♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 16, 2016

" ချစ်သူရှိလာပြီဆိုရင် လုပ်လိုက်မိတဲ့ အချက်လေးများ "

အချစ်ဆိုတဲ့ စကားလုံးလေးက နှစ်လုံးထဲလွယ်သလောက် ခက်ခဲလှပါတယ်။

ချစ်သူရှိလာပြီဆိုရင်လည်း သူများတွေလုပ်တာကို ကြည့်ပြီး ကိုယ်တွေများ မလုပ်ဘူးလို့ ဆုံးဖြတ်ချက်ချထားပင်မဲ့လည်း လုပ်လိုက်မိတဲ့ဟာလေးတွေရှိပါတယ်လေ။ ဘာတွေဖြစ်မှာလဲ ကြည့်လိုက်ရအောင်နော်။

၀၁. ပတ်ဝန်းကျင်မှာ သူကိုချစ်တဲ့အကြောင်းကို ပြောမဆုံးတော့ပါ။
ကိုယ့်ချစ်တာကို ပတ်ဝန်းကျင်မှာလည်း သက်သေပြချင်တဲ့အချိန်မှာတော့ ဒါဟာ တကယ့်အချစ်စစ်လို့ပြောလိုက်ပါတော့။ ကိုယ့်ရဲ့အချစ်ရေးအဆင်ပြေနေတဲ့အချိန်မှာ ဒါကို သိစေချင်တယ်ဆိုတာ ဘယ်သူမဆိုလုပ်မိမှာပါ။

၀၂. စိတ်ဆင်းရဲနေချိန်မှာ ကိုယ့်အနားမှာ အမြဲရှိနေစေချင်တယ်။
စိတ်တွေရှုပ်ထွေးနေချိန်မှာ စိတ်ဆင်းရဲနေချိန်မှာ သူငယ်ချင်းတွေထက် ချစ်သူကို ကိုယ့်အနားမှာ ရှိနေစေချင်ပါတယ်။ အကြံမပေးရင်နေပါစေ၊ သူအနားမှာ ရှိနေရုံနဲ့တင် လုံလောက်ပါပြီ။

၀၃. အင်္ကျီလဲခန်းထဲမှာ သူ့မျက်နှာလေးကို သတိရတယ်။

အင်္ကျီအသစ်သွားဝယ်ချိန်မှာ အင်္ကျီလဲခန်းထဲမှာ သူ့မျက်နှာလေးကို မှန်ထဲမှာ မြင်ရသလို ခံစားရတယ်။ သူက

" ရင်နှစ်သည်းချာ သားသမီးများခွက်ဆွဲပါ "

 
ရန်ကုန်ဘူတာကြီးအတွင်းမှ ထွက်လာခဲ့ပြီး ပန်းဆိုးတန်းတံတားပေါ်အရောက်ပါလာသည့် ကလေးနှစ်ဦးအား တစ်နေကုန်ထားသွားခဲ့သည့် အမျိုးသမီးတစ်ဦး အမှန်တ ကယ်ပင်ရှိနေပါသည်။ နေလောင် အသားအရောင်နှင့် ခပ်နွမ်းနွမ်းအဝတ်အစားကို ဝတ်ဆင်ထားသူအသက် ၄ဝ ကျော်အရွယ်ရှိ ယင်းအမျိုးသမီးက မနက် ၈နာရီဆိုလျှင် ကလေးများအား နေရာချ၊ညနေ ၆ နာရီဆိုလျှင် လာခေါ်နှင့် နေ့စဉ်မပျက်မကွက် လုပ်နေသူလည်း ဖြစ်သည်။ ထိုအမျိုးသမီး တံတားပေါ်တွင် ထား ခဲ့သော ကလေးနှစ်ဦးမှာ အသက်ခုနစ်နှစ်အရွယ် နှင့် အသက် နှစ်နှစ်ခွဲအရွယ်ရှိ မိန်းကလေးနှစ်ဦး ဖြစ်ပြီး ကလေးများသည် ဖိနပ်များစီးမထားကြ။ ယင်းအပြင် တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုတစိုက် စောင့်ရှောက်ခြင်းမခံရသလို အဝတ်အစားများတွင်လည်း ချေးအထပ်ထပ်။ အမျိုးသမီးကမူ ကလေးများ၏ မလှမ်းမကမ်း တစ်နေရာတွင် ရှိနေသော်လည်း ကလေးများနှင့် လားလားမျှ မဆိုင်သလို နေနေတတ်သည်။
သို့သော် ကလေးများလက်ထဲ ဖြတ်သွားဖြတ်လာလူအများပေးသော ပိုက်ဆံများလာလျှင်သော်လည်းကောင်း၊ ထမင်းစားချိန်သို့ ရောက်လာလျှင်သော်လည်းကောင်း ကလေးများထံ ရောက်သွားတတ်သည်။ ထိုသို့သောလုပ်ရပ်က တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ လပေါင်းများစွာ ကြာလာနေပြီဖြစ်၍ အနီးအနားနှင့် ဖြတ် သွားဖြတ်လာတို့ပင် သူတို့ကို သတိထားမိလာနေသည်။ ထိုအမျိုးသမီးသည် အမှန်တကယ်တော့ အဆိုပါက လေးနှစ်ဦး၏ မိခင်ဟုဆိုပါသည်။ ”ယောက်ျားက နယ်မှာ အလုပ်သွားလုပ်တယ်။ ကျွန်မက ဒီမှာကျန်ခဲ့တယ်။ နေထိုင်စားသောက်ရတာအဆင်မပြေလို့ကလေးတွေကို ခုလိုလုပ်ခိုင်းတာပါ။ မပြေလည်တာကြောင့် ယာယီ လုပ် ခိုင်း တဲ့သဘောပဲ”ဟုပြောသည်။ ထိုစကားက မိခင်ဖြစ်သူ၏စကားသံတစ်ခုပင်။ သူကိုယ်တိုင်ကမူ တောင်းရမ်းသည့်အလုပ်ကို မလုပ်ကြောင်း ဝန်ခံခဲ့သည်။

