♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2015

"စေ့စပ်ပြီးသွားတဲ့ စုံတွဲတွေအနေနဲ့ လက်ထပ်ဖို့မစီစဉ်ခင် တစ်ဦးကိုတစ်ဦးမေးထားသင့်တဲ့ မေးခွန်း (၅) ခု"

 
သင်တို့နှစ်ဦးဟာ ခုချိန်မှာစေ့စပ်ပြီးသွားပြီမို့ ကွန်ကရက်ကျူလေးရှင်းလို့ ပထမဆုံး ဆိုချင်ပါတယ်။ ကဲ နောက်ထပ်ခြေ
လှမ်းသစ်တွေ မလှမ်းခင်၊ သင်တို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အစီအစဉ်မဆွဲခင် တစ်ယောက်နဲ့တစ်ယောက် သေချာမေးထား
ရမယ့် မေးခွန်းလေး (၅) ခုရှိနေပါတယ်။ ဒီမေးခွန်းတွေကို စိတ်တိုင်းကျ မေးမြန်းပြီးပြီ သဘောတူကြည်ဖြူတယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် စစီစဉ်သင့်ပြီပေါ့နော်။ ကဲ မေးခွန်း(၅)ခုကို ပြောပြရရင်ဖြင့်

၁။ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့အယူအဆက ဘယ်လိုများလဲ။

သင်တို့တစ်ဦးချင်းစီရဲ့ ငွေကြေးအနေအထားအကြောင်း ခုချိန်မှာ ပွင့်လင်းစွာပြောဆိုဆွေးနွေးသင့်တဲ့အချိန်ပါပဲ။ ပြီးတဲ့အခါ တစ်လကို ဘယ်လောက်ဝင်တယ်။ အသုံးစရိတ်ကဘယ်လောက်ရှိတယ် စတာတွေကိုလည်း နှစ်ဦးသား တိုင်ပင်သင့်နေပါပြီ။ တစ်ချို့စုံတွဲတွေကတော့ တစ်လမှာဘယ်လောက်ဝင်တယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်။ ဘယ်နှစ်လတစ်ခါ ခရီးသွားမယ် စတာတွေအထိပါ တွက်ချက်ထားလေ့ရှိကြပါတယ်။

၂။ကလေးယူဖို့ ၊ မယူဖို့။ 

အိမ်ထောင်ကျသွားတော့မှ တစ်ယောက်က ကလေးလိုချင်တယ်။ တစ်ယောက်က မလိုချင်ဘူး စသဖြင့် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် အိမ်ထောင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ယောက်အနေနဲ့ တစ်ယောက်က လိုချင်ရဲ့သားနဲ့ အိမ်ထောင်ကျပြီးပြီးချင် မယူချင်သေးတာလား။ ဒါမှမဟုတ် လုံးဝမယူချင်တာလား စတာတွေကို သေချာဆွေးနွေးပါ။  ဒီအချက်ကလည်း အရေးကြီးပါတယ်။

၃။သင်တို့နှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ဝင်စားတာမျိုး၊ သံယောဇဉ်တွယ်သွားတာမျိုးတွေ ရှိလာရင် ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ။

ဒီအခြေအနေကတော့ နာကျင်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကြုံလာရမယ်ဆိုရင် နှစ်ယောက်စလုံး ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကိုတော့ ခုကတည်းက ကြိုတွေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးက

" သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက် "

(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2
(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k
(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d
(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?ht3gdri35qjcolc
(၅)အိုဘယ့်အနော်ရထာ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?8uzaxzzzzdt9dyf
(၆)၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?1y75jvx7jcb9c63
(၇)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၁ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?2y0baijuh4lwwhl
(၈)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၂ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?41cyj328ij0mrnz
(၉)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၃ (တက္ကသိုလ်စိန်တင်)

"ကိတ်လုပ်ချင်ပေမဲ့ မွှေစက်မရှိလို့ အခက်တွေ့နေသူများအတွက် မွှေစက်မလိုတဲ့ ကိတ်လုပ်နည်းလေး ဝေမျှပေးလိုက်တယ်နော်"

Easy Hand Mixed Plain Sponge Cake
ကိတ်လုပ်ချင်ပေမဲ့မွှေစက်မရှိလို့အခက်တွေ့နေသူများအတွက်မွှေစက်မလိုတဲ့ ကိတ်လုပ်နည်းလေး ဝေမျှပေးလိုက်တယ်နော် smile emoticon
ဇလုံတစ်လုံး ယောင်းမသို့မဟုတ် hand whisk တစ်ချောင်း Oven တစ်လုံးရှိဖို့ တော့လိုမယ်နော် smile emoticon
မာဂျရင်း(သို့)ထောပတ် ၁၁၅ ဂရမ်
သကြား ( fine sugar) ၁၁၅ ဂရမ်
ကိတ်ဂျုံ ၁၁၅ ဂရမ်
baking powder လဘက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ ၃ လုံး
အရင်ဆုံး ဂျုံမှုန့်နဲ့ ပွဆေးကိုရောပြီး ဇလုံတစ်ခုထဲကို ဇကာစစ်ထည့်ပါ။ ကျန်တဲ့ ပါဝင်ပစ္စည်း အားလုံးကိုပါ ဇလုံထဲထည့် ပြီး ယောင်းမနဲ့ ၂ မိနစ် ၃ မိနစ်ခန့် သမအောင် ခေါက်ပေးပါ။ ဂျုံမှုန့် အလုံးအခဲလေးတွေမကျန်အောင်သတိထားပြီးကြေအောင်ခေါက်ပေးရပါမယ်။ ၃မိနစ်ထက်ပိုပြီးမမွှေပါနှင့်။

