အဲဒီကောင်းတဲ့ ဂျပန်တပ် ဟာရွာတစ်ရွာကိုတပ်စွဲတယ် -ရွာဦးက
အရိပ်ကောင်းတဲ့မန်ကျီးပင်ကြီးအောက်မှာ ရွာသားနှစ်ယောက်ဟာ ခေါင်း --ပန်း
လှန်တိုင်းဆော့နေကြတာကို ဂျပန်နှစ်ယောက်ဟာ စိတ်ဝင်စားစွာသွားကြည့်ကြတယ်။
ရွာသားနှစ်ယောက်ဟာ ငွေအကြွေစေ့ကိုကောင်းကင်ပေါ်မြှောက်လိုက် နိုင်တဲ့လူက လောင်းကြေးငွေကိုယူလိုက် ဟုတ်နေတာပေါ့--
ဒါနဲ့ ဂျပန်နှစ်ယောက်က စိတ်ဝင်စားသွားပြီး သူတို့ပါ ကစားလို့ရလား ဆိုပြီးခွင့်တောင်းတယ်--
ဟာ ရတာပေါ့ လောင်းပါ ခေါင်းလား -- ပန်းလား ---
ဂျပန်နှစ်ယောက်ဟာ ပါလာတဲံ့ သေနတ်တွေကို မန်ကျီးပင်မှာသွားထောင်လိုက်တယ်
ခေါင်း ပန်း လှန်တယ်--
ခေါင်းကျတယ်--
ဂျပန်နှစ်ယောက် လောင်းထားတဲ့ငွေကို ရွာသားနှစ်ယောက်က ယူလိုက်တယ်---
ပန်း ကျတယ်--
ဂျပန်နှစ်ယောက် လောင်းထားတဲ့ငွေကို ရွာသားနှစ်ယောက်က ယူလိုက်တယ်--
ခေါင်း ကျတယ်--
ယူတာဘဲ--
-----ဒီလိုနဲ့ လေး ငါး ခြောက်ကြိမ်လောက် ဘာကျကျ အစားဘဲခံနေရတော့ ဂျပန်တွေ စဉ်းစားလို့ကိုမရတော့ဘူးတဲ့
ဒါနဲ့ ဂျပန်လည်း မအောင့်နိုင်တော့ဘဲ
ဟေ့ ဗမာ -- ငါတို့ကို ဘယ်အချိန်ကျရင် ရော်မှာလဲ လို့ ချေဟန်လက်ဟန်နဲ့မေးတော့
ရွာသားနှစ်ယောက်က --
ဒီပိုက်ဆံလေး မြေပြင်ပေါ်မှာ ဘယ်ဘက်ကိုမှ မလဲဘဲ ထောင်ရက်ကလေး ကျနေရင် ရော်မယ် လို့လဲ ချေဟန်လက်ဟန်နဲ့ပြရော--
ဘာပြောကောင်းမလဲ ဂျပန်နှစ်ယောက်ဟာ မန်ကျီးပင်မှာထောင်ထားတဲ့ သေနတ်တွေပြေးဆွဲလို့ ပြေးလိုက်ရတာ -- ဖနောင့်နဲ့တင်ပါး တစ်သားထဲဘဲတဲ့ ------
Credit : soenaingu.blogspot
No comments:
Post a Comment