ရင်နာစရာမြင်ကွင်းများ ရှိနေသည့် နိုင်ငံ
”သားနာမည်က ဝေယံမင်းပါ။ အသက်က ၁၃ နှစ်ရှိပြီ။ သားမှာအစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတယ်။ သားတို့ဇာတိက ကော့သောင်းကပါ။ သားတို့က ဆင်းရဲ တယ်။ သားတို့ ဆင်းရဲလို့ အဖေကအမေနဲ့ထားခဲ့ပြီး အဝေးကိုထွက်သွားတယ်။ သားကို ရန်ကုန်မှာအလုပ်ရမယ်ဆိုပြီး အမေ့ဆီကနေ မေမေကြီး ကလာခေါ် တယ်။ မေမေ့ကိုလည်းပိုက်ဆံတွေပေးထားတယ်။ မေမေ နဲ့ ညီမလေးအဆင်ပြေအောင် သားနဲ့ကိုကို ရန်ကုန်ကိုတက်လာတယ်” ဟု စကားဆိုလာသူက လှည်းတန်း အပါ အဝင် နေရာအစုံတွင် ပိုက်ဆံတောင်းရမ်းနေသည့်ကလေးငယ်တစ်ဦး၏အ ပြောပင်ဖြစ်သည်။
ကလေးငယ်၏ အပြောအရသူနှင့် သူ၏ အစ်ကို သားချောတို့နှစ်ဦးစလုံး ရန်ကုန်သို့ လွန်ခဲ့သည့် ၈ လကတည်းက ရောက်ရှိခဲ့ပြီး၊ စရောက်ခါစတွင် လက်ဖက်ရည်ဆိုင်တွင် လအနည်းငယ်လုပ်ကိုင်ခဲ့ရသည်ဟု ဝေယံမင်းကဆိုသည်။ ”အစကသားက လက်ဖက်ရည်ဆိုင်မှာ ကိုကိုနဲ့ အတူတူအလုပ်လုပ်တယ်။ ကိုကိုရောသားရော စားပွဲထိုး၊ ပန်း ကန်ဆေးတာကအစ လုပ်တယ်။ သားကြောင့် လက်ဖက်ရည်ဆိုင်မှာ ပန်းကန်ခဏခဏကွဲလို့ ကိုကိုရောသားရော အရိုက်ခံတယ်။ ဒါနဲ့ သားတို့ထွက်ပြေးခဲ့ကြ တယ်။နော က် အခု သား တောင်းတဲ့အလုပ်လုပ်နေတယ်”ဟု အဆိုပါကလေးငယ်က ဆိုသည်။ ကလေးငယ်၏ပုံစံက အသက် ၁၃ နှစ်ဟုသာ ဆိုသော်လည်း အသက် ၁ဝ နှစ်လော က်သာ ထင်ရသည်အထိ လူကောင်သေးညှက်လွန်းသည်။ ယင်းအပြင် အသားအရေက ခြောက်ကပ်ကာ မည်း၍ ပိန်နေသေးသည်။ သူ့အပြင် ရန်ကုန်ဆူးလေ ပတ်ချာ လည်တွင် ပိုက်ဆံတောင်းနေသူ နောက်ထပ်တစ်ဦးလည်း ရှိနေပါသေးသည်။
