ကျွန်တော်ငယ်ငယ်တုန်းက အဖွားက မြို့ လေးတစ်မြို့ ကို ခေါ်သွားဖူးတယ်။ အဲဒီမြို့ မှာ ကျွန်တော်တို့ အမျိုးတွေ ရှိတယ်ဆိုပြီးလေ။ မြို့ လေးနာမည်ကတော့  “ရွှေကျင်” တဲ့ ။ ရန်ကုန်-မန်းလေး လမ်းမပေါ်မှာရှိတဲ့  “ညောင်လေးပင်”ဆိုတဲ မြို့ ကနေပြီးတော့  လမ်းခွဲရတယ်။ “မဒေါက်” ဆိုတဲ့ မြို့ ဆီကို ပေါ့။ အဲဒီကနေ မှ တစ်ဆင့် “ရွှေကျင်” ဘက်ကမ်းကို စစ်တောင်းမြစ်ကို ဖြတ်ပြီးတော့  ဇက် (ကားတွေပါတင်လို့ ရတဲ့  လှေ ) တွေနဲ့ ကူးကြရတာ။ အခုတော့  တံတားကြီးထိုးထားပါတယ်။ ရွှေကျင်မြို့ ထဲကို ၀င်ဝင်ခြင်းမှာ
မြို့ ကျက်သရေဆောင် မုဒ်ဦးကြီး ရှိသဗျှ။ အနော်တွေ့ ဖူးသမျှမြို့ တွေထဲမှာ မြို့ ဝင်ဝင်ခြင်းမှာ ဆောက်ထားတဲ့ မုဒ်ဦးဆိုလို့ အဲဒီဟာ
တစ်ခုပဲ ကျန်တယ်။ မန်းလေးကတော့  မြို့ ထဲမှာ နန်းတော်ရှိတာကိုးနော့ ။ ။
အဲဒီမြို့ ကတော်တော်လေး ပျော်ဖို့ ကောင်းပါတယ်။ ညီအကို၊ မောင်နှမ တွေလည်း အများကြီးပဲ။ နောက်ပြီးတော့ 
ရွှေကျင်မြို့ ကနေ နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ ခြေတော်ရာရွာ ဆိုပြီးတော့ လည်း ရှိသေးတယ်။ အဲဒီရွာဆိုရင်တော့ 
တစ်ရွာလုံး အမျိုးတွေ ချည်းပဲလို့ အဖွားက ပြောဖူးတယ်။ အဲဒီရွာက အင်္ဂနီ-သံဆိပ် လမ်းမပေါ်မှာ တည်ရှိတာခင်ဗျ။
ရွှေကျင်မြို့ ကနေပြီးတော့  အဲဒီရွာကို သွားရင် လမ်းလျှောက်သွားလို့ လည်းရသလို၊ စက်ဘီးတွေနဲ့ လည်း သွားလို့ ၇တယ်။ စက်ဘီးအငှားလိုက်သူကို (ကယ်ရီယာ) လို့ ခေါ်တယ်ခင်ဗျ။ အဲဒီမြို့ ကလူတွေကလေ။ ဆိုင်ကယ်တွေ ပေါ်သေးဘူး။
အခုပြောပြမဲ့ ဇာတ်လမ်းမှာ အဲဒီလမ်းမကြီး အရေးအပါဆုံးပေါ့။ ဘာဖြစ်လို့ လဲ ဆိုရင် အဲဒီလမ်းကို ညနေခြောက်နာရီကျော်ရင် ဘယ်သူမှ မသွားတော့ ဘူး။ အရေးဟဲ့ ၊ အကြောင်းဟဲ့ သွားစရာရှိရင်လည်း လူတွေစုပြီးတော့ သွားကြတယ်။ မီးတုတ်တွေ၊ မီးတိုင်တွေနဲ့ ပေါ့။ လမ်းမကြီးကတော့ ကြောက်စရာမလိုပေ့ မယ့်  လူတွေဟာ ရွာနဲ့ မြို့ နဲ့ ကြားမှာ တည်ရှိနေတဲ့  သင်းချိုင်းကုန်းကို
ကြောက်ကြလို့ ပါ။ အရမ်းခြောက်တယ်။ အဲဒါ သချိုင်းကုန်း အလယ်လမ်းမကြီးရဲ့  ဟိုဘက်ဒီဘက်မှာ ကျွန်းပင် တစ်ပင်စီပေါက်နေတယ်။ အဲဒီကျွန်းပင်ကို “ကျွန်းပင်မောင်နှမ” လို့ ခေါ်သဗျ။ လူတွေက လူစုလူဝေးနဲ့ သွားတာတောင် အဲဒီနေရာရောက်ရင် ဟိုဘက်ကျွန်းပင်ကနေ လျှာကြီးတစ်ခုထွက်လာတယ်။ ဒီဘက်ကျွန်းပင်ကလည်း လျှာကြီးတစ်ခုထွက်လာတယ်။
အဲဒီနှစ်ခုက အလယ်မှာ တွေ့ ဆုံကြတယ်။ ပြီးရင် အသံတွေ ပေါင်းစုံနဲ့  ခြောက်လန့် တတ်တယ်။ အဲဒီကြောင့် မြို့ ကလူပဲ ဖြစ်ဖြစ်၊ ရွာက လူပဲ ဖြစ်ဖြစ် ညနေခြောက်နာရီကျော်ရင် အဲဒီလမ်းကို တော်ရုံတန်ရုံ သတ္တိနဲ့ တော့ မဖြတ်ဝံ့ဘူး။
ကျွန်တော်တို့ ရွှေကျင်မြို့ ကို ရောက်တော့  နေ့ ဆိုရင် ညီအကိုတွေနဲ့  တောတွေထဲ လျှောက်သွားတယ်။ ညဆိုရင် အိမ်အပေါ်ထပ်မှာ စုပြီးတော့  သရဲ အကြောင်းတွေ ပြောကြတယ်။ ညီအကို ဘယ်လောက်များလည်းဆိုရင် ဆယ်ယောက်ကျော်လောက်ရှိတယ်ဗျ။ ပြီးတော့ စုပြီးအိပ်ကြတာဆိုတော့  သရဲအကြောင်းပြောမိရင် တော်တော်နဲ့ မအိပ်တော့ ဘူး။ အပေါ့သွားရင်လည်း အဖော်ခေါ်၊ ရေထသောက်ရင်လည်း အဖော်ခေါ်နဲ့  ပျော်တော့ ပျော်စရာကြီးပါ။ အိပ်ရင်လည်း အနော်က အားလုံးရဲ့ အလယ်ထဲထိရောက်အောင်တိုးတာ။ ပြီးတော့ မှာ စိတ်ချလက်ချအိပ်ရဲတယ်။ မဟုတ်ရင် ကြောက်နေရော။ ပြီးတော့ ပြောတဲ့ သရဲအကြောင်းတွေကလည်း စုံတယ်။ ခြေကလိမ်မတို့ ၊ ခေါင်းပြတ်သရဲတို့ ၊ အဲဒီခေတ်အခါက ခေတ်စားနေတဲ့  ကျောပေါက်သရဲတို့ ပေါ့။ ပြောပြီးလို့ အိပ်ချိန်တန်ရင်တော့  ဟဲဟဲ ။ ။
အဲဒီတုန်းက ဦးလေးတစ်ယောက်ရှိတယ်ခင်ဗျ။ သူက တော်တော်ကြောက်တတ်တာရယ်။ ဘယ်လောက်ကြောက်တတ်လဲဆိုရင် ကျွန်တော်တို့ သရဲအကြောင်းတွေ ပြောပြီဟေ့ ဆိုရင် သူထွက်ပြေးတယ်။ ပြီးရင် နံရံကို နားကပ်ပြီး ခိုးနားထောင်တယ်။ အိပ်ရင်လည်း အလယ်ထဲမှာလာလာအိပ်တယ်။ အနော်နဲ့ ဆို ခဏခဏ ရန်ဖြစ်တာ။ ခလေးမို့ လို့ သူက ညှာပြီးတော့  အနော်ဘေးမှာ အိပ်ရတယ်။ပြီးတော့ အပေါ့သွားချင်တာတို့ အိမ်သာတတ်ချင်တာတို့ ဆို အကုန်လုံးကို လိုက်နှိုးတာ။ တော်တော်ဆိုးတယ်ခင်ဗျ..သူကလေ။ သူ့ နာမည်က “သိန်းလွင်” တဲ့ ။ အနော်တို့ က ဦးသိန်း လို့ ခေါ်တယ်။
အဲဒီလိုနေလာတုန်း တစ်နေ့ ဗျာ။ ကျွန်တော်တို့ တည်းတဲ့ ခြံရှေ့ အိမ်က အဒေါ်ကြီးတစ်ယောက် ဆုံးသွားတယ်။ သူသေသွားတာ ထူးဆန်းတယ်။ ဒီလိုဂျာ… နယ်တွေဆိုတော့  ညဆို အိမ်သာတတ်တာတွေ ဘာတွေက ခြံထဲမှာပဲ အိမ်သာတစ်လုံး ဆောက်ပြီး ကိစ္စပြီးကြတာပဲမလား? အဲဒီတော့  သေသွားတဲ့ အဒေါ်ကြီးက ညဘက် အိမ်သာသွားတတ်တယ် ဆိုပါတော့ ။ သူတို့ အိမ်ကဆောက်ထားတဲ့ ပုံစံကလည်း အိမ်နောက်ဖေးက တောင်ကုန်းကြီး။ အဲဒီတောင်ကုန်းအောက်မှာ သူတို့ အိမ်လေ။
အိမ်သာက တောင်ကုန်းနဲ့ ကပ်နေတာ။ တောင်ကုန်းပေါ်မှာက ဂျပန်ခေတ်က ကင်ပေတိုင်ရုံးရှိတယ်။ ဂျပန်တွေက လူတွေကို သတ်သတ်ပြီးတော့ တောင်ကုန်းအတိုင်း အလောင်းတွေကို ကန်ချထားတာ။ အဲဒီလို ဇာတ်လမ်းက။ အဲဒီနေရာက သရဲလည်း တော်တော်ခြောက်ပါတယ်။ အိမ်ပိုင်ရှင်အဒေါ်ကြီးက သူအိမ်သာသွားတော့  သူ့ ယောင်္ကျားကို ခေါ်သွားတယ်။ စောင့်ဖို့ လေ။
အဲဒါကို သူ့ ယောက်ျားက သူ့ ကိုတော်တော်ချစ်ပါတယ်။ မိန်းမက အိမ်သာထဲလည်းဝင်သွားရော သူလည်း အိမ်ထဲ ပြန်ဝင်သွားတယ်။:P
အိမ်သာတတ်နေတုန်း အနောက်ဘက်ကနေ “၀ုန်း ၀ုန်း” ဆိုပြီး ပြုတ်ကျလာသံကြားလို့  အဲဒီအဒေါ်ကြီးက တံခါးဖွင့်ကြည့်မိတာ။
သူမြင်လိုက်ရတဲ့  မြင်ကွင်းကို တွေ့ ပြီး သွေးလန့်ပြီး အော်ထည့် လိုက်တာ ကျွန်တော်တို့ တွေ တောင်လန့် နိုးကုန်တယ်။ အဟုတ်။
အကျယ်ကြီး။ အဲဒါနဲ့ ဘာဖြစ်လဲ ဆိုပြီး မီးခွက်တွေထွန်း ဘာထွန်းနဲ့ သွားကြည့် ကြတာ။ အိမ်ကလူကြီးတွေပါ။ ကျွန်တော်တို့ က ပါဝူး
လူကြီးတွေက ရောက်သွားတော့ အဒေါ်ကြီးက အိမ်သာထဲမှာ ကန်တော့ နော် (အီးတန်းလန်းနဲ့ သတိလစ်နေတာ)။ ဘေးအိမ်တွေက ၀ိုင်းကူပေါ့ဗျာ။ သတိရလာအောင် ၀ိုင်းလုပ်ကြတယ်။ သတိလည်းရလာရော တော်တော်နဲ့ အကြောက်မပြေသေးဘူးခင်ဗျ။ သူ့ အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ အသံကြားလို့ ထွက်ကြည့် တော့  ကောင်လေးတစ်ယောက်က မြေကြီးမှာ ကုန်းကုန်း ကုန်းကုန်းနဲ့ ၊
လက်တွေကလည်း မြေကြီးကို စမ်းနေသေးသဗျှ။ နောက်တော့ မှာ အဲဒီကောင်လေးစမ်းနေတာ သူခေါင်းကို လိုက်ရှာနေတာ ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အဲဒီအဒေါ်ကြီးလည်း လန့် ပြီးအော်တာပါပဲ။ သူက အဲဒီအဖြစ်အပျက်ကို ပြောပြီးတော့ ခဏနေတော့  ကယောင်ကတမ်းတွေ လျှောက်ပြောတော့ တာပဲ။ “ခေါင်းပြတ်ကြီးလာနေပြီ” “ငါဆီလာနေပြီ လုပ်ပါဦး” ဒီလိုတွေ အော်နေတာ။
ကိုယ်ပူရှိန်လည်းတတ်လာတယ်လေ။ နောက် ရပ်ကွက်ထဲက ဆေးဆရာက အိပ်ဆေးတစ်လုံး ထိုးပေးလိုက်တော့ မှ ငြိမ်ပြီး အိပ်ပျော်သွားတာခင်ဗျ။ ဒါပေ့ မယ် မနက်မိုးလင်းတော့ မထလာတော့ဘူးလေ ဟီး ။ အဲဒီတော့ မှ သူယောင်္ကျားလည်း ရင်ကွဲပက်လက်ဖြစ်တာ။ သရဲခြောက်ခံရလို့ အကြောက်လွန်ပြီးသေတာလား (ဒါမှမဟုတ်) ဆေးဆရာ ဆေးမှားထိုးလို့ သေတာလား ဆိုတာ ဘယ်သူမှ ခွဲခွဲခြားခြားမသိကြဘူး။ လောလောဆယ်မှာတော့  ဆေးဆရာက အချုပ်ထဲ ခဏ၀င်လိုက်ရတယ်။
