♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 30, 2015

အမြန်လမ်း မိုင်တိုင်အမှတ်(၁၇၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ် သေဆုံး/ဒဏ်ရာ



စူပါကာစတန်ယာဉ်မှ လိုက်ထရပ်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ မတ် ၂၉

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၅ဝ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၇၄/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂရ အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နေ ဒေါ်နီလာထွန်း(၄၃)နှစ်မောင်းနှင်လာသော 8J/xxxx စူပါကာစတန်အဖြူရောင်ယာဉ်သည် ရှေ့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ ဦးမင်းစိုး(၄၈)နှစ်မောင်းနှင်သည့် 6E/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ဝဲဘက်ခြမ်းအား အရှိန်မထိန်း နိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက်ဘေးရှိ အလူမီနီယံတန်းအား တိုက်မိကာ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ပြီး စူပါကာစတန်ယာဉ်မှာ လမ်းလယ် ကျွန်းအားကျော်တက်ပြီး တစ်ဖက်ယာဉ်ကြော မြေသားလမ်းဘေးရှိ မြောင်းထဲသို့ ထိုးကျရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ ဦးစိုးညွန့်(၄၆)နှစ်ပါ ကျား ၁ ဦး၊ မ ၁ ဦး၊ စုစုပေါင်း(၂)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး စူပါကာစတန်ယာဉ်မောင်း ဒေါ်နီလာထွန်း၊ လိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း ဦးမင်းစိုး၊ မော်လမြိုင်မြို့၊ သီရိမြိုင် ရပ်ကွက်နေ ဒေါ်ထားရီ(၅၂)နှစ်ပါ (၂၂)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ဒေါ်နီလာထွန်းအား သာဂရအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

 အဆိုပါဖြစ်စဉ်မှ နေပြည်တော် ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူများအနက် ဒေါ်ဝင်းကြည်(စုံစမ်းဆဲ)မှာ ရရှိသောဒဏ်ရာများဖြင့် ၂၉-၃-၂ဝ၁၅ ရက်နေ့ နံနက် ဝဝ၃ဝ အချိန် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Subscribe

လာလည်သူများ

free counters