”မုန့်ဖိုးနည်းနည်းလောက်ပေးပါ”ဟု လူအများအကြားတိုးဝင်၍လည်းကောင်း၊ တစ်ယောက် ပြီးတစ်ယောက်ရှေ့တွင်တစ်ဖုံ ပိုက်ဆံများလိုက်တောင်းနေသူက ယမင်းဟု ဆိုသော အသက် ၁ဝ ခန့်ရှိ မိန်းကလေးငယ်တစ်ဦးပင်ဖြစ်သည်။ အဝတ်အစား ခပ်ညစ်ညစ်၊ စကားပြောလည်း မချို၊ ဆံပင်ကနီရဲနေကာ သန်းများဗရပွနှင့် ယင်း မိန်း ကလေး ငယ်က သူ၏အဖေအတွက် တောင်း နေရပါသည်ဟု ဆိုသည်။ ”အဖေက အရက်သောက်တတ်တယ်လေ။ပိုက်ဆံတွေရလာရင် သမီးညီမလေးတွေပါ ထမင်း စားရတယ်”ဟု သူမက ဆိုသည်။ နေထိုင်စရာ ကျုးကျော် တဲပင်မရှိ၊ မိသားစု နှင့်အတူ လမ်းဘေးတွင် ဒီအတိုင်းအိပ်ရပြီး၊ ပိုက် ဆံမရပါက အမှိုက်ပုံထဲတွင် စားစရာ ရှာရ သည် ဟု သူမကပြောပြသည်။ ထိုမြင်ကွင်းမျိုးက ရန်ကုန်အပါအဝင် မန္တလေး၊ ပြည်၊ ပဲခူး၊ မြဝတီ၊ ဘားအံ၊ စစ်တွေ စသောမြို့ကြီး တို့တွင် တွေ့နေရ တတ်သော မထူး ဆန်းသော မြင် ကွင်းများပင်ဖြစ်သည်။ ထိုထဲမှ တောင်းရမ်းစား သောက်နေသူများကြား ကလေးငယ်များ၏ဘဝ ဖြစ်ရပ်အချို့ပင်။
တောင်းရမ်းစားသောက်ခြင်းအမှု
မြန်မာမှာ ဘယ်အချိန်က အစပြု
တောင်းရမ်းစားသောက်သူများဟုဆိုလျှင် အများစုက ဘုရားကျွန်တို့ကို ဦးဆုံးသွားမြင်ကြတတ်သည်။ မျိုးနှင့်ရိုးနှင့် လုပ်ကိုင်စား သောက်သူများ ဟုလည်းပြော တတ်ကြ သည်။ ထိုသို့ဆိုလျှင် ပုဂံခေတ်က ကျွန်များကိုဘုရားသို့လှူသောဓလေ့များမှ စတင်ကောက်နုတ်ရပေတော့မည်။ ဘုရားကျွန်ဆိုသည်ကို ကျောက်စာ မှတ်တမ်းများ အရ ယုတ်ညံ့သောအမျိုးများ မဟုတ်ကြသည့် အပြင် တောင်းစားသည့်မျိုးရိုးများလည်း မဟုတ် ကြဟုဖော်ပြထားသော်လည်း ဘုရားကျွန်အဖြစ် သို့လှူခံရပြီးနောက်ပိုင်း စား ဝတ်နေရေးခက်ခဲ လာကာ (ဒွန်းစဏ္ဍားများ)တောင်းရမ်းစားသောက် သူများဘဝသို့လည်းကောင်း၊ (စဏ္ဍာလများ) သုသာန်စောင့်များ၊ ဈာပနကိစ္စဆောင်ရွက် သူများ ဘဝ သို့လည်းကောင်း ရောက်ကုန်ကြရသည်ဟုဆိုထားသည်က ရှိထားရာ ယနေ့လူတို့၏

