September 29, 2018
မုန့်ဟင်းခါးတစ်ပွဲ ငါးထောင်ပေးစားပြီး စီးပွားရေးကျနေသည်ဟု ပြောနေသည့် သူဌေးကြီးများစကား လုံးဝလက်မခံဟု စီးပွားရေးကော်မတီဝင် ဦးအေးလွင် ပြော
မုန့်ဟင်းခါးတစ်ပွဲ လျှင် ကျပ်ငါးထောင်ပေးစားကာ စီးပွားရေးကျနေသည်ဟု ပြောနေသည့်သူဌေးကြီးများ၏ စကားကို လုံးဝလက်မခံကြောင်း NLD ပါတီမှ ဗဟိုစီးပွားရေးကော်မတီဝင် ဦးအေးလွင်က ပြောကြားလိုက်သည်။
လက်ရှိ၌ စီးပွားရေးအကျပ်အတည်းအခက်အခဲဖြစ်သည်များကို လက်ခံပြီး NLDအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အား ကန့်လန့်တိုက်နေ့သည့် သူဌေးကြီးများ ၏ စကားများကိုတော့ လက်မခံကြောင်း ဦးအေးလွင်က ဆိုသည်။
“လူလတ်တန်းစားတွေစားတဲ့ မနက် မနက် လက်ဖက်ရည်ဆိုင်ကြီးတွေသွားကြည့်ပါ။ ကော်ရည်တစ်ပွဲငါးထောင် ၊ မုန့်ဟင်းခါးတစ်ပွဲငါးထောင် ကော်ဖီလက်ဖက်ရည်တစ်ခွက် သုံးထောင် သောက်ပြီးတော့ ထိုင်ပြောနေတဲ့ သူဌေးကြီးတွေက ပြောတဲ့ စီးပွားရေးကျနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့လုံးဝ လက်မခံပါဘူး။ ဒါအမှန်တရားပြောတာ။
September 23, 2016
အိမ်သာထဲ ဖုန်းပြုတ်ကျတာ ပြန်ကောက်ဖို့ ကြိုးစားရင်း ဆိုးရွားလွန်းတဲ့ အခြေအနေနဲ့ ကြုံလိုက်ရတဲ့ အမျိုးသား
တရုတ်နိုင်ငံ Guandong ဒေသက အမျိုးသားတစ်ဦးဟာ သူ့ရဲ.အိမ်က အိမ်သာထဲ ဖုန်းလွတ်ကျတာကို ပြန်ကောက်ဖို့ ကြိုးစားရင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပါတယ်။
ဖြစ်ရပ်ကတော့ ဗုဒ္ဒဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မနက် ခြောက်နာရီခွဲကျော်မှ သူ့ကို ကယ်ထုတ်နိုင်ခဲ့တာပါ ။ မီးသတ်သမားတွေ ရောက်လာချိန်မှာ ဒီအမျိုးသားဟာ အိမ်သာ ကြမ်းပြင်မှာ လက်တစ်ဖက်က အိမ်သာခွက်ထဲ နှိုက်လျှက် ပြန်ထုတ်မရတဲ့ အခြေအနေနဲ့ တွေ့ရတာပါ။
အမျိုးသားဟာ အိမ်သာထဲမှာ အခုလို အခြေအနေနဲ့ မနက် ၂ နာရီထဲက ကြုံတွေ့ခဲ့ရပေမယ့် ကံဆိုးချင်တော့ သူက အိမ်မှာ တစ်ယောက်တည်း နေတာမို့ ဘယ်သူကမှ မကူနိုင်ခဲ့ပါဘူး ။ သူ့အော်ဟစ်သံကိုလည်း ဘယ်သူမှ မကြားပဲ မနက် ငါးနာရီထိုးမှ အိမ်နီးချင်းက ကြားခဲ့တာပါ ။ အိမ်နီးချင်းက မီးသတ်သမားတွေကို အကူအညီတောင်းဖို့ နောက်ထပ် တစ်နာရီ
ခွဲစိတ်စဉ်အူမကြီးနဲ့ယောနိကိုမှားချိတ်ပေးမိလို့ မ-အင်္ဂါကနေလေလည်နေရသူ
Jasminka ဟာ အူမကြီးကင်ဆာရောဂါခံစားခဲ့ရပြီး Hospital Manager Sasho Stojcev ဆေးရုံကို တက်ရောက်ခွဲစိတ် ကုသမှု ခံယူခဲ့ပါတယ်။ ဒီအတွက် သူမမှာ အကြွေးတွေပတ်လည်ဝိုင်းနေခဲ့ပြီး ခွဲစိတ်မှုကလည်း ကမောက်ကမ ဖြစ်ခဲ့ရတာမို့ သူမအနေနဲ့ လျှော်ကြေးတောင်းခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ငြင်းဆန်ခဲ့ပါတယ်။
ဒေသရုပ်သံတွေနဲ့ အင်တာဗျူးမှာ မပျော်မရွှင်တဲ့ပုံစံ ဖြစ်နေတဲ့ Jasminka က ” ဒေါက်တာတွေက မေးတယ် … လေလည် ရသလား … ဆိုတော့ … ကျွန်မက လေကတော့ လည်ရပါတယ် … ဒါပေမယ့် ယောနိကနေ ထွက်နေခဲ့တယ်လို့ ပြန်ဖြေလိုက်ပါတယ် .. အဲဒီတော့ ဆရာဝန်တွေက … မကြာခင် ပြန်အဆင်ပြေမှာပါ … ဒါဟာ ခဏတာပါဘဲလို့ ပြောခဲ့
တယ် … အခုတော့ တာဝန်မယူဘူး ” လို့ ဖွင့်ဟခဲ့ပါတယ်။
Hospital Manager Sasho Stojcev ဆေးရုံဟာ မက်ဆီဒိုးနီးယးနိုင်ငံ မြို့တော် Skopje မှာ တည်ရှိတာဖြစ်ပြီး၊
တရုတ်ပြည်က လူချမ်းသာတစ်ဦးရဲ.သားက သူ့ခွေးအတွက် iPhone 7 ရှစ်လုံးဝယ်ပေးခဲ့
သူမရဲ. ပိုင်ရှင်က သူမအတွက်ဆိုပြီး iPhone 7 ရှစ်လုံးဝယ်ပေးထားတာပါ ၊ သူမရဲ. ပိုင်ရှင်ကတော့ တရုတ်သူငှေး Wan
လိင်မှုဘ၀သာယာရေးအတွက် Testosterone တိုးမြင့်စေမည့် နည်းလမ်းများ (18+)
ကျန်းမာရေးစာစုများအတွက်