ဒီလိုနဲ့  သေသွားတဲ့ အဒေါ်ကြီးရဲ့ ရုပ်အလောင်းကို ဗမာထုံးစံအရ အိမ်ရှေ့ မှာ အခေါင်းနဲ့ ထားတယ်ပေါ့ဗျာ။ ဆွေစောင့်မျိုးစောင့် ခုနှစ်ရက် ထားတယ်ဆိုပါတော့ ။ အဲဒီအချိန် အသုဘအိမ်မှာ ဖဲဝိုင်းလုပ်ပေါ့။ ကျွန်တော်တို့ ခလေးတွေကို အဖွားက အသုဘအိမ်ကို မသွားဖို့ ပြောထားတယ်။ ခလေးဆိုတော့  လိပ်ပြာငယ်တယ်လေ။ အဲဒါကြောင့်လည်းပါတယ်။ တစ်ခုခု ပူးကပ်လာမှာဆိုးလို့ ထင်ပါတယ်။ဒါပေ့ မယ် အသုဘအိမ်နဲ့ အနော်တို့ အိမ်က မျက်နှာခြင်းဆိုင်ဆိုတော့  အနော်တို့ အိမ်က ကြည့် ရင်တွေ့ နေရတယ်။ အခေါင်းကိုလေ။နောက်ပြီးတော့  ရှေးမြို့ ဆိုတော့ အိမ်တွေ ဆောက်ထားတဲ့ ပုံစံက တစ်မျိုးရယ်။ အောက်ထပ်မှာ လူတွေထိုင်ဖို့ မြေကြီးတမံတလင်းနဲ့ ။လူကြီးတွေ အိပ်ဖို့ အဆောင်တစ်ခုပဲ ဖွဲ့ ထားတာ။ အကုန်လုံးက အပေါ်တတ်အိပ်ရတာ။ အပေါ်ထပ်က ပြတင်းပေါက်တွေက သံတိုင်တွေနဲ့ လေ။ တံခါးပိတ်အိပ်ရင် အိုက်လို့ ဖွင့်ထားပြီး အိပ်ရတာ။ သေတာပဲ အဲဒါ။ တံခါးဖွင့်အိပ်တော့  အခေါင်းကို မြင်နေရရော။အနော်တို့ က အိမ်ရှေ့ ခန်းအိပ်တာဆိုတော့  ပိုသိသာတယ်လေ။ လမ်းမဘက်ကို စောင်းအိပ်မိတာနဲ့  အခေါင်းက မျက်နှာနဲ့ တည့် နေတာပဲ။ မတွေ့ လည်း ထထကြည့် ကြတာ။ ခွီး ။ ပြီးတော့ ကြောက်ပြီး ဟိုလူတိုး ဒီလူတိုးနဲ့ ဗျာ။ အဟုတ် တကယ်ပါပဲ ခလေးဘ၀က ပျော်ဖို့ လည်းကောင်းပါတယ်။ ။
ဒီလိုနဲ့ သုံးရက်မြောက်နေ့ မှာ ခြေတော်ရာရွာမှာ ဘုရားပွဲလုပ်တယ်။ အဖွားနဲ့ ကျွန်တော် ဒီမြို့ ကို လာရတဲ့ အကြောင်းရင်းကလည်း အဲဒီပွဲ အတွတ်ပဲ။ ဘုရားပွဲကလည်း တော်တော်လေးစည်ကားတယ်ဗျ။ ညလုံးပေါက်လုပ်တာ။ ဘုရားပွဲနေ့ ဆိုလူတွေက ညနေ လောက်ကတည်းက ရွာထဲက ဘုရားပွဲကို သွားကြတာ။ လှည်းတွေရော စက်ဘီးတွေရော။ အဲဒီလမ်းမကြီးက ဖုန်းတလိမ်းလိမ်းနဲ့ ။
မြို့ ကလူတွေနဲ့ အနီးနားပတ်ဝန်းကျင်ကလာတဲ့ လှည်းတွေနဲ့ တော်တော်လေးစည်ကားတယ်။ ပွဲတော်စချိန်က ညနေ ခြောက်နာရီလောက်မှာ ရိုးရာ သိုင်းကစားပွဲနဲ့ စတယ်။ ပြီးရင် ဘုရားရှိခိုးပွဲ စတယ်။ အားလုံးကို အစီအစဉ်တကျလုပ်ပြီးသွားပြီဆိုတာနဲ့ 
ရုပ်ရှင်ကို ညလုံးပေါက် ပြတော့ တာပါပဲ။ အဲဒီလိုပြရတာ အကြောင်းရင်းရှိတယ်ဗျ။ ဘုရားပွဲပြီးချိန်က ည ၁ နာရီ၊ ၁ နာရီခွဲလောက်မှ ပြီးတာဆိုတော့  အနီးအနားရွာတွေက ပြသနာမရှိပေ့ မယ်။ သချိုင်းကုန်း ကို ဖြတ်ပြီးပြန်ရမဲ့  မြို့ သူ မြို့ သားတွေနဲ့  မြို့ ဘက်မှာရှိနေတဲ့ ရွာတွေက ပြသနာရှိတယ်။ ။ လူများများနဲ့ ပြန်သွားတာက ပြသနာမဟုတ်ပေ့ မယ်။ နောက်ကျပြီးတော့ ပြန်တဲ့ 
လေးယောက်တစ်စု၊ ငါးယောက်တစ်စု ကတော့  မပြန်ရဲကြတော့ ဘူး။ အဲဒီရွာမှာပဲ ညအိပ်ကြပြီးတော့  မနက်မိုးလင်းမှ ပြန်ကြတယ်။
အဲဒီလိုနာမည်ကြီးတာ အဲဒီသင်ချိုင်းကုန်းက။ အဲဒီတော့ ဘုရားပူဇော်ပွဲပြီးပြီး ဆိုတာနဲ့  ဘုရားဝင်းထဲမှာ ရုပ်ရှင်ပြလိုက်တယ်။ မိုးလင်းပေါက်။ အဲဒီလိုလုပ်လိုက်တော့  လူတွေက မပြန်တော့ ဘူး။ ရုပ်ရှင်ကို ညလုံးပေါက်ကြည့် ကြတယ်။ မိုးလင်းမှ ပြန်ကြတာ။
ရုပ်ရှင်ကြည့် ရင်း အိပ်နေတဲ့ လူတွေကလည်း အိပ်နေတာပဲ။ အားလုံးအတွတ် အစဉ်ပြေသွားတာပေါ့ဗျာ။ ။
ပြီးတော့ အဲဒီရွာရဲ့ ရိုးရာသိုင်းကစားပွဲကလည်း အရမ်းဂွတ်တာနော်။ တုတ်နှစ်ဖက်ကို ဟိုဘက်နဲ့ ဒီဘက်မှာ မီးတွေ ရှို့ ထားတယ်။ မီးတောက်ကြီးက အကြီးကြီးရယ်။ အဲဒီလိုရှို့ ပြီးတော့  မီးတုတ်သိုင်း ဆော့ တာ။ အာ…ပက်စက်တယ်။ တုတ်ကိုလှည့် ရင်းလှည့် ရင်းနဲ့ ။
အဲဒီမီးတောက်ဟာ အ၀ိုင်းကြီးဖြစ်သွားတယ်။ ဘယ်လောက်မြန်လည်းဆိုတာ။ မီးသိုင်းဆော့ လို့  မီးတုတ်က လွင့်လာတဲ့ မီးဖွားတွေက လူတွေကို လာလာမှန်တာ။ ဒါပေ့ မယ် လူတွေက တိုးပြီးကြည့် ကြတာပဲ။ ပြီးတော့  လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိုင်းတုတ်နှစ်ချောင်းစီနဲ့  ရိုက်ကြတာ။ အတည်ရိုက်တာနော်။ ကြမ်းတယ်။ သဲပြင်ပေါ်မှာသိုင်းကစားကြတာ ဆိုတော့  တုတ်ရိုက်ချက်တစ်ချက်ဟာ သဲမြေကို ထိလို့ ကတော့  သဲတွေက “ဖွားခနဲ” ပဲ။ လူတွေကိုတောင် လာစင်တာ။ လူတွေကလည်း ပြုံပြီးတိုးနေတော့ တာပဲ။ နောက်ပြီးတော့  ဓါးသိုင်းကတာ ရှိသေးတယ်။ အဲဒီဓလေ့ ကတော့  ဒီနေ့ အချိန်အခါမှာမရှိတော့ ပါဘူး။