" ဖေ့စ်ဘွတ်ခ်မှာ ကလေး ဓာတ်ပုံတွေ တင်တာ သတိထားပါ "

 
ကလေး ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ် တင်တာ သတိထားကြပါဟု ဂျာမနီ ရဲတပ်ဖွဲ့က သတိပေးထားသည်။

မသမာသူများက ထိုပုံများကို ကူးယူကာ ကွန်ပျူတာ ဆော့ဖ်ဝဲဖြင့် လိုသလိုပြုပြင် ပြောင်းလဲပြီး ကလေးပုံကို တလွဲအသုံးချမှုများ ဖြစ်ပွားလာ နိုင်ကြောင်း၊ ကလေး ငယ်ရွယ်စဉ်မှာ သာမက နောင်ကြီးလာသည့်တိုင် ထိုသို့ အလွဲအသုံးချ ခံထားရသော ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ရှိနေကာ ကလေးတစ်ဘ၀တာ စိတ်ဒဏ်ရာ ရရှိသည်အထိ ဖြစ်ပွားနိုင်ကြောင်း ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

ကလေးဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်ပေါ် တင်မည်ဆိုပါက Privacy ဂရုစိုက်စေလိုကြောင်း၊ မိမိနှင့်တကယ် ရင်းနှီးကျွမ်းဝင်သူ များကိုသာ ကလေးပုံများ မြင်ခွင့်ပေးသင့် ကြောင်းလည်း ရဲတပ်ဖွဲ့က အကြံပြုသည်။ ဂျာမနီ ရဲတပ်ဖွဲ့၏ အကြံပြုချက်ကို တစ်ဆင့် ပြန်ရှယ်ယာ လုပ်မှုပေါင်း နှစ်သိန်းကျော်ထိ ရှိသည်။ သတိပေးချက် ဖေ့စ်ဘွတ်ခ်ပို့စ်သည် အထူး ထိရောက်ခဲ့ကြောင်း၊ စုစုပေါင်း ဖတ်ရှုသူ (၁၂) သန်း လောက်ထိ ရှိနိုင်ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကလေးပုံတွေ အွန်လိုင်းတင်တာ မိဘတွေ သတိထားကြပါ။ မသမာသူတွေ လက်ထဲ ကလေးပုံတွေ ရောက်သွားရင် ကလေး

" စိန် နှင့် ဗဟုသုတ "

 
စိန်သည် ကြွယ်ဝချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ်သင်္ကေတဟုလည်း ယူဆနိုင်ပြီး ကြွယ်ခြင်းကို ဖော်ပြရန် စိန်ကို ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကိုဆင်မြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည်…

စိန်

ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များက စိန်သည် ချစ်ခြင်း မေတ္တာ၏ သင်္ကေတ (symbol of love) ဟု ယူဆသည်။ ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာကို ဝယ်ယူ လက်ဆောင် ပေးပြီး အချစ်ကို ဖော်ကျူး မှတ်ကျောက်တင်၏။ လက်ထပ် လက်စွပ်ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်စေ၏။ စိန်သည် symbol of wealth and success ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်းကို ဖော်ပြရန် စိန်ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကို ဆင်းမြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေး သည်ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြကုန်၏။

ကမ္ဘာတစ်ဝန်းရှိ လူတို့သည် စိန် ကို ဝတ်ဆင် သုံးစွဲရန် ဝယ်ယူသောအခါ ဇန်နဝါရိလတွင် အဓိက ဝယ်ယူလေ့ ရှိသည်။ ဤလတွင် စတင် ပိုင်ဆိုင်သော စိန်သည် မိမိဘဝအတွက် ထူးခြားသော ကံကောင်းခြင်း၊ လာဘ်ပွင့် ခြင်း၊ အောင်မြင် ချမ်းသာခြင်းနှင့် ထင်ပေါ် ကျော်ကြားခြင်း ဓာတ်များ ခိုအောင်းနေသည်ဟူ၍ ယူဆလေ့ ရှိသည်။ ၎င်းအပြင် ဇန်နဝါရီလ မွေးသောသူ အားလုံးတို့၏ ရတနာလက်ဝတ် အဆောင့်ကျောက်သည် စိန် ဖြစ်သည်။

ဇန်နဝါရီ (January) ဟူသော လ၏ အမည်သည် JANUS အမည်ရှိသော အနောက်တိုင်း ဒဏ္ဍာရီမှ နတ်ဒေဝတာ၏ အမည်ကို စွဲယူ မှည့်ခေါ်ထားသည်။ JANUS နတ်ဒေဝတာသည် နှစ်ကာလ တစ်ခုကို စတင် ဖွင့်လှစ်ပေးသူ ဖြစ်သည်။ နှစ်ကာလတစ်ခု ဖွင့်လှစ်သည့် မုခ်ဦးကို စောင့်ရှောက်သော တံခါးမှူးကြီး ဖြစ်သည်။ ဦးခေါင်းနှစ်လုံး မျက်နှာနှစ်ဖက်ရှိပြီး တစ်ခုသော မျက်နှာသည် အတိတ်သို့ မျက်နှာမူကာ တစ်ခုသော မျက်နှာသည်

July 13, 2016

" လယ်သမား နဲ့ စိန်တုံးများစွာ …"

 
တစ်ခါတုန်းက အာဖရိကမှာ ဘဝကို ပျော်ရွှင်ကျေနပ် နေတဲ့ လယ်သမား တစ်ယောက်ရှိပါတယ် … ။ အဲဒီလယ်သမားဟာ သူ့ဘဝကို သူကျေနပ်
ပျော်ရွှင်ပါတယ် … ဘာကြောင့်လဲဆိုတော့ သူ့ဘဝလေးကို သူက တင်းတိမ်ရောင့်ရဲ တယ်လေ … အဲဒီလို တင်းတိမ်ရောင့်ရဲ တတ်လို့လည်း ပျော်ရွှင်တာပေါ့ … ။ တစ်နေ့ကျတော့ လူကြီးတစ်ယောက်က သူ့ဆီလာပြီးတော့ စိန်တွေအကြောင်း ပြောပြပါတယ် … ။
လူကြီးက “မင်းမှာသာ လက်မလောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ မြို့တစ်မြို့လောက် ပိုင်ဆိုင်နိုင်မယ် … ၊ မင်းမှာသာ လက်သီးဆုပ် လောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ ကိုယ်ပိုင် နိုင်ငံ တစ်ခုတောင် ပိုင်ဆိုင်နိုင်လိမ့်မယ် … ” လို့ ပြောပြီး ပြန်သွားပါတယ် … ။

ညလည်းရောက်ရော … လယ်သမားက အိပ်လို့မပျော်တော့ပါဘူး … ၊ နေ့ခင်းက စိန်ဆိုတဲ့ စကား ကို ကြားပြီးကတည်းက မတင်းတိမ် မရောင့်ရဲ နိုင်တော့အတွက် … ပျော်လည်း မပျော်ရွှင် နိုင်တော့ပါဘူး ။ နောက်တစ်နေ့ မနက်လည်း ကျရော သူ့ရဲ့ လယ်ကွင်းတွေကို ရောင်းဖို့ အစီအစဉ် ချပါတော့တယ် … ၊ လယ်တွေလည်း ရောင်းပြီးရော သူ့မိသားစုတွေကို ဂရုစိုက်ဖို့ မှာခဲ့ပြီးတော့ စိန်တုံးတွေ ရှာဖို့ အိမ်က ထွက်ခဲ့ ပါတော့တယ် … ။

အာဖရိက တခွင် နှံ့အောင်လိုက်ရှပေမယ့်လည်း စိန်တုံး တစ်တုံးတစ်လေမှ မတွေ့ပါ၊ ဒါနဲ့ ဥရောပ တခွင်လိုက်လို့ ရှာပြန်ပါတယ် … ဒါပေမယ့်လည်း စိန်တုံးကို မတွေ့ပါ ၊ စပိန်ကိုလည်း ရောက်ရော … သူမှာ ပိုက်ဆံလည်း ပြတ်၊ လူလည်း ပင်ပန်း၊ စိတ်ဓါတ်တွေလည်း ကျနေပြီ … ဘာစီလိုနာမြစ်ထဲဆင်းပြီး သူ့ကိုယ်သူ အဆုံးစီရင်ချင် လောက်အောင် စိတ်ဓါတ်တွေက ကျနေပါတယ် … ။

