခြင်းရပ်တန့်လိုက်ပါ။ အဆီ၊ ကာဗိုဟိုက်ဒြိတ်နဲ့ ကယ်လိုရီတွေ များလွန်းတဲ့ အာလူးကြော်ကြောင့် လှပအချိုးကျတဲ့ ကိုယ်ခန္ဓာကို ဆုံးရှုံးသွားသူတွေ

" ရည်းစားကို အပျော်သာ တွဲတတ်တဲ့ ကောင်လေးမှန်း သင်သိစေနိုင်မယ့် အချက်များ "

 
တစ်ချို့သော ကောင်လေးတွေဟာ အတည်တကျရည်းစား မထားတတ်ကြပါဘူး။ လပိုင်း၊ အများဆုံးမှ နှစ်ပိုင်းလောက်သာ တွဲပြီး အကြောင်းအမျိုးမျိုးရှာ ဖြတ်ပစ်တတ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုလူတွေက ဘယ်လိုလူမျိုးတွေများ ဖြစ်မလဲဆိုတဲ့ အပျော်တွဲသူရဲ့ စရိုက်တွေကတော့-

၁။ အပျော်တွဲသူက သင့်နာမည်ကိုအမှတ်တမဲ့ မှားခေါ်တတ်တယ်-ဥပမာ သင့်နာမည် ဟန်နီကို စန္ဒီဆိုပြီး အမှတ်တမဲ့ မှားခေါ်တတ်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ သင့်အပြင် အခြားရည်းစားနာမည်က စန္ဒီဖြစ်နေလို့ မေ့ပြီး ခေါ်လိုက်မိတာပါပဲ။

၂။ အပျော်တွဲသူက အင်မတန်မနှစ်မြို့စရာ ၊စိတ်ပျက်စရာကောင်းတယ်။- အခုလို မိန်းကလေးတွေကို အပျော်တွဲတတ်တဲ့ ကောင်လေးတွေဟာ များသောအားဖြင့် သူတို့ကိုယ် သူတို့အလွန် သ နေတတ်ပြီး ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်လွန်းအားကြီး လုပ်နေတတ်ပါတယ်။ ပြောရရင် နောက်ထပ် တခြားမိန်းကလေးတွေကို ဆွယ်ဖို့ ရှိုးထုတ်တတ်ကြလွန်းပါတယ်။

၃။ကောင်မလေးတွေကို အီစီကလီလုပ်ပြီး ဘူးခံငြင်းတတ်ပါတယ်။ သင်က ဒီလိုကောင်လေးတစ်ယောက်နဲ့ တွဲမိတဲ့အခါမှာ အဲကောင်လေးဟာ တခြား မိန်းကလေးတွေနဲ့ လိုတာထက်ပိုပြီး တရင်းတနှီး ဆက်ဆက်လွန်းလှတာကို တွေ့ရပါလိမ့်မယ်။ သင်က သူ့ရဲ့အီစီကလီ အပြုအမူကို လက်ပူးလက်ကြပ် မိတာတောင်မှ အပျော်တွဲတတ်သူတို့ရဲ့ ထုံးစံအတိုင်း မဟုတ်ပါဘူးလို့ ဘူးခံငြင်းပြီး သင်ကပဲ အလကားနေ သံသယများတတ်သူ ဖြစ်သွားရပါတော့တယ်။

၎။ အပျော်ကြံသူ တစ်ယောက်ဟာ သင့်ရဲ့ခန္ဓာကိုယ်ကို မလျော်မကန် စူးစိုက်ကြည့်တတ်ပါတယ်။- ဥပမာ သင့်အ၀တ်အစားမှာ တစ်စုံတစ်ခု မလျော်မကန်ဖြစ်နေရင် ဒီလိုလူမျိုးဟာ မျက်စိကျနေတတ်ပါပြီး စူးစိုက်ကြည့် တတ်ပါတယ်။

၅။ အပျော်တွဲတတ်သူ တစ်ယောက်ဟာ သင့်အပေါ်မှာ ကြီးကြီးမားမား တွယ်တာ ခံစားမှု ရှိမှာ မဟုတ်ပါဘူး။-သူတို့ဟာ လွယ်လွယ်ရချင်ပြီး နက်နက်နဲနဲ သိပ်မရှိလှပါဘူး။ သူတို့စိတ်ဝင်စားတဲ့ မိန်းကလေးတွေထဲက တစ်ယောက် အဖြစ်သာ

ပါလီမန် ဥက္ကဌတွေရှေ့မှာ ဟနုမာန်မင်းရဲ့ ရွှေတင်းပုတ်ကြီးလို မသွားတာ ဘာကြီးလဲ "

 
 မြန်မာပါလီမန်(လွှတ်တော်) ရှေ့က ကျိုင်း
 
ဗြိတိသျှ ပါလီမန်စားပွဲခုံပေါ်မှ ကျိုင်း
 
ပါလီမန်အတွင်းရှိ ဘုရင်မကြီး ကိုယ်စားပြုကျိုင်း
Subscribe

လာလည်သူများ

free counters