ဆရာဦးအောင်မျိုးမှ လူနာရှင်ဒေါ်စန်းမြင့် (စက်ချုပ်ဆရာမ)
(မဲဆောက်မြို့၊ ထိုင်းနိုင်ငံ) အား ပယောဂဝေဒနာ ကုသကူညီပေးနေပုံ
v လူနာ၏ နေ့နံနှင့် နာမည်ကို မေး၍ အသက်နှင့် ခန္စာကိုယ် အအပ်ခံရမည်။
v ထိုးနှံထားသော ဆေးဝါး.ဆောင်ထားသော အင်းများ၊ ဆောင်ထားသော လက်ဖွဲ့များကို ပယ်ရမည်။
v အိမ်နှင့် ခြံမြေ၊ ကိုးကွယ်သည့်ပွဲများ အအပ်ခံရမည်။
ပယောဂ စမ်းသပ်ခြင်း
Ø အနံ့ပေး၍ စမ်းသပ်ခြင်း
Ø ခြေထောက်မ၍ စမ်းသပ်ခြင်း
Ø စက်သိမ်း စမ်းခြင်း
Ø စက်လှည့် စမ်းခြင်း
Ø စက်ဆွဲ စမ်းခြင်း
Ø စက်ထောက်၍ စမ်းသပ်ခြင်းတို့ ဖြစ်သည်။
အနံ့ပေး စမ်းသပ်ခြင်း
အနံ့များ နံရာ၌ ပယောဂအစွဲ အမျိုးမျိုးကိုလိုက်၍ အောက်ပါအတိုင်း သက်သေခံပါ လိမ့်မည်။
Ø ပုပ်စော်နံ - သရဲစွဲ
Ø ညှီစော်နံ - ရွာသူစုန်း
Ø စိမ်းရွှေရွှေနံ - အစိမ်း
Ø နနွင်းနံ - မီးနေသည် အစိမ်း
Ø ရေမွှေးနံ့ - နတ်တိုက်
Ø မိုင်းကိုင်စက္ကူနံ့ - ဆရာတိုက် ( အောက်လမ်း)
Ø နံ့သာဖြူနံ့ - အဖဘက် ရိုးရာ
Ø ကရမက်နံ့ - အမိဘက် ရိုးရာ
Ø တောင်ကတိုးနံ့မွေး၍ အပုပ်နံ့နံလျှင် - တောင်အောက် သူရဲ
Ø စကားဝါ၊ စကားဖြူ၊ စကားစိမ်း နံ့တစ်ခုခု နံလျှင် - မြင်းဖြူရှင် နတ်
Ø ရေမွှေးနံ့ မွှေး၍ အရက်စော်နံလျှင် - မင်းကလေးနှင့် ကိုယ်ကြီးကျော် နတ်
Ø ပန်းနံ့မွှေး၍ အစိမ်းစော်နံ - ဥစ္စာစောင့်
Ø မစင်၊ ကျင်ငယ် နံ့ နံလျှင် - ချေးစားစုန်း
Ø ကောက်ညှင်း၊ လက်ဖက်၊ ထန်းလျက် နံ့ နံလျှင် - ဦးရှင်ကြီး (ယင်းအနံ့များ တစ်ခုစီနံပါက အပင်း )
Ø ပေါင်ဒါ၊ သနပ်ခါး နံ့ - အင်းတိုက်
Ø အင်္ဂတေနံ့ -- ဘုရားတိုက်
Ø အိုးမီးသင်းနံ့ - အင်းတိုက်
Ø မြေပုပ်၊ ရွှံ့ပုပ်နဲ့ နံလျှင် - မြေဖုတ်ဘီလူး
Ø အဝတ်မီးလောင်နံ့ နံ၍ လူနာအဝတ်စနံ့ -- နတ်စင်တိုက်
Ø သွေးညီနံ့ - ရာသီသွေးနှင့် နတ်စင်တိုက် တို့ဖြစ်ကြပါသည်။
ခြေထောက်မ၍ စမ်းသပ်ရာတွင် ပြောဆိုရသည့် ပယောဂအမျိုးအမည်များမှာ--
Ø အောက်လမ်းတိုက် ရှိလျှင်ကပ်ထား
Ø ရွာသူ ။
Ø အပင်း ။
Ø သူရဲ ။
Ø အစိမ်းသူရဲ ။
Ø နတ်တိုက် ။
Ø ဆရာတိုက် အောက်လမ်း ။ ( ညာခြေနှင့် ဘယ်ခြေ ခွဲစမ်း )
Ø အဘရိုးရာ၊ အမိရိုးရာ ။
Ø ဥစ္စာစောင့်စွဲ ။
Ø သိုက်စွဲ ။
Ø သူယောင်စွဲ တစ်ခုခု ။
Ø မင်းကြီး မင်းလေးနတ် ။
Ø ဦးမင်းကျော်နတ် ။
Ø ကတော် (၄) ပါးစက် ။
Ø ခြေရာကောက်စက် ။
Ø အင်းတိုက် ။
Ø ကွင်းပိုင် ။
Ø မြေဖုတ်ဘီလူး ။
Ø အိမ်တွင်းနတ် ရှိလျှင်ကပ်ထား… စသည်တို့ ဖြစ်ပါသည်။
လေးစားစွာဖြင့် ဆရာဦးအောင်မျိုး
Credit : shweyinkyaw
အကျယ်တဝန့် သိလိုသော် ဤလင့်ကိုနှိပ်ပါ.....
http://shweyinkyaw2012.blogspot.co.uk/2012/02/blog-post.html
No comments:
Post a Comment