ဒီလိုနဲ့ နောက်ဆုံး အိမ်ကို ပြန်လာတော့ သူ့ရဲ့ လယ်ကို ဝယ်ထားလိုက်တဲ့သူက သူ့ရဲ့လယ်ထဲမှာ ဖြတ်ပြီး စီးနေတဲ့ စမ်းချောင်းလေးမှာ ကုလားအုတ်တွေကို ရေတိုက်နေပါတယ် … ။ စမ်းချောင်းပေါ်ဖြာကျ နေတဲ့ နေရောင်ခြည်က လယ်ထဲက ကျောက်တုံးလေးတွေကို ထိပြီး အရောင်တောက်နေတာဟာ သက်တံ့ တစ်ခုလို လှပလွန်းပါတယ် … ။
ကျောက်တုံးတစ်တုံးကို ကောက်ပြီးတော့ အိမ်ထဲကိုဝင်လာခဲ့ပါတယ် … ။
နေ့လည်ခင်းလည်း ရောက်ရော သူ့ကို စိန်တုံးတွေ အကြောင်းပြောခဲ့တဲ့ လူကြီးက အိမ်ကို ရောက်လာ ပြီးတော့ အဲဒီအရောင်တလက်လက်
တောက်နေတဲ့ ကျောက်တုံးလေးကို တွေ့သွားပါတယ်။ လူကြီးက အဲဒါ စိန်တုံးပဲ … ကျုပ် စိန်တုံးကို တစ်ခါမြင်ဖူးကတည်းက မှတ်မိတယ် လို့ ပြောပါတယ် … ။
မဟုတ်ပါဘူး … အဲဒါ ကျောက်တုံးပါ … ကျွန်တော် စမ်းချောင်းထဲက
ကောက်လာတာပါ လို့ ပြောပါတယ် … ၊ လာလိုက်ခဲ့ ခင်ဗျားကို ပြမယ် … စမ်းချောင်းထဲမှာ အများကြီး ရှိသေးတယ် လို့ ဆက်ပြောပါတယ် .. ။ သူတို့တွေ စမ်းချောင်းဆီကို သွားပြီးတော့ နောက်ထပ်
ကျောက်တုံးတွေကို ကောက်ပြီး ကျွမ်းကျင်သူတွေကို စစ်ဆေးစေတဲ့ အခါမှာတော့ သေချာတာပေါ့ အဲဒီကျောက်တုံးတွေ

" တစ်ဘ၀လုံး ပျော်ရွှင်လိုလျှင် ရုပ်ဆိုးသော အမျိုးသမီးကို လက်ထပ်ပါ "

 
ချစ်သူချောချော ရရှိထားသော အမျိုးသားများ အတွက် သတင်းဆိုး ဖြစ်သည်။ အကြောင်းမှာ ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမိုချောမောပြီး ဆွဲဆောင်မှု ရှိသည်ဟု ယူဆသည့် အမျိုးသမီးများသည် သစ္စာမရှိတတ်ကြဘဲ အခြားအမျိုးသားများနှင့် တွဲခုတ်ရန် အစဉ် စိတ်ဝင်စားနေတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမိုချောမောသည်ဟု ယူဆသော အမျိုးသမီးများသည် လက်ရှိအချစ်ရေးကိုများစွာ စိတ်ဝင်စားခြင်း မရှိတတ်ကြောင်း အမေရိကန်နိုင်ငံ အရှေ့ကွန်နက်တီးကပ် ပြည်နယ် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ဆိုသည်။ ကိုယ့်ကိုယ်ကိုယ် ပိုလှသည် ထင်ထားသည့် အမျိုးသမီးများသည် အခြား အမျိုးသားများနှင့် ရောနှောနိုင်ခြေ၊ ဆက်ဆံရေး အနည်းငယ် အဆင်မပြေတော့သည်နှင့် လမ်းခွဲရန် စဉ်းစားနိုင်ခြေ ပိုများကြောင်း ပညာရှင်များကပြောသည်။

ပညာရှင်များသည် အမျိုးသားများနှင့် ချစ်မှုရေးရာ ပတ်သက်မှု ရှိနေသော အမျိုးသမီး (၆၉၂) ဦးတို့အား အွန်လိုင်းမှ တစ်ဆင့် မေးမြန်းကာ ၄င်းတို့၏ ရုပ်ရည်နှင့် ချစ်သူ အမျိုးသား၏ ရုပ်ရည်တို့ကို သုံးသပ်စေပြီး ဆက်ဆံရေးဆိုင်ရာ အပြုအမူများနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုစေခဲ့သည်။