မ က ပြတော့ တာ။ ဓါးသိုင်းကပြီဟေ့ ဆိုရင် ဓါးတွေကို လည်ပင်းမှာ ပတ်ပြတာ။ အဟုတ်။ ဓါးထိသွားရင် ဟက်ခနဲကွဲတာပဲ။ သွေးတော့ ထွက်မလာဘူးနော်။ အဲဒါသူတို့ ဆေးမြစ်လေးတွေရှိတယ်။ အဲဒီဟာလေး အုံ လိုက်ရင် ချက်ခြင်း ပြန်စပ်သွားတယ်။ အဲဒီဆေးမြစ်ကလည်း ဘုရားပွဲ တစ်ချိန်ပဲ စွမ်းတာ ကျန်တဲ့ အချိန်တွေ မစွမ်းဘူး။ ဟီး ။ ။ ပြီးတော့ ဘုရားပွဲက သုံးရက်တောင်လုပ်တာဗျ။ ပထမ တစ်ရက်ပဲ သိုင်းဆော့ တာ ပါတယ်။ ကျန်တဲ့ နေ့ တွေကတော့  ရုပ်ရှင်ပြတာတို့ ဘာတို့ ပါပဲ။
ပွဲဈေးတွေနဲ့ လူတွေကတော့  သုံးရက်လုံး စည်တာရယ်။
ဘုရားပွဲစတဲ့ နေ့ က အသုဘအိမ်ရဲ့ သုံးရက်မြောက်နေ့ ဖြစ်နေတယ်။ နောက်ပြီး ဘုရားပွဲက ရွာမှာလုပ်တာဆိုတော့  အိမ်ကလူတွေအားလုံးက ရွာကို သွားကြတယ်။ အနော်လည်းပါတယ်။ ရွာရောက်တော့  ပိုတောင် ပျော်ဖို့ ကောင်းသေးတယ်။
အဲဒီမှာလည်း ညီအကို မောင်နှမတွေချည်းပဲဆိုတော့ အားလုံးပေါင်း အယောက်လေးဆယ်ကျော်တယ်ခင်ဗျ။ ခလေးတွေချည်းပဲနော် အဲဒါ။ ပြီးတော့ သူတို့ က အနော်ကို ခင်တယ်။ ရှမ်းဘက်ကလာတာဆိုတော့ စကားပြောရင် အနော်ပြောတဲ့ စကားကို သူတို့ က သိပ်နာမလည်ဘူး။ ခဏခဏ ပြန်မေးတယ် သူတို့ က။ အဲဒါတစ်နေ့ ကုန်လျှောက်ဆော့ ပေါ့ဗျာ။ ထွေခင်းတယ်။ ထုတ်စီးထိုးတယ်။
ဘောလုံးကန်တယ်။ အဲဒီလိုတွေလုပ်နေတာ။ အဘိုးရဲ့ ခြံက အကျယ်ကြီးရယ်။ ခြံဝကနေ အိမ်ကို တစ်ခေါ်လောက် ဝေးတယ်။
သစ်ရိပ်ဝါးရိပ်နဲ့ ဆိုတော့ အဲဒီခြံထဲမှာ နေမထိုးဘူး။ အရိပ်ရတဲ့ နေရာတွေမှာ ဆော့ တာရယ်။ ရွာဘုရားပွဲဆိုတော့  မြို့ က အမျိုးတွေလည်း အဖိုးအိမ်မှာတည်း။ အဘွားလာတယ်ဆိုတော့  ရွာအနီးနားက အမျိုးတွေလည်း လာဆိုတော့  အဲဒီမှာပဲ လူတွေတော်တော်စည်ကားတယ်။ ပွဲတော်ဖြစ်နေတာလေ။
ဒီလိုနဲ့  ညနေစောင်းတော့  အနော်တို့ ဆော့ နေတဲ့ နေရာနားကို ဦးသိန်း ရောက်လာတယ်။ မြို့ ထဲသွားမို့ ဘယ်သူတွေလိုက်မလဲတဲ့ ။
သူက လာခေါ်တယ်လေ။ ခလေးတွေအားလုံးကလည်း ဆော့ ရတာ မောနေပြီဆိုတော့  သူ့ နွားလှည်းပေါ်မှာလိုက်ထိုင်ရင်း အမောဖြေမယ်ပေါ့နော်။ အချိန်က ညနေစောင်း လေးနာရီလောက်ဆိုတော့  ရွာထဲက ခလေးတွေက နပ်တယ်။ မလိုက်ဝူးခင်ဗျ။
အပြန်တိုင်ပတ်မှာဆိုးလို့ လေ။ အဲဒီတော့  အနော်ရယ် ဦးသိန်းရယ်။ နောက် မြို့ ထဲက ခလေးတွေပဲ ငါးယောက်လောက် လိုက်တယ်။
အဘွားကိုလည်း အနော် ခွင့်မတောင်းသွားဘူး။ မြို့ ထဲသွားဖို့ ကိုလေ။ ခဏပဲ ထင်တာပေါ့နော်။ မြို့ ထဲရောက်တော့  ဦးသိန်းက ဈေးထဲမှာလိုအပ်တာတွေဝယ် ဘာညာနဲ့  တော်တော်လေးကြာသွားပြီး အပြန်မှာ ခြောက်နာရီခွဲသွားပြီ။ ကျွန်တော်ကတော့ မသိပါဘူး။
ဒါပေ့ မယ် ဦးသိန်းရော မြို့ ထဲက ခလေးတွေရောက ရွာထဲ ပြန်မလိုက်ချင်ကြဘူး။ ဘာဖြစ်လို့ လဲဆိုတော့  သင်ချိုင်းကုန်းဖြတ်ရမှာကြောက်လို့ ။ အသွားတုန်းကတော့ လင်းလင်းထင်းထင်းကြီးဆိုတော့ အေးဆေးပဲလေ။ အပြန်ကျတော့ မှောင်နေပြီ ဆိုတော့  သူတို့ မသွားရဲ တော့ ဘူး။ ဦးသိမ်းကလည်း မရောက်ရောက်အောင်ပြန်ရမှာဆိုတော့  နွားလှည်းကို သေသေချာချာတံပိုးတွေ ဘာတွေ ပြန်တပ်တယ်။ ပြီးတော့ ရွာဘက်ကို သွားမယ် ဆိုပြီးမောင်းလာတာပေါ့နော်။ ပါးစပ်ကလည်း
“မကြောက်ပါနဲ့ ဟ။ နင်တို့ ဦးလေး ငါ သိန်းလွင် တစ်ယောက်လုံးပါပါတယ်” ဆိုပြီး အားပေးနေတယ်။ ကျွန်တော်ကတော့  ဒီမြို့ ဇာတိမဟုတ်တော့  မသိဘူး ခင်ဗျ။ အဲဒါကြောင့် မကြောက်ဘူး အဟီး ။ ။
