♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 30, 2015

"သေပြီးပြန်ပေါက်တဲ့ တစ္ဆေ သစ်ခွ နှင့် Firefox logo ထဲမှ တိရစ္ဆာန်မှာ စင်စစ် မြေခွေးမဟုတ်"

ပုံမှာမြင်တွေ့ရတဲ့ သစ်ခွပန်းကို တစ္ဆေသစ်ခွ (Ghost Orchid) လို့ လူသိများကြပါတယ်။ ဘာလို့လဲဆို Ghost Orchid ရဲ့ ထူးခြားချက်များကို ဖော်ပြပါမယ်။ ၁)သူဟာ နှစ်နှစ်ဆယ်အသက်ရှည်ပါတယ်။ ၂) အရွက်မပါ၊ ကိုယ်ပိုင်အစာချက်လုပ်ရန် ရေသောက်မြစ်မလို။ ၃) ပျံနှံ့တက်သည့် အလေ့အထမရှိ။ ၄) Ghost Orchid ဟာ သစ်ပင်မှာတွယ်ကပ်ပြီးပေါက်ပေမဲ့အချိန် ကြွေကျပြီး မြေပေါ်ကျပါတယ်။ ပြီးတော့ မြေထဲမြှုပ်သွားပါတယ်။ မြေကြီးထဲမြှုပ်လို့ သေသွားပြီလို့မထင်လိုက်ပါနဲ့။ တစ်ချိန်ချိန်ကျ ယင်းသစ်ခွဟာ မြေပေါ်မှာ ပြန်ပေါက်ပါတယ်။ အံ့မခန်းပါပဲ သစ်ခွဟာ အသက်မသေပဲ ထင်းရှုးပင် (အနောက်တိုင်း ထင်းရှုး- cypress ပင်)ကိုတွယ်ကပ်ပြီး ပြန်တက်ပေါက်ပါတယ်။ ဒါကြောင့်မို့ပဲ Ghost Orchid ရဲ့အသက်ဟာ နှစ် ၂၀ ရှည်ရခြင်းဖြစ်ပါတယ်။ သေပြီးပြန်ပေါက်တဲ့ သစ်ခွလို့လည်း လူသိများတဲ့အတွက် Ghost Orchid လို့တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ယင်း တစ္ဆေသစ်ခွကို ကျူးဘားနိုင်ငံရှိ တောနဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အတွေ့များလေ့ရှိတယ် လို့ သိရပါတယ်။

Copy and WIN : hhttp://bit.ly/copynwin

ပုံမှာမြင်တွေ့ရတဲ့ သစ်ခွပန်းကို တစ္ဆေသစ်ခွ (Ghost Orchid) လို့ လူသိများကြပါတယ်။ ဘာလို့လဲဆို Ghost Orchid ရဲ့ ထူးခြားချက်များကို ဖော်ပြပါမယ်။ ၁)သူဟာ နှစ်နှစ်ဆယ်အသက်ရှည်ပါတယ်။
၂) အရွက်မပါ၊ ကိုယ်ပိုင်အစာချက်လုပ်ရန် ရေသောက်မြစ်မလို။

၃) ပျံနှံ့တက်သည့် အလေ့အထမရှိ။
၎) Ghost Orchid ဟာ သစ်ပင်မှာတွယ်ကပ်ပြီးပေါက်ပေမဲ့အချိန် ကြွေကျပြီး မြေပေါ်ကျပါတယ်။ ပြီးတော့ မြေထဲမြှုပ်သွားပါတယ်။ မြေကြီးထဲမြှုပ်လို့ သေသွားပြီလို့မထင်လိုက်ပါနဲ့။ တစ်ချိန်ချိန်ကျ ယင်းသစ်ခွဟာ မြေပေါ်မှာ ပြန်ပေါက်ပါတယ်။ အံ့မခန်းပါပဲ သစ်ခွဟာ အသက်မသေပဲ ထင်းရှုးပင် (အနောက်တိုင်း ထင်းရှုး- cypress ပင်)ကိုတွယ်ကပ်ပြီး ပြန်တက်ပေါက်ပါတယ်။ ဒါကြောင့်မို့ပဲ Ghost Orchid ရဲ့အသက်ဟာ နှစ် ၂၀ ရှည်ရခြင်းဖြစ်ပါတယ်။ သေပြီးပြန်ပေါက်တဲ့ သစ်ခွလို့လည်း လူသိများတဲ့အတွက် Ghost Orchid လို့တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ယင်း တစ္ဆေသစ်ခွကို ကျူးဘားနိုင်ငံရှိ တောနဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အတွေ့များလေ့ရှိတယ် လို့ သိရပါတယ်

