♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 3, 2015

"အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ"

တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစားရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြားသွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့်သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါလိမ့်မယ်

၁။ sms ပို့တဲ့အခါ လေး၊ ငါးခြောက်ခါ ဖတ်ပြီးမှ ပို့တာမျိုးရှောင်ပါ။
တစ်ခါတစ်လေ sms ပို့တော့မယ်ဆိုရင် ငါရေးထားတာ အမှားပါသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ အထပ်ထပ်အခါခါ ဖတ်ပြီးမှ ပို့တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်စာလုံးပေါင်းမှားပြီး ပို့လိုက်တာဟာ သူ့အတွက် အနှောက်အယှက်ဖြစ်စရာ အကြောင်းမရှိပါဘူး။ အတိအကျ၊ ပြည့်ပြည့်စုံစုံကြီးဖြစ်အောင် ကြိုးစားလုပ်ယူနေမှသာ တစ်ဖက်လူအတွက် ငြီးငွေ့စရာဖြစ်လာမှာပါ။ အထပ်ထပ်အခါခါပြင်ထားတဲ့ sms မှာလည်း ပထမဆုံး ရိုက်ရိုက်ပြီးချင်း ပို့တာလောက်တော့ ရင်ခုန်ဖွယ် မဖြစ်တော့ဘူးလေ။


၂။ သူနဲ့ချိန်းတွေ့တဲ့အချိန်မှာ စားချင်တာစားပါ။
နှစ်ဦးသား စားစရာမှာခါနီး ငါ ဘာဂါစားရင် ပါးစပ်တွေ ပေကျံကုန်မလား၊ ဟိုဟာစားရင်ကောင်းပါ့မလား၊ ဒီဟာစားရင် ကောင်းပါ့မလာဆိုပြီး သိပ်တွေးမနေပါနဲ့။ ကိုယ်စားချင်တဲ့အရာကို စားပါ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနေပါ။


၃။ မိတ်ကပ်မပါပဲ ကိုယ့်ကို ကိုယ့်ချစ်သူ တွေ့သွားမှာ မစိုးရိမ်ပါနဲ့။
ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ကိုယ့်မျက်နှာပေါ်မှာ မိတ်ကပ်မပါလည်း ချစ်မှာပါပဲ။ မိတ်ကပ်မပါတဲ့ ကိုယ့်မျက်နှာကို မြင်ဖူးသွားပြီး ကိုယ့်ကိုသူက လှလိုက်တာလို့ ဆိုနေတုန်းဆိုရင် သင်လည်း ယုံကြည်မှုပိုတိုးတာပေါ့။ ဒါ့အပြင် သူ့ရှေ့မှာ ပဲများပြီးနေစရာမလိုတော့ဘူးလေ။ သက်တောင့်သက်သာ ဘယ်လောက်ဖြစ်သလဲ။


၎။ သူရှေ့မှာ အိပ်ပျော်သွားတဲ့အခါ ဟန်ဆောင်ပြီး အိပ်တာမျိုး လုပ်မနေပါနဲ့။
ကိုယ့်ချစ်သူရှေ့မှာ အိပ်ပျော်သွားလို့ အိပ်နေတုန်း ယောင်တာမျိုးဖြစ်မှာ၊ ဟောက်မိတာမျိုးဖြစ်မှာတွေကို တွေးမကြောက်ပါနဲ့။ ကိုယ်အရင်တုန်းက အိပ်သလိုပဲ လွတ်လွတ်လပ်လပ်အိပ်ပါ။


၅။ ငိုတဲ့အခါ ကိုယ့်ရဲ့မျက်နှာကို ကွယ်ဝှက်ထားတာမျိုး မလုပ်ပါနဲ့။
ငိုနေတဲ့ ကိုယ့်ရဲ့မျက်နှာက ရုပ်ဆိုးတယ်လို့ ခံစားရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူရှေ့ ဟန်ဆောင်ပန်ဆောင် ငိုနေတာမျိုးတွေ လုပ်မနေပါနဲ့။ ဟန်ဆောင်ခြင်းက လူကို ပင်ပန်းစေတာကြောင့်ပါ။


၆။ ကိုယ့်ငယ်ငယ်တုန်းက ပုံလေးတွေ သူ့ကိုထုတ်ပြပါ။
ကိုယ်အလယ်တန်းကျောင်းတက်တုန်းက ပုံတွေ သူကတောင်းကြည့်တဲ့အခါ ပြလိုက်ပါ။ ကိုယ်တကယ်ချစ်တဲ့သူဆိုရင် ဒါတွေကို သိုဝှက်မထားသင့်ပါဘူး။ သူ့ဆီကလည်း ပြန်တောင်းကြည့်ပေါ့။


၇။ ကိုယ့်ဘဏ်ကတ်ထဲက ငွေအကြောင်း သူသိသွားလည်း အရေးမကြီးပါဘူး။
ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ သူ့မှာဘယ်လောက်ရှိတယ်၊ ကိုယ်ကတစ်လဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေက ချစ်သူအချင်းချင်း ဖွင့်ဟသင့်တဲ့အရာတွေပါ။ ဒါတွေက လိမ်ညာစရာမလိုပါဘူး။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူး ပွင့်လင်းသင့်ပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။ 



Credit : http://skyboysgroup.blogspot.co.uk/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9?m=0

No comments:

Subscribe

လာလည်သူများ

free counters