♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 31, 2015

"သတိထားစရာ မိန်းခလေးတွေ အကြိုက်များ .... "




မိန်းကလေးတွေဟာ အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါမှာ.. ပိုက်ဆံချမ်းသာတဲ့  ယောကျာ်းမျိုးကို များသောအားဖြင့် မကြိုက်ကြပါဘူး..။

1။ မိန်းကလေးတွေတော်တော်များများကြိုက်တာ..အပြောချိုသာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။ 2။ စိတ်ကောက်ရင် အလိုသိချော့တတ်တဲ့  ယောကျာ်းမျိုးကြိုက်တယ်။
3။ သစ္စာရှိပြီး..ခွင့်လွှတ်နားလည်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

4။မိန်းမအလုပ် ယောကျာ်းအလုပ်မခွဲခြားပဲ..အားရင်အကုန်လုပ်တဲ့ မတွတ်ကပ်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
5။ချစ်ခင်ကြင်နာသနားယုယကြင်နာတတ်တဲ့ ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။ 6။သူတို့ ကိုချစ်ပြီး..သူတို့ ရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ လည်းခင်မင်ရင်းနှီးအောင်အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ပေးတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
7။လျှို့ ဝှက်ချက်မရှိပင်အကောင်းအဆိုးသူတို့ နဲ့ အတူ အေးအတူပူအမျှမျှဝေခံစားတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
8။လက်ကြောတင်းပြီး မပျင်းရိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
9။ ဆင်ခြေနည်းတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
10။မိသားစုနဲ့ သားသမီးတွေရဲ့ အနာဂတ်လာပရေးအတွက်အိမ်ထောင်ရှင်ကောင်းပီသတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
11။ပွစိပွစိတစ်ချိန်လုံးမပြောတတ်ပဲ..၁၀ခွန်းတစ်ခွန်းပြောဆိုတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။ 12။ အလိုလိုက်သင့်တဲ့ နေရာမှာ..အလိုက်တသိ အလိုလိုက်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။ 13။ မွေးနေ့ ..လက်ထပ်သောနေ့ ..ချစ်သူများနေ့ ..မမေ့ တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။ 14။ ဦးစားပေးတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
15။ တကိုယ်ကောင်းမဆန်ပဲ..အနစ်နာခံသင့်တဲ့ နေရာမှာ အနစ်နာခံတတ်တဲ့ ယောကျာ်းမျိုးကို ကြိုက်တယ်။
16။ စည်းကမ်းရှိတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
17။ ကုန်သင့်တဲ့ နေရာမှာ အကုန်ခံတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
18။ မတွန့် တိုပဲ ပေးကမ်းစွန့်ကြဲတဲ့  စိတ်ဓာတ်မျိုးရှိတဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။
19။ ယဉ်ကျေးသိမ်မွေ့ တဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။
20။ ပညာတတ်ပြီး မမောက်မာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
21။ ပညာမတတ်ရင်တောင် အသိဥာဏ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။ 22။ ဒေါသကို ရှေ့ တန်းမတင်တဲ့ ယောကျာ်မျိုးကိုကြိုက်တယ်။
23။ ကိုယ့်ကိုယ်ကို နှိမ်ချသင့်တဲ့ နေရာမှာ နှိမ်ချတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
24။ဇနီးနဲ့ သားသမီးတွေအတွက်ဖခင်ကောင်းဖြစ်ဖို့  ကြိုးစားပြီး နေထိုင်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။
25။သူတို့ အရင်သေရင်တောင် နောက်အိမ်ထောင်မပြုပဲသားသမီးတွေနဲ့ အတူ နေထိုင်ပြီး သေမယ့် ယောကျာ်းမျိုးကို ကြိုက်တယ်။

မှတ်ချက်။ ။ အဓိကပြောချင်တာကတော့ မိန်းမတွေအိမ်ထောင်ဘက်ရွေးချယ်တဲ့ အခါမှာ ငွေကြေးဥစ္စာချမ်းသာတာကို ကြည့်ပြီးရွေးချယ်တာမဟုတ်ဘူးဆိုတာပါပဲ။း) ပိုးပိုး ယု
Credit : lubo601.com

No comments:

Subscribe

လာလည်သူများ

free counters