ဒီလိုနဲ့ သွားရင်း သွားရင်းနဲ့  ရွာဘက်ကို သွားတဲ့ လမ်းကို ကွေ့ လိုက်တဲ့ အချိန်မှာ နွားတွေက တုံကနဲ ရပ်သွားတာ။ ဦးသိန်းတောင် အံ့ သြသွားတယ်။ ဘာဖြစ်တာလဲဟ ဆိုပြီးလေ။ ဘယ်လိုလုပ်လုပ် နွားလှည်းက နောက်ကိုပဲ ပြန်ရုန်းနေတာ ရှေ့ ကို မသွားဘူး။ နောက်ပြီးတော့  ဘေးနား ပတ်ဝန်းကျင်က လူပြတ်လိုက်တာ များဗျာ။ အနော်တို့ ပဲ ရှိတယ်။ အဟုတ်။ ရှေ့ နည်းနည်းလေး ဆက်တိုးရင် သချိုင်းကုန်း ရောက်တော့ မှာလေ။ ဘယ်လိုလုပ်လုပ်မရတဲ့ အဆုံး မှာ ဦးသိန်းက နောက်ကို ပြန်လှည့် လာပြီးတော့  မြို့ ထဲအိမ်ကို ပြန်ဝင်ကြတယ်။ အဆူခံရရင်လည်း မနက်မှာပဲ အဆူခံတော့ မယ်ပေါ့နော်။ ရွာထဲကလူတွေလည်း သိမှာပဲ အနော်တို့ မိုးချုပ်လို့ မလာတာဆိုပြီးလေ။ ပြီးတော့ မြို့ ထဲကို လှည်းဝင်လာတော့ လည်း မြို့ ထဲမှာ လူတွေ သိပ်မရှိကြဘူးဗျ။ အားလုံးက ရွာဘုရားပွဲသွားနေတာဆိုတော့ ။ လူနည်းတယ်။ မလိုက်နိုင်တဲ့  သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိတာ။ အိမ်ပြန်ရောက်တော့ လည်း
အသုဘအိမ်က ရှေ့ မှာ။ ဖဲဝိုင်းတောင် နှစ်ဝိုင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ မှာ အနော်က သိတာ ဦးသိန်းတို့ ရွာထဲ မပြန်တော့ ဘူးဆိုတာကိုလေ။ သိသိခြင်း ငိုတာပေါ့ဂျာ။ အဖွားကို ခွင့်မတောင်းပဲနဲ့  ထွက်လာတာလေ။ သိရင်ရိုက်မှာ ဟင့် L ။
အခုလို ညလုံးပေါက် သူဆီမပြန်လာတော့ ဘူးဆိုရင် ပိုဆိုးကုန်မှာပေါ့။ အဲဒါကြောင့် ငိုတာ။ ဦးသိန်းကိုလည်း ခဏခဏ ပြောတယ်။
သားကို ပြန်ပို့ ပေး။ ရွာထဲပြန်ပို့ ပေးပါဆိုပြီးလေ။ မြို့ ထဲ အိမ်ကို ရောက်တဲ့ အချိန် (၇) နာရီလောက်က စပြီးတော့ ငိုတာ။ ညကိုးနာရီလောက်အထိ ငိုတုန်း။ ညီအကိုတွေကလည်း ၀ိုင်းချော့ တယ်။ ဦးသိန်းကလည်း ချော့ တယ်။ ချောက်တယ်။ အနော်က ငိုတုန်း။ အာဗြဲကြီးနဲ့ အော်ငိုတာဆိုတော့ ။ အိမ်ရှေ့ အသုဘအိမ်က လူတွေလည်း ဘာဖြစ်တာလဲဆိုပြီး အနော်တို့ အိမ်ထဲရောက်လာတယ်။ အနော်ငိုနေတာ ရွာထဲ သွားချင်နေမှန်း သိသွားတော့  “ဟ! ဒီကောင် တောင်ပေါ်သားမလား။ ကျားမြီးဆွဲချင်တယ်ထင်တယ်။ မသွားပါနဲ့ ခလေးရယ်” ဆိုပြီး ၀ိုင်းချော့ တာ။ မရဘူး အနော်က။ သရဲထက် အဘွားကို ပိုကြောက်တယ်။
အဟုတ်။ ဘွားရင် (ဒေါ်နန်းရင်)က မရိုက်ရင် မရိုက်ဘူးဗျ။ ရိုက်ပြီဆို မေမြို့ က အိမ်ရှေ့ ဓါတ်တိုင်မှာ ကြိုးတုပ်ပြီး တီးတာ။ အဲဒီလိုကြမ်းတယ်။ တစ်ခါဆိုလည်း အနော်က ငိုတာ ဘာကိစ္စနဲ့ လည်း မသိပါဝူး။ တော်တော်ငိုတာ။ အဲဒါကို သူသည်းမခံနိုင်တော့ ဘာလုပ်တယ်ထင်တယ်။ ခြေထောက်နှစ်ချောင်းကို ကြိုးချည်ပြီးေ၇တွင်းထဲကို ထည့် တာ။ အငိုတိတ်မှ ပြန်တင်ပေးတာ။ အဲဒီလို ။
အနော် နှစ်ရက်တောင်ဖျားသွားတယ်။ ဘွားရင် ဟေ့ ဆို အနီးအနားက ခလေးတော်တော်များများက ကြောက်တယ်။ အနော်လည်းကြောက်တယ်။ ချစ်လည်းချစ်တယ် သူကို့  ဟင့် ။
အခုလည်း သူကို ခွင့်မတိုင်ပဲ နဲ့ ထွက်လာတာဆိုတော့  ကြောက်ပြီးတော့ ငိုနေတာ။ နောက်ဆုံးအားလုံးက လက်လျှော့ လိုက်တယ်။ အနော်ကို ဒီအတိုင်း ပစ်ထားကြတယ်။ ငိုဟာ ငိုဟာ ဆိုပြီးလေ။ အနော်ကလည်း ငိုလို့ ကောင်းကောင်းနဲ့ ငိုတာ။ အသံတွေ ဘာတွေဝင်လို့ ။ အဲဒီတော့ မှ ဦးသိန်းက ဆုံးဖြတ်ချက်တစ်ခုချတယ်။ ဒီကောင် ဆက်ငိုနေရင်တော့ သေတော့ မှာပဲ ဆိုပြီးလေ။
လူကြီးတော်တော်များများလည်း အနော့် ကို ချဉ်သွားတယ်။ သောက်၇မ်းဆိုးတဲ့ ကောင် ကြောင်ချီးဆိုပြီး ဟီး ။ ဂျီတွန်လွန်းအားကြီးတယ် ဆိုပြီးလေ။ အသုဘအိမ်က ဖဲလာရိုက်တဲ့ လူတစ်ယောက်ဆို “မင်းသာ ငါ့သားဆိုရင် ဟေ့ ကောင် ဆွဲလုပ်လိုက်လို့  အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားမယ်” ဆိုပြီးတောင် ကြိမ်းတာ။ အနော်က သူတို့ ကြိမ်းလည်း ငကြိမ်းပါပဲ..
