♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 26, 2015

"ယောက်ျားတို့ လုပ်ဆောင်သင့်သည့် အမျိုးသမီးကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နည်း" ဆွဲနေအောင် ဘယ်လိုလုပ်မလဲ ဖတ်ကြည့်နော်..



အမျိုးသားတွေက အမြဲတမ်းပဲ သူတို့ရဲ့အမျိုးသမီးကို စွဲဆောင်ထားစေနိုင်ဖို့ အလိုရှိတတ်ကြပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပျော်ရွှင်ပြီး အမြဲတမ်းသာယာနေစေဖို့ ဒီအချက် (၅)ချက်တော့ မဖြစ်မနေ လုပ်ကြည့်သင့်ပါတယ်။

(၁) သူမတို့ဘက်က အမြဲတမ်းရှိပါ။

တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ဘက်မှာ အမြဲတမ်းရှိနေတယ် ဆိုတဲ့အသိလောက် ကျေနပ်စရာ ကောင်းတာမရှိပါဘူး။ သင့် ပါတနာရဲ့ အကြီးစား fan တစ်ဦးဖြစ်တယ်ဆိုတာ သူမကို အသိပေးပါ။ ဒါကို ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ သူမရဲ့
စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သဘောကျကြောင်း ၊ ဘယ်လောက်အထင်ကြီးကြောင်း ပြောပြပေးရုံပါပဲ။

(၂) သူမတို့ရဲ့ ၀ါသနာကို အားပေးပါ။

သင်က ထိုက်သင့်တဲ့ အကြံဥာဏ်တစ်ချို့ ပေးခဲ့ရင်တောင် လက်မခံနိုင်ဘူးဆိုရင်တော့ သူမမှာ သေချာတဲ့ ၀ါသနာတစ်ခု ရှိနေလို့ပါ။ ဒါကြောင့် သူမရဲ့ ၀ါသနာကို အားပေးလက်ခံလိုက်တာ အကောင်းဆုံးပါပဲ။ သင့်ရဲ့ စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေကို ခဏဘေးချိတ်လိုက်ပြီး သူမ၀ါသနာကို လိုက်ပါ အကြံပေးလိုက်မယ်ဆိုရင် သူမလည်း ပိုပျော်ရွှင်နိုင်မှာပါ။

(၃) ချစ်ခင် ယုယပါ။

ဒီထက် အံ့သြဖွယ်ကောင်းပြီး ထိရောက်တဲ့နည်းလမ်း မရှိတော့ပါဘူး။ သင့်ရဲ့ အချစ်တွေနဲ့ သူမအပေါ်ထားတဲ့ စေတနာတွေကို သူမသိနိုင်တဲ့ နည်းလမ်းတွေနဲ့ ပြသပေးပါ။ သူမအတွက် မနက်စာပြင်ဆင်ပေးတတ်တဲ့ သင့်ရဲ့ ဒီအပြုအမူမျိုးတွေကြောင့် သူမအနေနဲ့ တစ်ယောက်တည်း ရှိချိန်မှာလည်း ပြန်လည်သတိရ ခံစားနေမိမှာပါ။

(၄) အရာရာဟာ သူမအတွက်လို့ သိပါစေ။

နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာ သင်လုပ်နေသမျှ အရာအားလုံးဟာ သူမအတွက်ပဲ ဖြစ်တယ်လို့ သိနေပါစေ။ ညဘက်မှာ သူမနဲ့ချိန်းဆိုပြီး အသစ်အဆန်းတွေ ရှာဖွေပြသတာမျိုး၊ သူမအတွက်နှစ်သက်တာတွေကို အမှတ်ရ ၀ယ်ပေးတတ်တာမျိုး လိုအပ်ပါတယ်။ ဒီအပြုအမူတွေဟာ သူမစိတ်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကို ရိုက်ခတ်စေပါတယ်။

(၅) သင့်ရဲ့ ရူပါကိုလန်းအောင် ပြင်ဆင်ပြီး အံ့သြသွားပါစေ။

အမျိုးသမီးတွေက အကြွားလေးလဲ သန်ချင်ကြပါသေးတယ်။ သင့်ရဲ့ သပ်ရပ်ခန့်ညားတဲ့ အသွင်အပြင်ဟာ သူမတို့အနေနဲ့ လူကြားထဲ ချင်ပြချင်စရာ ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်သက်ကလေး ရလာတဲ့အခါမျိုးမှာ ဒီလို ရင်ခုန်လှုပ်ရှားမှုမျိုးတွေကလည်း လိုအပ်ပါတယ်။ သင်ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း သူမကို ပေးသိလိုက်ပါ။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters