♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 27, 2015

" ချစ်သူရဲ့ နာမည်ကိုတောင် မပေါင်းပြတတ်ခဲ့တဲ့ Miley Cyrus " ဒါတော့ လွန်တာပေါ့ကွယ်"



ဂီတလောကထဲက လူတော်တော်များများကတော့ Miley Cyrus ဟာ ခုချိန်မှာ Patrick Schwarzenegger နဲ့ ချစ်သူတွေဖြစ်သွားကြတာကို သူ့အတွက် ၀မ်းသာပေးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း သူမရဲ့ ချစ်သူ Schwarzenegger ရဲ့ နာမည်ဟာ ရေးရ၊ ပေါင်းရတော်တော်လေး ခက်ခဲပါတယ်။

 ဒါ့ကြောင့် အားလုံးကတော့ သူ့အကြောင်းရေးပြီဆိုရင် Google က ရှာရင်ရှာ၊ copy paste လုပ်ရင်လုပ်၊ ဒါမှပဲ လွယ်လွယ်ကူကူ ဖြစ်တော့မှာကိုး။ သူ့ရဲ့ ချစ်သူဖြစ်တဲ့ Miley Cyrus တောင် သူ့နာမည်ကို ပေါင်းဖို့ ခက်ခဲခဲ့တယ်မဟုတ်လား။ Good Morning America မှာ Cameron Mathison က Miley ကို ကင်မရာရှေ့မှာပဲ Patrick ရဲ့ နာမည်အပြည့်အစုံကို စာလုံးပေါင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို သူမက အူကြောင်ကြောင်နဲ့ "ဒီလိုစကားဝိုင်းမျိုး ရှိခဲ့ဖူးပါတယ်။

 သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် စာလုံးတွေထဲမှာ T လုံးဝမပါတာတော့ ကျွန်မသိတယ်။ နိယာမတွေနဲ့ နည်းနည်းဆန့်ကျင်သွားသလိုပဲ။ ဘာလို့များ နာမည်ကြားထဲ T မပါရတာလဲ" ဆိုပြီး ရောချသွားခဲ့တာပါ။

သူမကို အဆုံးသတ်မေးခွန်းအနေနဲ့ သူမရဲ့လှုပ်ရှားမှုတွေအကြောင်း မေးမြန်းရာမှာတော့ သူမက "ကျွန်မကို လူတွေက တစ်မျိုးထင်နေကြတယ်။ ကျွန်မ ဟိုတယ်တွေသွားပြီး ပါတီပွဲတွေမှာချည်းလို့ ထင်နေတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မ ကျွန်မချစ်တဲ့ မြူးဇစ်အတွက် အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေပါတယ်" တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : shwechitthu.com

No comments:

Subscribe

လာလည်သူများ

free counters