ငိုတုန်း။ အဲဒါနဲ့ နောက်ဆုံးမှာ သူတို့ ရွာပြန်ပို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဦးသိန်းက ဆုံးဖြတ်လိုက်တာပါ။ နောက်ပြီးတော့ အသုဘအိမ်က ဖဲသမားတွေလည်း လူနည်းတော့ ဖဲရိုက်ရတာ ပျင်းတယ် ဆိုပြီးတော့  ရွာထဲလိုက်ဖို့ သဘောတူလိုက်တယ်။ အဲဒီတော့ 
အုပ်ကတောင့်သွားတယ်။ အဲဒီမှာ ပြသနာတတ်တာ အသုဘအိမ်ရှင် သူက သူ့ အိမ်မှာ မိန်းမနဲ့ သူနဲ့ နှစ်ယောက်တည်းနေတာဆိုတော့ 
ဖဲသမားတွေနဲ့ အကောက်သမားတွေမှ မရှိရင် သူအိမ်မှာ ဘယ်သူမှ မရှိတော့ ဘူးလေ။ အားလုံးကလည်း ရွာထဲလိုက်မယ်လုပ်နေတာဆိုတော့ ။ သူတို့ အမျိုးတွေကလည်း မလာသေးဘူး။ အဲဒီတော့ အနော်တို့ မရှိတော့ ရင် အလောင်းကောင်မိန်းမနဲ့ သူနဲ့ နှစ်ယောက်တည်း နေရမဲ့ ကိန်းဆိုက်တာ ခွီး။ ။ အဲဒီမှာ စကားများကုန်ရော။ အားလုံးက သွားချင်တယ် အိမ်ရှင်က သူကို့ ဒီလို မပစ်ထားပါနဲ့ ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောတာ။
အဲဒါလူတစ်ယောက်က “ခင်ဗျား မိန်းမပဲဗျာ။ ချစ်လို့ ယူထားတာပဲဟာကို နေလိုက်ပေါ့” ဆိုပြီးပြောတယ်။
အိမ်ရှင်က “ဟ နင့်တို့ မေ့ လင့် သေနေပြီဟ” ဆိုပြီး ပြန်ပြောတာ။
ချစ်လို့ ယူတာပဲဗျာ။ ရှင်တုန်းကလည်း ချစ်။ သေတော့ လည်း ချစ်ပေါ့။ ဘာလဲ ခုမှ လူဆိုး။ ဆိုပြီး ၀ိုင်းစကြတယ်။ အဲဒီလူကိုလေ။
အနော်က အဲဒီအဖြစ်အပျက်ကို မြင်ပြီး ငိုတာရပ်လိုက်တယ်။ ပြီးတော့  “ခစ်ခစ်” ဆိုပြီး ရီတာ အသေပဲ။ အနော်ရီသံကြားတော့ လူတွေက “မသာလေး ခုနကြတော့ ငိုနေပြီးတော့  အခုကျတော့ ထရီနေတယ်” ဘာညာနဲ့ ပေါ့ဗျာ။ ကျွန်တော်ရီနေတာ မြင်တော့ မှ အားလုံးက သက်ပြင်းတွေ ချပြီး ဖဲဝိုင်းပြန်စဖို့ ပြင်တယ်။ တော်တော်ကြာကြာထိမသွားကြသေးဘူး။ အဲဒါနဲ့ အနော်က မသွားသေးဘူးလားဆိုတော့  သူတို့ အားလုံးက အနော်ကို ၀ိုင်းကြည့် တယ်။ မျက်လုံးပြူးပြီးလေ။ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ သူတို့ ကအနော်ကို ချော့ လို့ ရပြီ ဆိုပြီး မသွားတော့ ပဲ နေမလို့ လေ။ ရမလား ငဇူးပဲ ပြန်ငိုလိုက်တာပေါ့ ။ ပွဲဖြစ်သွားတယ်။ ဒေါသထွက်တဲ့ လူတွေထွက်။ ရီတဲ့ လူတွေရီနဲ့ ။ အဲဒါနဲ့ ချက်ခြင်းပဲ ရွာထဲသွားမယ်ဆိုပြီးထွက်လာကြတာ။ အသုဘအိမ်ရှင်ကလည်း မထူးတော့ ပါဘူးကွာ ဆိုပြီး သူမိန်းမ အလောင်းကို ခြံထဲ သွင်းပြီး ခြံတံပါးပိတ်ပြီး သူပါလိုက်မယ်တဲ့  ။
အဲဒါနဲ့ အားလုံးထွက်လာလိုက်တာ ဦးသိန်းက ကျွန်တော်ကို ချီထားတယ်။ ကျန်တဲ့ ခလေးတွေက လမ်းလျှောက်။ ဒီတစ်ခါတော့ နွားလှည်းမယူလာတော့ ဘူးဗျို့ ။ ဘာလို့ လဲဆိုတော့  နွားတွေအလုပ်ရှုပ်တယ်။ သွားချင်သလိုလို မသွားချင်သလိုလိုနဲ့  မို့ လို့ ။
အားလုံး မြို့ ထဲက ထွက်လာတော့  လူတော်တော်လေးများတယ်။ ၁၂၊ ၁၅ ယောက်ကျော်ကျော်လောက်ရှိတာကိုး အဲဒီတော့ ဘယ်ကြောက်ပါ့မလဲ။
တစ်ဖြည်းဖြည်းနဲ့ လာလိုက်တာ သချိုင်းကုန်းနားကို ရောက်လာပါလောရော။ အဲဒီမှာ ပြောစရာရှိတယ်ဗျ။ သချိုင်းကုန်းတည်နေပုံနဲ့ သူနယ်နိမိတ်ပေါ့နော်။ မြို့ ထဲဘက်နေကြည့် ရင် ကျွဲတဲ တံတားဆိုတာရှိတယ်။ အဲဒီတံတားကို ဖြတ်တာနဲ့  သချိုင်းကုန်းအစပဲ။
ဘယ်မှာဆုံးလဲဆိုတော့  သချိုင်းကုန်းကို ဖြတ်သွားပြီးတော့  ဆိုက်နှိုက် တံတားဆိုတာရှိတယ်။ အဲဒီတံတား ကျော်ရင် သချိုင်းကုန်းနယ်နိမိတ်အဆုံး။ သချိုင်းကုန်းဖြတ်တဲ့ လမ်းမှာဆိုရင် ဘေးတစ်ဖက်တစ်ချပ်စီမှာ အုတ်ဂူတွေဖြူဖွေးနေတာပဲ။
ပြီးတော့  အလယ်မှာ ဇရပ်ကြီးတွေရှိတယ်။ ရှေးခေတ်ဇရပ်တွေပါ။ အုတ်တိုင်တွေဘာတွေနဲ့ သေသေချာချာလုပ်ထားတာ။
အုတ်တိုင်တွေဆို လူတစ်ဖက်ကျော်တယ်။ အဲဒီလို။
အားလုံးက သချိုင်းကုန်းနီးလေလေ ကြောက်လေလေပဲ။ သွားရင်းသွားရင်းနဲ့  ကျွဲတဲတံတားနားေ၇ာက်လာတယ်။ အဲဒီတံတားဘေးမှာ
ညောင်ပင်ကြီးအကြီးကြီးတစ်ခုရှိတယ်။ တံတားပေါ်ရောက်တဲ့ အချိန်မှာ ပြသနာက စတာပဲ။ တံတားဒီဘက်ခြမ်းကနေပြီးတော့ ပုဝါတစ်ခုက လွှင့်လာတာ ပြီးတော့  တံတား ဟိုဘက်ခြမ်းအောက်ကို ၀င်သွားတယ်။ မိတ်ဆွေတို့ မြင်ရဲ့ လားမသိဘူး။ တံတားတွေမှာဗျာ။ လက်ရန်းနှစ်ခုရှိတယ်လေ။ အဲဒီလက်ရန်းတစ်ဖက်ကနေပြီးတော့  ဟိုဘက်တစ်ဖက်ကို ပုဝါလေးလွှင့်သွားတာ။
