♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 2, 2015

"Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာ သက်သာနိုင်"



ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook

အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် အချက် ကို လက်ခံထားကြသည်။
ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။
ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။ သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်းထည့်သွင်း ခဲ့ကြသည်။
ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်း သားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။
တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။
Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာသက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။
လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။


““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။
လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။
=========================================
ဇော်ကို
Source: MDI
Reference &Credit to Health Updates Journal
Post by minzarnitgi Admin Team[NOM]
   

Credit : http://greenkstar.blogspot.co.uk/2013_01_01_archive.html

No comments:

Subscribe

လာလည်သူများ

free counters