 Firefox logo ထဲမှ တိရစ္ဆာန်မှာ စင်စစ် မြေခွေးမဟုတ် ခေါင်းစဉ်ဖက်လိုက်တာနဲ့ စာဖတ်သူတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်။ တကယ်အမှန်ပါပဲ Firefox အမှတ်အသား ထဲက အနီရောင်နဲ့ တိရစ္ဆာန်လေးဟာ တကယ်မြေခွေး မဟုတ်ပါဘူး။ ယင်းအနီရောင်အဆင်းရှိတဲ့ တိရစ္ဆာန်ဟာ red panda လို့အမည်ရတဲ့ အနီရောင်ပန်ဒါ ဖြစ်ပါတယ်။ အနီရောင်ပန်ဒါကို အိန္ဒိယ၊ ဟိမဝန္တာ နဲ့ တရုတ်အနောက်ပိုင်း တို့မှာ အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အအေးပိုင်းဒေသဖြစ်တဲ့ ကချင်ပြည်နယ်တို့လို နေရာမှာ လည်း ကျက်စားတယ်လို့ ကြားဖူးပါတယ်။ Firefox ရဲ့ သမိုင်းကြောင်းတိုလေးကို ပြောပြပါမယ်။ မူလ Mozilla ဟာ Search engine တစ်ခုပြုလုပ်ပြီး Firebird ဆိုတဲ့ အမည်နဲ့ logo ကို ပြုလုပ်လိုက်ပါသေးတယ်။ အဲဒီလိုလုပ်တုန်းက Firebird ဆိုတဲ့ အမည်နဲ့တူတဲ့ အခြား ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့တူ နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ Mozilla Team ဟာ အင်မတန်တွေးရခက်ပြီး တူမတူတဲ့ အမည်နာမတစ်ခုနဲ့ လူသိများ​စေလိုတဲ့ဆန္ဒနဲ့ တိရစ္ဆာန်တော်တော်များများ လေ့လာခဲ့ကြပါတယ်။ (ဘာကြောင့် တိရစ္ဆာန်ကိုမှ Logo အဖြစ်အသုံးပြုချင်မှန်း စာရေး သူ မသိပါ) နောက်ဆုံးတော့ ကမ္ဘာ့ရှားပါး တိရစ္ဆာန်မျိုးစိတ် တစ်ခုဖြစ်တဲ့ အနီရောင်ပန်ဒါမျိုးကိုသွားတွေ့ပါတယ်။ ဒါကြောင့်မို့ ယင်းအနီရောင် ပန်ဒါကို Firefox ရဲ့ လိုဂိုအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါဆို Firepada လို့အမည်မပေးဘူးလားလို့ စာဖတ် သူတို့ complaint တက်စရာရှိမယ်ထင်ပါတယ်။ အနီရောင်ပန်ဒါနဲ့ အမည်ပြောင် (Nick name) က Firefox (ရဲရဲတောက် မြေခွေး (ဝါ) အနီရောင် မြေခွေး) ဖြစ်နေပါတယ်။ ဒါကြောင့်မို့ Firefox လိုဂိုထဲက တိရစ္ဆာန်လေးဟာ အနီရောင်ပန်ဒါလေးဖြစ်ပါတယ်။ စာဖတ်သူတို့ သံသယအတွေးနဲ့ ယုံသလိုလို၊ မယုံသလိုလို ဖြစ်နေမယ်ထင်တယ်။ Firefox ကိုဖန်တီးတဲ့ Mozilla ကိုယ်တိုင်ပြောတာဆိုရင်တော့ ယုံမယ်ထင်ပါတယ်။ တူ၊ မတူ​နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ link လေးကို ဝင်ကြည့်ပါ။ (http://www.blogeek.ch/images/news/pandaroux.jpg ) ပြီး​တော့ အောက်ပါ link နှစ်ခုကို ဝင်ကြည့်နိုင်ပါတယ်။ တစ်ခုက Mozilla ရှင်းတမ်း၊ တစ်ခုက BBC မှ အသေးစိတ်ဖော်ပြထားတဲ့ အနီ​ရောင် ပန်ဒါ အကြောင်း ဖြစ်ပါတယ်

Credit : lubo601.com

No comments:

Subscribe

လာလည်သူများ

free counters