အဲဒီလို။ အနော်တို့ အကုန်တွေ့ တယ်။ ရှင်းရှင်းကြီးရယ်။ လကလည်း သာနေတာ။ ပြီးတော့ ကျွန်တော်တို့ က တံတားပေါ်ရောက်နေတာဆိုတော့  ညောင်ပင်ကြီးက ဘေးမှာ ရှိနေတာလေ။ အားလုံးက ကြက်သေသေသွားတယ်။ ဖဲသမားတွေကလည်း ပြေးဖို့ ခြေဦးပြင်နေပြီ။ အခြေအနေက လုံးဝမကောင်းတော့ ဘူး။ ခလေးတွေကလည်း ပြေးတော့ မှာ။
အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ်။
“ဟိတ်! ဘယ်သူလဲကွ” ဆိုပြီးလေ။
အသံထွက်လာတဲ့ ဘက်ကို လှမ်းကြည့် တော့  ဦးသိန်း။ ခပ်တည်တည်နဲ့  အော်လိုက်တာ။ အားလုံးကလည်း အံ့သြသွားတယ်။
ဘယ်နှယ့် လူကြောက် ဦးသိန်းက အော်ထည့် လိုက်တာ။ အသံက မာလှချည်လားပေါ့။ အားလည်းနည်းနည်းတတ်သွားတယ်။
ပြေးမဲ့ ခြေလှမ်းတွေလည်း ပြန်တုန့် သွားတယ်။
အဲဒီအချိန်မှာ
“အော်! လူမှားသွားလို့ ပါရှင်” ဆိုပြီး အဖြေတစ်ခုပြန်လာတယ်ခင်ဗျ။
ဘယ်ကလာတယ်ထင်လဲ ညောင်ပင်ကလာတာ။ ကြက်သီးတွေထတာများဗျာ။ တစ်ဖြန်းဖြန်းပဲ။ ခေါင်းမွှေးတွေပါထောင်ကုန်လား အောက်မေ့ရတယ်။
ဖဲသမားတွေက လှည့် နေပြီ။ ပြေးဖို့ လေ။ ခလေးတွေက စုပြီးတော့ ကပ်နေတာ။ အဲဒီအချိန်မှာ ဦးသိန်းက ဘာပြောတယ်ထင်တုန်း။
“အေး၊ ငါတို့ အခု ရွာထဲသွားမလို့ ။ ဒါ ငါ့တူတွေနဲ့ ငါသူငယ်ချင်းတွေပဲ။ နင်လူမှားတယ်ဆိုရင် နောက်တစ်ယောက် ဆက်စောင့်လိုက် ဒါပဲ” ဆိုပြီး
သူက ရှေ့ ကနေသွားတာ။ အဲဒီတော့ မှာ လူကြီးတွေရော ခလေးတွေရော အားလုံး ဦးသိန်းနောက်ကို လိုက်ကြတာလေ။
လူတန်းက ဒီလိုဖြစ်သွားတယ်။ ဦးသိန်း ပြီးတော့  ခလေးတွေ။ အဲဒီနောက်မှ ဖဲသမားတွေအုပ်စုနဲ့ အသုဘအိမ်ရှင်။
တန်းစီပြီးလမ်းလျှောက်လာတာ။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောဘူး။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့် ပြီးတော့  ကြောက်ကြောက်လန့် လန့် နဲ့ လျှောက်လာ၇တာ။ သချိုင်းကုန်းအလယ်လောက်လည်းရောက်ရော ဇရပ်တွေကို ဖြတ်နေရပြီလေ။ ဇရပ်ထဲမှာ မှောင်မှောင်မည်းမည်းနဲ့ ဘယ်သူမှမရှိနေဘူး။ လမ်းတစ်လျှောက်မှာ အပင်တွေနဲ့ အုတ်ဂူဖွေးဖွေးတွေ။
အဲဒီအချိန်မှာ လေတွေတဖြူးဖြူး တိုက်လာပြီးတော့ ။ ဇရပ်ရဲ့ သွပ်ပြားတွေက ၀ုန်းဝုန်း ဆိုပြီးတော့ မြည်လာတယ်။
အုတ်ဂူဘေးက အပင်တိုင်းဟာ လှုပ်ယမ်းလာတယ်။ ကျွန်းပင်မောင်နှမက ရှေ့ နားမှာ အပင်တွေယိမ်းထိုးနေတယ်။
သွေးပျက်စရာပါဗျာ။ အနော်ဆို ဦးသိန်း ရင်ခွင်ထဲ ခေါင်းထိုးပြီး မျက်စိမှိတ်ထားတာ။ တစ်ချက်တစ်ချက်တော့ ခိုးကြည့် တာပေါ့နော်။
အဲဒီအချိန်မှာ ဦးသိန်းက အနော်ကို လမ်းလျှောက်ဆိုပြီး အောက်ကို ချပေးတယ်။ ပြီးတော့  သူက ခါးတောင်းကို မြှောင်နေအောင် ကျိုက်လိုက်တယ်။ ပြီးတော့ အနော့ လက်ကို ဆွဲပြီး သီချင်းတစ်ပုဒ်ကို အော်ကြီးဟစ်ကျယ်ဆိုတော့ တာပဲ။ သူသီချင်းဆိုတော့ အနောက်ကလူတွေအားလုံးကလည်း အခြေအနေကို သဘောပေါက်သွားပြီး လိုက်အော်ဆိုတာ။ အနော်လည်းပါတယ်။ ခလေးသံနဲ့ ဟီး ။ သီချင်းတွေက အစပ်အဟက် တော့ မတည့် ပါဘူး။ ဘာတွေမှန်းမသိဘူး။
“ကျွန်တော် မမ ပုသိမ်သူ” တွေရော။ “သန်မာထွားကြိုင်းသည်။ ဒန့် ဒန့် တန့် ဒန့် တန့် ဒန်” ဟီး အဲဒီလိုတွေေ၇ာ။ စုံ စေ့ နေတာပါပဲဗျာ။
ကိုယ်ရတဲ့ သီချင်းတွေ ကိုယ်ဆိုတာ။ အဲဒီလို ဆိုဆိုပြီးတော့  လျှောက်လာရင်းနဲ့  သချိုင်းကုန်း နယ်နိမိတ်အဆုံးဖြစ်တဲ့ ဆွန်နှိုက်တံတားကိုကျော်လာတော့ မှာ အဆိုရပ်တော့ တယ်။ အားလုံးကလည်း အဲဒီတော့ မှ စိတ်ချ၇တယ်။ ဒါပေ့ မယ် ရွာနဲ့ ဝေးသေးတယ်။ ဖာလုံဝက်လောက် ဆက်လျှောက်ရမှာလေ။ အဲဒီတော့ မှ ရောက်မှာ။ အားလုံးကလည်း သချိုင်းကုန်းလွန်ပြီဆိုတော့ 
ပျော်ပြီးတော့  အေးအေးဆေးဆေး လျှောက်လာလိုက်တာ။ ခြေသံတွေ တဖျတ်ဖျတ်နဲ့ စကားတွေ လည်း ပြန်ပြောနေပြီ။ ဒါပေ့ မယ် သရဲအကြောင်းကို ယောင်လို့ မှ မ ဟ ဘူးနော်။ ကြောက်စိတ်ပြန်ဝင်လာမှာဆိုးလို့ ။ ညကလည်း ၁၁ ကျော် ၁၂ လောက်ဖြစ်နေတာဆိုတော့ ။ ဒီလိုနဲ့ လျှောက်လာရင်း ဦးသိန်းက ရှေ့ ကနေ လက်ပြလိုက်တယ်။ အဓိပ္ပါယ်က ရပ်ဆိုတဲ့ သဘောပေါ့နော်။ အားလုံးက ရပ်လိုက်တယ်။ ခြေသံတွေလည်းရပ်သွားတယ်။ ဒါပေ့ မယ် တဖျတ်ဖျတ်နဲ့ ခြေသံတစ်ခုက ကြားနေရတုန်းခင်ဗျ။ အဲဒါအားလုံးနောက်ကို လှည့် ကြည့် လိုက်တာ။ လားလား…အရိပ်တစ်ခုဗျ။ အနော်တို့ နဲ့ သိပ်မလှမ်းဘူး။
