♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 28, 2015

" ကားကို ကွေ့ပြီးရင် အလိုလို ဘာ့ကြောင့် ပြန်တည့်သွားတာလဲ "



           မော်တော်ကား မောင်းနေစဉ် ကွေ့စရာရှိလို့ ကွေ့ပြီးရင် စတီယာရင်ကို အသာလေး

လွှတ်ပေး လိုက်တာနဲ့ ပြန်လည်သွားပြီး ကားဟာလည်း နဂိုအဖြောင့်အတိုင်း မောင်းနေတဲ့

 နေရာဆီကို ပြန်ရောက် သွားတာ ကြုံဖူးကြမှာပါ။ အဲဒါ ရှေ့ဘီးတွေရဲ့caster action ကြောင့်

 ဖြစ်ရတာပါ။
  မော်တော်ကား ရှေ့ဘီးတွေမှာ မော်တော်ယဉ်နည်းပညာအရ caster angle ဆိုတာနဲ့ 

Camben angle ဆိုတာ နှစ်မျိုး  ထည့်ထား လေ့ရှိပါတယ်။ camber angle ဆိုတာကတော့

 ရှေ့ဘီးနှစ်ခုအား နောက်ဘီးတွေနဲ့ အပြိုင် တည့်တည့်မထားဘဲ ရှေ့အတွင်းဘက်ကို အနည်း

ငယ်စီ စောင်းပေးထားတဲ့ ထောင့်ဒီဂရီကို ခေါ်တာပါ။

        caster angle ဆိုတာကတော့ ရှေ့ဘီး ၀န်ရိုးအစောင်းကို ခေါ်တာပါ။ အဲဒီ အစောင်းရဲ့ 

ဆုံမှတ်ဟာ ဘီးနဲ့  ကြမ်းခင်း ထိနေတဲ့ နေရာရဲ့ ရှေ့ကို ကျနေစေပါတယ်။ ဘာဖြစ်လို့လဲ

ဆိုတော့ မော်တော်ကားဆိုတာ ရပ်ထားမှာမဟုတ်ပါ အရှိန်တစ်ခုခုနဲ့ မောင်းနေမှာဖြစ်ပါတယ်။ 

ဒါ့ကြောင့်မို့ မောင်းနေတဲ့အခါ အဲဒီရှေ့ဘီးတွေဟာ အလိုလို နောက်ဘီးနဲ့ အပြိုင် တည့်သွား

ပါလိမ့်မယ်။ ဒါ့ကြောင့်မို့ ဆွဲကွေ့ပြီးတာနဲ့ နဂိုက ချိန်ထားတဲ့ အလိုင်းမင့်ကြောင့် ဖြစ်လာတဲ့

 တွန်းအားက နဂိုဆီကို ပြန်ပို့ ပေးနိုင်တာပါပဲ။                

           ဥပမာအနေနဲ့ ရှင်းရှင်းတွေ့မြင်နိုင်တာကတော့ ပစ္စည်းအရောင်းဆိုင်တွေမှာ သုံးတဲ့ 

ပစ္စည်းတင်လှည်းတွေပါ။ ဘီးကို ဆုံလည် သွားနိုင်ဖို့ ထောင်လိုက် တပ်ထားတဲ့ ၀န်ရိုးရှိပါတယ်။ 

အဲဒီဝန်ရိုးတွေရဲ့ ဗဟိုလိုင်းကို တည့်တည့်ဆွဲချကြည့်ရင် ကြမ်းခင်းနဲ့ဘီး ထိနေတဲ့ နေရာရှေ့ကို

 ရောက်နေပါလိမ့်မယ်။ ဒါ့ကြောင့် စ တွန်းတွန်းချင်း ဘီးတွေက တွန်းတဲ့လားရာဘက်ကို မလိုက်ဘဲ

 ကန့်လန့်ဖြစ်နေပြီး တရွတ်တိုက် လိုက်နေတတ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် လှည်းကို

 ရှေ့ကို တွန်းတဲ့အခါ ဘီးကို ကြမ်းခင်းက တရွတ်တိုက်ဆွဲအား drag force ကျရောက်သွားစေတာ

ပါပဲ။ ဒါ့ကြောင့် လှည်းကို နောက်တစ်ချက် ပြန်ဆုတ်ပြီး ဆုံလည်နေရာမှန်ကို ပြုလုပ်ပြီးမှ ရှေ့ကို

တည့်တည့် ဆက်တွန်းလို့ ရနိုင်ပါတယ်။ ကားမှာလည်း စတီယာရင် ၀န်ရိုးက ရှေ့ကို ခိုင်းထားတာ

တွေ့ရမှာပါ။ ၄င်းကလည်းပဲ မူလ အလိုင်းမင့်အတိုင်း ကွေ့လှည့်လိုက်တဲ့ အားနဲ့အညီ ပြန်တွန်း

ပေးပါလိမ့်မယ်။ caster action နဲ့ပတ်သက်လို့ နောက်ဥပမာတစ်ခုကတော့ စက်ဘီးကို မြင်တွေ့

နိုင်ပါတယ်။ စက်ဘီးလက်ကိုင်ရဲ့ ဗဟိုတိုင် ဖေါက်တန်းတွေဟာ ရှေ့ကို အနည်းငယ် ကိုင်းနေတာ

 တွေ့ပါလိမ့်မယ်။ ဒါ့ကြောင့်မို့ လက်လွှတ်ပြီးစီးတာမျိုး ဖြစ်နိုင်သလို ခြေနင်းကို နောက်နင်းလိုက်၊

 ရှေ့နင်းလိုက်နဲ့ တည့်တည့်မတ်မတ် နေအောင် လုပ်နိုင်တာပါပဲ။

                                                             လေးစားစွာဖြင့် 
                                                             
                                                              ကိုသန်းဇော်
Credit : nyansangabar.blog

No comments:

Subscribe

လာလည်သူများ

free counters