♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 29, 2015

အအေးခန်း စက်ရုံဝင်း အတွင်းရှိ ရာဘာသန့်စင်ဂိုဒေါင်တွင် ပေါင်းဖို အပူလွန်ကဲ ရာမှမီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၂၈

၂၈.၁.၂၀၁၅ ရက်နေ့ ၁၆၂၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ စက်မှုဇုန်(၂)၊ ဗန်းမော် အတွင်းဝန်လမ်း၊ အအေးခန်း စက်ရုံဝင်း အတွင်းရှိ ရာဘာသန့်စင်လုပ်ငန်း ဂိုဒေါင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။


ဖြစ်စဉ်မှာ အဆိုပါစက်ရုံရှိ ရာဘာသန့်စင်စက်ရုံ အဆောက်အဦအတွင်း ထင်းဖြင့် အသုံးပြုသော ပေါင်းဖို အမှတ်(၂)၌ ရာဘာမှုန့်များအား ပုံစံခွက်အတွင်းထည့်၍ ထင်းမီးဖြင့် အပူပေးစဉ် အပူလွန်ကဲပြီး မီးလောင်ကာ မီးခိုးများ အူထွက်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၈၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

မီးငြှိမ်းသတ်စဉ် မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးမှာ မီးခိုးမွှန်ကာ အသက်ရှူကြပ်၍ (၂)ဦးမှာ အနည်းငယ် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ပြီး စက်ရုံမှ အလုပ်သမား (၂)ဦးတို့တွင်လည်း ပွန်းပဲ့နာကျင်ဒဏ်ရာများ အနည်းငယ်ရရှိခဲ့သဖြင့် အင်းစိန် ဆေးရုံတွင် ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကုမ္ပဏီမန်နေဂျာဖြစ်သူ ဦးထွန်းထွန်းနိုင်အား ရွှေပြည်သာမြို့မရဲစခန်း(ပ)၆၁/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Subscribe

လာလည်သူများ

free counters