"ကွန်ပြူတာ ကီးဘုတ်က ကီးတွေရဲ့ အကြောင်းနဲ့ တွဲဖက်အသုံးပြုလို့ ရတဲ့ Keyboard Shortcuts များ"

More than 100 Keyboard Shortcuts must read
SHARE IT........
Keyboard Shorcuts (Microsoft Windows)
1. CTRL+C (Copy)...
2. CTRL+X (Cut)
3. CTRL+V (Paste)
4. CTRL+Z (Undo)
5. DELETE (Delete)
6. SHIFT+DELETE (Delete the selected item permanently without placing the item in the Recycle Bin)
7. CTRL while dragging an item (Copy the selected item)
8. CTRL+SHIFT while dragging an item (Create a shortcut to the selected item)
9. F2 key (Rename the selected item)
10. CTRL+RIGHT ARROW (Move the insertion point to the beginning of the next word)
11. CTRL+LEFT ARROW (Move the insertion point to the beginning of the previous word)
12. CTRL+DOWN ARROW (Move the insertion point to the beginning of the next paragraph)
13. CTRL+UP ARROW (Move the insertion point to the beginning of the previous paragraph)
14. CTRL+SHIFT with any of the arrow keys (Highlight a block of text)
SHIFT with any of the arrow keys (Select more than one item in a window or on the

"Bee pollen ပန်းဝတ်မှုံ အာဟာရ"

တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့ လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေး ကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးက မေးခိုင်းလို့ပါ၊ ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်း သုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ Vitamins ဗီတာမင်၊ Minerals ဓါတ်ဆား၊ Enzymes အင်ဇိုင်းမ်၊ Amino acids အမိုင်နို-အက်စစ်တွေ ပါတယ်လို့ ဆိုပါတယ်။ Increase energy အားဖြစ်စေတယ်၊ Boost the immune system ရောဂါပြီး-စနစ် ကောင်းစေတယ်၊ Fight the effects of aging အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။
တိတိကျကျ ထပ်ပြောသေးတာက Protein ပရိုတင်း၊ Carbohydrates ကာဗွန်ဟိုက်းရိတ်၊ Fatty acids ဖက်တီး-အက်စစ် တွေနဲ့အတူ Vitamin ဗီတာမင် A, C, D, E တွေတင်မကဘူး Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။
ငယ်ရုပ်ဆင်ပေးနိုင်တယ်၊ ကိုယ်အလေးချိန် ကျစေမယ်၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ် ပိုစေမယ်၊ အားယုတ်တာ သက်သာမယ်၊ အရေပြားနဲ့ ကြွက်သား တင်းနေစေမယ်တွေလဲ စာရင်းရှည်မှာ ပါသေးတယ်။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ် ကျတာ၊ သွေးဖိအား ကျတာ၊ သွေးအား နည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်။ အားကစားလုပ်ရာ ပိုကောင်းစေတယ်၊ စိတ်ရောဂါ၊ Just about everything (၉၆) ပါး အကုန်လို့ပါ ပြောလိုက်တော့တယ်။
Allergies (အလာဂျီ) ကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ဘူး၊ ပြောင်းပြန်လို့ ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့က မတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တာ သေခြာတယ်။ တချို့က ထောက်ပြထားတယ်။ Plant enzymes အပင်တွေက (အင်ဇိုင်း) က Human metabolic function လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။
ဘေးထွက် ဆိုးကျိုးတွေ များတော့ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ (အလာဂျီ) ရကြတယ်။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။
သုံးချင်သူတွေ နာမည်ရတာထက် အသိအမှတ်ပြုခံထားရတဲ့ ကုမ္ပဏီက ထုတ်တာသာ ဝယ်ပါ။ အမှုံ့ကိုဝယ်ရင် Freeze

November 13, 2015

" တရားဝင်ရွေးကောက်ပွဲရလဒ် NLD အပြတ်အသတ်နိုင် "



 ဒီကနေ့ည ၉ နာရီအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အဓိကလွှတ်တော်နှစ်ရပ်လုံးမှာ ရှင်းရှင်းလင်းလင်း အနိုင်ရသွားပါပြီ။

ပြည်သူ့လွှတ်တော်မှာ NLD က ၂၁၇ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၂၈ နေရာ၊ ကျန်ပါတီအသီးသီး က ၂၉ နေရာရ ထားပါတယ်။ အမျိုးသားလွှတ်တော်မှာ NLD က ၁၁၀ နေရာ၊ USDP က ၁၂ နေရာ၊ ကျန်ပါတီအသီးသီးက ၁၁ နေရာရထားပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ NLD က ၃၈၂ နေရာ၊ USDP က ၅၄ နေရာနဲ့ ကျန်ပါတီအသီး သီးက ၅၈ နေရာရထားပါတယ်။

ဒီကနေ့ည ၉ နာရီအထိဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၂၇၄ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၃ နေရာ ကြေညာပြီးပါပြီ။

NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ် အတွက် စုစုပေါင်းလွှတ်တော်အမတ်နေရာ ၃၂၇ နေရာ ရနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတ တဦးစီ စုစုပေါင်းနှစ်ဦးကို ရွေးချယ်ဖို့၊ စစ်တပ်ကိုယ်စားလှယ်တွေဘက်ကတင်တဲ့ ဒုတိယသမ္မတတဦးအပါအ၀င် စုစုပေါင်း ဒုတိယသမ္မတ သုံးဦးထဲကနေမှ သမ္မတကို ရွေးချယ်ဖို့၊ အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းဖို့ အတော်လေးကို အလားအလာ ကောင်းနေပြီလို့ ဆိုရမှာပါ။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြတဲ့ အနုပညာရှင်တွေကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်မှာ ဒီကနေ့တွေ့

"ဘိလပ်ရည် "

 
ငယ်ကတည်း က အချိုကြိုက် တဲ့ ကျနော် ဒေါ်နန်းဗွေ ဆိုင်ရှေ့ ရောက်ရင် အမေ့ လက်ဆွဲပြီး ဘိလပ်ရည် ၀ယ် ခိုင်း တတ်တာမို့  ကျနော် ပါရင် အမေ အဲဒီဆိုင်ရှေ့  ကို ရှောင်ပြီးသွားပါသတဲ့။

ဟိုတုန်းကတော့ ဘိလပ် က လာတဲ့ လူတွေ ယူလာပြီး သောက်ကြလို့ ဘိလပ်ရေ ..ဆိုပြီးခေါ် တာထင်ပါ တယ်၊ကျနော်တို့ ရဲ့ နာမည်တွေ ကို မိဘတွေက ကင်ပွန်းတပ် မှည့်ခေါ်ထားကြတာသလိုမျိုး..တယောက်ယောက်က စခေါ်ခဲ့ မှာဘဲ ..
နာမည်အခေါ်အဝေါ်  တွေ ဘယ်လိုစဉ်းစားပြီး ပေးခဲ့ကြလည်း စိတ်ဝင်စားစရာပါ ... ဒါကတော့ ၀က်၊  ဒါကို သေတ္တာ ဟိုဥစ္စာတံမြက်စည်း .. စသည်ဖြင့် စသည်ဖြင့် ..( အများညီ “ ဤ” ကို “ကျွဲ ” ဖတ်လို့ ရ တယ် ဆိုသလိုမျိုး)

Pig meat ကို  pork, Cow(ox) meat ကို  beef ခေါ်ကြသလို Australia နိုင်ငံ ရဲ့  National Icon သားပိုက်ကောင်ရဲ့ အသား Kangaroo meat ကိုတော့ australus ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဖတ်လိုက်ရပါတယ်၊
ကျနော် ကတော့ ခုမှသိတာပါ .. သူများ နောက်ကချည့်ပါဘဲ။

အဲ ဘိလပ်ရည် ဆိုတော့လည်း ဘိလပ်ရည် ပေါ့နော ..
ဘိလပ်ရည် နဲ့ ပါတ်သက်လို့  စင်္ကာပူက ဖရီး ဝေတဲ့ Today သတင်းစာမှာ ရေးထားတဲ့ ...     

လေ့လာတွေ့ ရှိချက် တွေအရ အစီရင်ခံစာတစောင်မှာ ...တပါတ်ကို ဘိလပ်ရည် ( Sugared soft drinks) သံဘူး ၂ဘူး ထက် ပိုမသောက်သင့် ပါဘူးတဲ့၊  .. ပိုသောက်ရင်  ပန်ခရိယကင်ဆာ ဖြစ်နိုင်ခြေ အခွင့်လမ်း ၈၇% ပိုပါတယ်တဲ့၊ ဒါပေမဲ့  Fruit Juice တွေ သောက်သုံး ခြင်းနဲ့  ပန်ခရိယကင်ဆာ တို့ အကြား ဆက်နွယ်နေမူ့ တော့ မတွေ့ ရဘူးဆိုပါတယ်၊
ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ တဦးကတော့ ဘိလပ်ရည် နဲ့  အဲဒီလို ဆက်နွယ်နေတယ် လို့ ပြောဘို့ စောသေးတယ်တဲ့ဗျ။
ကြိုက်လို့ သောက်နေပေမဲ့ ဆီးချို ဖြစ်မယ်လောက် ကြားခဲ့ဘူး တာကိုး ... ပန်ခရိယကင်ဆာ ဆိုတော့ နဲနဲတော့ ပို ဖြုံ
Subscribe

လာလည်သူများ

free counters