♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 1, 2015

"ချစ်တယ်ဆိုတဲ့အကြောင်း အရင်တုန်းကလို နည်းလမ်းဟောင်းလေးတွေနဲ့ ဖွင့်ဟခြင်းက ပိုမိုထိရောက်"

ကိုယ်ချစ်နေတဲ့ ကောင်မလေးကို ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင့် ဖွင့်ဟပြောဆိုဖို့ ခုချိန်ခါမှာ သိပ်လွယ်ကူသွားပါပြီ။ ဒါပေမယ့် အွန်လိုင်းကတစ်ဆင့်

မေးလ်လေးတစ်စောင် ပို့လိုက်ခြင်းက သူမကို ဘယ်လောက်ချစ်ကြောင်း လက်ရေးလေးနဲ့ ချရေးပေးပို့လိုက်တဲ့ စာလောက်တော့ သူမရင်ထဲ နက်နက်နဲနဲ ရောက်မသွားဘူးဆိုတာ


သိသာပါတယ်။ တကယ်တော့ အရင်တုန်းက နည်းဟောင်းတွေဟာ ခုချိန်ထိ သင့်အချစ်ရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
၁။အချစ်စာလေးတွေ ရေးပို့ခြင်း။
ကိုယ်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း လက်ရေးလေးနဲ့ ချရေးပြီး သူ့ဆီပေးပို့တာမျိုးဟာ လက်ခံရရှိသူအတွက် ရင်ခုန်စရာကောင်းသလို ကျေနပ်စရာလည်း

ကောင်းပါတယ်။ ဖြစ်သလို လုပ်တာမျိုး မဟုတ်ပဲ ကိုယ့်ဘက်က ကြိုးစားထားတယ်ဆိုတာလည်း ပြသရာရောက်ပါတယ်။
၂။အချစ်ကဗျာလေးတွေ ပေးပို့ခြင်း။
ကိုယ်တိုင်ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာမျိုး မရှိရင်တောင် နာမည်ကြီး ကဗျာဆရာတွေရဲ့ အချစ်ကဗျာတွေ ပြန်ကူးပြီး ကိုယ်ချစ်ရသူဆီ ပေးပို့ပေးပါ။ ဒါဟာ

ရိုမန်တစ်လည်းဆန်သလို ကိုယ့်အချစ်က ဘယ်လိုမျိုးဆိုတာ ကဗျာမှာ ပါဝင်ပြီး ဖြစ်နေပါလိမ့်မယ်။
၃။သူနားထောင်နိုင်ဖို့ သီချင်းခွေသီးသန့် ပေးခြင်း။
ကိုယ့်စိတ်ကြိုက် အချစ်သီချင်းတွေချည်း သီးသန့်ရွေးချယ်ပြီး စီဒီ၊ ဒါမှမဟုတ် တိတ်ခွေတစ်ခွေ ဖန်တီးပေးပို့လိုက်ပါ။ တစ်ဖက်က ကိုယ်ပို့လိုက်တဲ့ သီချင်းတွေကြောင့်

ပျော်ရွှင်ပီတိဖြစ်ရပါလိမ့်မယ်။
၎။သစ်ပင်တွေမှာ သူနာမည်လေး ထွင်းပါ။
သူသွားတတ်တဲ့ နေရာတွေက မြင်သာထင်သာရှိတဲ့ သစ်ပင် ခပ်ကြီးကြီးမှာ ချစ်သူရဲ့ နာမည်ကို ထွင်းပါ။ သွားရင်း လာရင်း သူ့နာမည်ကို သစ်ပင်မှာ ဖျတ်ခနဲတွေ့လိုက်ရတဲ့

ခံစားချက်က အထူးပြောစရာတောင် မလိုပါဘူး။
၅။ဂစ်တာတီး သီချင်းဆိုပြပါ။
ကိုယ်ချစ်တဲ့သူ နေထိုင်ရာ အိမ်၊ ခြံရှေ့မှာ ဂစ်တာတီး သီချင်းဆိုပြတာမျိုးတွေဟာ အရင်တုန်းက လုပ်လေ့ရှိတဲ့အရာတွေ ဆိုပေမယ့် ထိရောက်မှုရှိနေတုန်းပါ။
၆။ချစ်သူအတွက် ရေဒီယိုမှာ သီချင်းတောင်းပါ။
သီချင်းမဆိုပြတတ်ဘူး၊ ဂစ်တာလည်း မတီးတတ်ဘူးဆိုရင်တော့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကတော့ ရေဒီယိုမှာ ကိုယ့်ချစ်သူကို ရည်ညွှန်းပြီး သီချင်းတစ်ပုဒ်တောင်းလိုက်ပါ။

သူလည်း ဒါကိုသိပါစေ...

ကိုယ်တိုင်တွေ့ကြုံခံစားဖူးလို့တော့မဟုတ်ပါဘူး
စာအုပ်ထဲမှာ ဖတ်လိုက်ရတာလေးကို share လုပ်တာပါဗျာ
အားလုံးအချစ်ရေးမှာအဆင်ပြေကြပါစေ

Credit : http://gorkhatz.blogspot.co.uk/2015/03/blog-post_0.html

No comments:

Subscribe

လာလည်သူများ

free counters