အနော်တို့ ရပ်ကြည့် တာ မြင်တော့ သူကလည်း ရပ်နေတယ်။ အနော်တို့ ကို ပြန်ကြည့် နေတယ်။ မည်းမည်းကြီးပဲ မြင်ရတယ်လေ။
လက သာတယ်ဆိုပေ့ မယ် နည်းနည်းလှမ်းတော့ မသဲကွဲဘူး။ သေချာတာက ကောင်မလေးတစ်ယောက်ဆိုတာပဲ။ ဆံပင်ရှည်ရှည်နဲ့ ။ ကိုယ်လုံးကိုယ်ပေါက်လည်း တော်တော်လေးလှမဲ့ ပုံ။ လရောက်အောက်မှာတော့ လူတစ်ယောက်ပုံစံကို သိသာနေတယ်။
အဲဒါနဲ့ အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့် တယ်။
ဦးသိန်းက “လူထင်တယ်နော်။ အဖော်မပါဘူးထင်တယ်။ သွားခေါ်လိုက်ပါ” ဆိုပြီးပြောတယ်ခင်ဗျ။ အဲဒါဖဲသမားတစ်ယောက်က
သွားခေါ်ဖို့ ဆိုပြီး အဲဒီနေရာကို သွားတယ်။ အရိပ်က နောက်ကို ရွှေ့ သွားတယ်။ ဟိုလူက ဆက်သွားတယ်။ အရိပ်ကနောက်ကို ရွှေ့ သွားတယ်။ ဖဲသမားလည်း ဆက်မလိုက်တော့ ပဲနဲ့  ပြန်လှည့်လာတယ်။ အရိပ်က ဟိုလူပြန်လှည့် လာတော့  ပြန်လိုက်လာတယ်။
နောက်ဆုံးတော့ ကျွန်တော်တို့ တစ်အုပ်လုံး အရိပ်ဆီကို သွားကြတယ်။ အရိပ်က ကျွန်တော်တို့ နဲ့ ဆန့် ကျင်ဘက်ကို ပြန်လှည့် သွားတယ်။ ကျွန်တော်တို့ ကို မလိုက်တော့ ပဲနဲ့ ပြန်လာရင် သူက ပြန်လိုက်လာတယ်။
နောက်တော့ မှ အသုဘအိမ်ရှင်က ပြောတာ
“ဟေ့ ကောင်တွေ အရိပ်နောက်ကို မလိုက်နဲ့ တော့ ။ အဲဒါငါသိတယ်။ ငါသိတယ်။ ရွာထဲရောက်အောင်သာသွား” ဆိုပြီးလေ။
အားလုံးက ဘာလဲလို့ မေးတော့ မဖြေဘူးခင်ဗျ။ ရွာထဲကိုပဲ သွားခိုင်းနေတာနဲ့ ။ အနော်တို့ လည်း ရွာထဲကို အသားကုန်လစ်တာ။
အရိပ်ကလည်း အနောက်က လိုက်လာတာ မပြတ်ဘူး။ ကျွန်တော်တို့ မြန်မြန်သွားရင် သူလည်း မြန်မြန်လိုက်တယ်။ ကျွန်တော်တို့ နှေးလိုက်ရင် သူလည်းလိုက်နှေးတယ်။ ပွဲနော်၊ ဘာပွဲမှန်းကိုတိဝူး ဟီး ။ ။
ရွာထိပ်ရောက်တော့  ဘုရားပွဲက ရုပ်ရှင်သံက တော်တော်ဝေးဝေးက ကြားနေရတယ်။ ကျွန်တော်တို့ လည်း အားတတ်ပြီးတော့ ဆက်ပြီး လျှောက်လာတာ။ အရိပ်ကတော့ ရွာထိပ်မှာနေခဲ့ သဗျှ။ အထဲကို မလိုက်လာဘူး။ အဖိုးအိမ်ရောက်တော့ အဖွားက ငိုနေတာဗျ။ အနော်တို့ ပြန်လာတယ်ဆိုတာလည်း သိရော။ အနော်ကို ဖက်ပြီး ငိုတာ အဖွားက။ တော်တော်ချစ်ပါတယ် အနော့် ကို။ သူငိုလို့ အားရမှ
ဘေးက ၀ါးခြမ်းပြား ယူပြီး လိုက်ရိုက်တာ။ အနော်တောင် ကြောင်သွားတယ်။ ဟမ် ခုနပဲ ငိုနေပြီးတော့  အခုမှ လိုက်ရိုက်တယ်ဆိုပြီးလေ။ အဖြစ်အပျက်က မြန်လွန်းလို့ ပြေးချိန်မရလိုဝူးလေ။ နှစ်ခုထိသွားတယ်။ ဟီး ။ အဖိုးတို့ ဘာတို့ က ၀ိုင်းဆွဲ၊
ဆွေမျိုးတွေက ၀ိုင်းဆွဲ ဆိုတော့  ရိုက်ပွဲက ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါပေ့ မယ် မပြီးတာ ဦးသိန်းပါ။ သူက အသုဘအိမ်ရှင်ကို မေးနေတာ။ အဲဒီအရိပ်က ဘာလဲ ဆိုပြီး။ အသုဘအိမ်ရှင်က မပြောချင်ဘူးထင်တယ်ခင်ဗျ။ ဦးသိန်းကလည်း အတင်းမေးနေတာနဲ့ ဆိုတော့ နောက်ဆုံး ပြောပြလိုက်ပါတယ်။
“အေး အဲဒါ ငါ့မိန်းမ” ဆိုပြီးလေ။
အဲဒီအဖြကို ကြားကြားခြင်း ဦးသိန်း သတိလစ်သွားတယ်။ မနက်မိုးလင်းလောက်မှ ပြန်သတိရလာတာ။ အဖျားကလည်း အရမ်းကြီးတယ်။ ယောင်လည်း ယောင်တယ်။ ဘာတွေမှန်းတော့ မသိပါဘူး။ သူက သရဲကြောက်လို့ ဖျားတာလား။ ဒါမှမဟုတ် ဘာဖြစ်လို့ ဖျားတာလဲတော့  ခန့် မှန်းရခက်တယ်ဗျ။ ဘာဖြစ်လို့ လဲဆိုရင် သူဖျားနေတုန်း ကယောင်ကတမ်းပြောတာတွေက
“ချစ်။ အားပွား။ မွှတ်။ အား သရဲကြီး” ဒီလိုတွေ ဆိုတော့ လေ။ ရှုပ်ထွေးနေတယ်။
အနော်တို့ လည်း ဘုရားပွဲပြီးတာနဲ့ ပြန်ခဲ့ ကြပါတယ်။ မေမြို့ ပြန်ရောက်တော့ ရွာက ဖုန်းလာတယ်။ ဦးသိန်းလည်းအဖျားပျောက်သွားတယ်။ အနော်ကိုလည်း နောက်တစ်ခါ မခေါ်လာပါနဲ့ တဲ့ ။ အဲဒီကြောင် မနိုင်ဘူး ဆိုဗြဲ။
ပြီး၏။
လေးစားစွာဖြင့်
Credit : chitthueainkalay.
ကိုဇူဇူအောင်ဆိုဒ်
No comments:
Post a Comment