Testosterone ဆိုတာကတော့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားလိင်အင်္ဂါပစ္စည်းတွေ ဖွံ့ဖြိုးဖို့အတွက်ရော ကြွက်သားနဲ့ အရိုးကြီးထွာဖို့၊ ခန္ဓာကိုယ်အမွှေးအမျှင်တွေ ပေါက်ဖို့အတွက်တို့ကိုပါ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ လိင်မှုကိစ္စစွမ်းဆောင်ရည်အတွက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏကို သဘာဝအတိုင်း တိုးတက်များပြားလာပြီး ခန္ဓာကိုယ်တောင့်တင်းမှုနဲ့ အိပ်ရာအတွင်းစွမ်းဆောင်ရည်ကောင်းလာစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသည့် စားစရာများ များများစားပါ။
အခုခေတ်အမျိုးသား (၃)ယောက်မှာ (၁)ယောက်က သွေးဖိအားများတဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာက သင့်ရဲ့နှလုံးကို ဆိုးကျိုးပေးပြီး သွေးလည်ပတ်စီးဆင်းမှုကို ချို့ယွင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားလိင်အင်္ဂါထောင်မတ်မှုကို အားနည်းစေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုတက်ဆီယမ်ဓာတ်က ကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါရှိတဲ့ စားသောက်စရာတွေ မှီဝဲပေးခြင်းအားဖြင့် သင့်ရဲ့သွေးဖိအားကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏမှာ ရှိနေစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ စားသောက်စရာတွေကတော့ အာလူး၊ ဟင်းနုနွယ်၊ သခွားမွှေး၊ ခရမ်းချဉ်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ကီဝီသီးနဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။
အငံစားသုံးမှုကို လျှော့ချပါ။
အငံဓာတ်၊ ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွင်း ရေနဲ့အတူလှည့်ပတ်ပါတယ်။ ဆားငံတာတွေ များများစားရင် သွေးကြောတွေတလျှောက် ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပြီး သွေးဖိအားကိုတိုးစေပါတယ်။ သွေးဖိအားများခြင်းက လိင်တံထောင်မတ်မှုကို
ချစ်သူနဲ့ လက်တွဲတွေခိုင်မြဲနေစေဖို့ သိထားသင့်တဲ့ အချက်(၁၁)ခု
ချစ်သူနှစ်ဦးဆက်ဆံရေးတစ်ခုမှာ ပျော်ရွှင်မှုဆိုတာက ကံတရားချည်းသက်သက်မဟုတ်ပါဘူး။ လက်တွဲတွေ ခိုင်မြဲနေစေဖို့ နေ့စဉ်နဲ့အမျှ ဂရုတစိုက်လုပ်ဆောင်ရမယ့် အရာတွေအများကြီးရှိပါတယ်။ လွယ်ပါတယ်လို့ ထင်ရပေမယ့် အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်ကြည်နူးနေတဲ့ ချစ်သူစုံတွဲတွေရဲ့ အလေ့အကျင့်တွေကို အတုယူလုပ်ဆောင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ နှစ်ဦးကြားဆက်ဆံရေးနဲ့ပတ်သက်ပြီး မိသားစု၊ မိတ်ဆွေတွေကို မညည်းညူတတ်ကြပါဘူး။
နှစ်ကိုယ်ကြားကိစ္စမှာ အပြင်လူတွေ ၀င်မပတ်သက်သင့်ဘူးဆိုတာကို ပျော်ရွှင်ကြည်နူးနေကြတဲ့ စုံတွဲတိုင်း သိထားကြပါတယ်။ အရေးကိစ္စတစ်ခုခုပေါ်လာပြီဆိုတာနဲ့ အပြင်လူတွေကို ပြောပြတိုင်ပင်မယ့်အစား အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်ကြပါတယ်။ အပြင်လူတွေကို ဖွင့်ပြောမိပြီဆိုတာနဲ့ နှစ်ဦးသားဆက်ဆံရေးကို ထိခိုက်ပျက်စီးစေမယ့်အရာတွေကပဲ စောင့်ကြိုနေမှာဖြစ်ပါတယ်။
၂။ အခြားသူတွေနဲ့ မနှိုင်းယှဉ်တတ်ကြဘူး။
ပျော်ရွှင်ကြည်နူးနေကြတဲ့ စုံတွဲတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်းလက်ခံပြီး ချစ်တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ နှိုင်းယှဉ်လေ့မရှိပါဘူး။ ဒီလိုနှိုင်းယှဉ်တာက ယုတ္တိမတန်ပဲ
မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

- ကြက်တောင်ပံ – ရခု
- ပါမုန့်ခြောက် – ၁၀၀ ဂရမ်
- ဂျုံမှုန့် – ရ၀ ဂရမ်
- ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
နှပ်ထားရန် ပါဝင်ပစ္စည်းများ
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
Subscribe to:
Posts (Atom)