ချစ်သူ အမျိုးသားထက် ၄င်းကိုယ်၎င်း ပိုမို ဆွဲဆောင်မှု ရှိသည်ထင်သည့် အမျိုးသမီးသည် နောက်ထပ် အမျိုးသား တစ်ဦးကို ရှာဖွေနိုင်ခြေ ပိုများကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု လေ့လာမှုကို ဦးဆောင်ခဲ့သည့် ပါမောက္ခ မယ်ဒယ်လင်း ဖူဂရီက ပြောဆိုခဲ့သည်။

ကိုယ့် ကိုယ်ကိုယ် ပိုမိုချောလှသည် ထင်ထားသော အမျိုးသမီးများသည် ကွယ်ရာတွင် အခြား အမျိုးသားများနှင့်

" အရွယ်တင်ခြင်း နည်းလမ်းကောင်း (၁၀)ချက်ကို ကျင့်သုံးရဲ့လား "


ကိုယ့်အရေပြားတွေ အိုမင်းလက္ခဏာ စတင်ပြသ လာပြီလား။ မျက်နှာ အရေပြားလေးများ တွန့်ခေါက်လာခြင်း၊ နဖူးပေါ်မှာ အမည်းစက် လေးများ ထင်လာခြင်း၊ နှုတ်ခမ်း အရေပြားတွေ ကျုံ့လာခြင်း၊ မျက်ရစ်တွေ တွဲကျ လာခြင်းစသည့် လက္ခဏာများကို မြင် လာရပြီလား။ အိုမင်းမှု ကာကွယ်ဆေးဆိုပြီး ရောင်းနေတာတွေ သောက်မည့်အစား ဘ၀နေမှုစတိုင် နည်းနည်းလေး ပြောင်းကြည့်ပါ လား။ နေပုံထိုင်ပုံ စားပုံသောက်ပုံ နည်းနည်းလောက် ပြောင်းလိုက်ရုံနဲ့တင် အရေပြားများ လတ်ဆတ် ကျန်းမာကာ လူက နုပျိုလာနိုင်သည့် နည်းလမ်းကောင်း (၁၀)ချက်ရှိသည်။

နေရောင်နဲ့ တိုက်ရိုက်ထိချိန် သိပ်မများ အောင် ဂရုစိုက်ပါ။

နေရောင်နဲ့ များများထိခြင်းသည် အရေပြားများ စောစီးစွာ အိုမင်းစေသည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ နေအပြင်းဆုံး နေ့လယ်အချိန် များတွင် အမိုးအကာ အောက်မှာနေပါ။ နေရောင်ပြင်းသည့် အချိန်မျိုး မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါ SPF ပမာဏ လုံလောက်စွာ ပါဝင်သော နေရောင်ကာ လိမ်းဆေးများ လိမ်းပါ။ နေရောင်ထဲ မထွက်ခင် မိနစ်(၂၀)၊(၃၀) လောက် ကြိုပြီးလိမ်းပါ။ နေရောင်ထဲ ထွက်နေချိန်တွင်လည်း နှစ်နာရီခြား တစ်ခါလောက် ထပ်လိမ်း ပေးပါ။ သို့ပါမှ နေရောင်ကာ လိမ်းဆေး ခြောက်သွားကာ ကာကွယ်နိုင်စွမ်း ကျသွား မည့် အန္တရာယ်ကို လျှော့ချနိုင်မည်။

ရေဓာတ်ပြည့်နေပါစေ။

အသက်အရွယ် ထက်ပိုပြီး အရေပြားက အိုမင်းနေပြီဆိုလျှင် မိမိ ရေလုံလောက်အောင် မသောက်သောကြောင့် ထိုသို့ဖြစ်ရ သည်ဟု သတိရပါ။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်ခြင်းသည် အရေပြားများ ကျုံ့စေ၊ ခြောက်စေ၊ ကွာစေသည့် အဓိက တစ်ချက်ဖြစ် သည်။ အရေပြားတွေ စိုကာ နုပျိုတင်းရင်း နေဖို့ ဆိုလျှင် ခန္ဓာကိုယ် ရေဓာတ် မပြတ်ဖို့ လိုအပ် သည်။ ရေဓာတ် မလုံလောက်၍ အရေပြားများ ခြောက်ကပ် လာခြင်းသည် မလိုအပ်ဘဲ ပါးရေနားရေ တွန့်ခြင်း
Subscribe

လာလည်သူများ

free counters