♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 18, 2015

"ဆိုင်မှာ ခေါင်းသွားလျှော်သလို ခံစားမှုမျိုးရအောင် အိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လိုလျှော်နိုင်သလဲ"

 
ဆိုင်မှာ ခေါင်းသွားလျှော်တဲ့အခါ အားလုံးသဘောကျတဲ့အပိုင်းကတော့ ဦးရေပြားကို အနှိပ်ခံရတဲ့ အပိုင်းပါပဲ။ ဇိမ်လည်းကျသလို အညောင်းအညာတွေပါ ပြေစေတာမို့ပါ။  ဆိုင်မှာခေါင်းသွားမလျှော်ဖြစ်လို့ အိမ်မှာပဲ လျှော်ရတဲ့ အခါမှာလည်း ဇိမ်ကျပြီး အကြောတွေပြေအောင် ဘယ်လိုလျှော်ရမလဲဆိုတဲ့ အချက်ကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒါကို ဆံပင်ညှပ်ဆိုင်မှာ သုံးနှစ်နီးပါး ခေါင်းလျှော်ပေးခဲ့တဲ့
ဝန်ထမ်းတစ်ယောက်က ခုလို အကြံပေးထားပါတယ်။

၁။ခေါင်းမလျှော်ခင် ဦးရေပြားကို ဆီတစ်မျိုးမျိုးလိမ်းပြီး နှိပ်နယ်ပေးပါ။
တန်းပြီး ခေါင်းကိုရေနဲ့လောင်းချလိုက်မယ့်အစား ခေါင်းကိုအရင်နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ အဆီဟာ အဆီကို စုပ်တဲ့ဆိုတဲ့ သဘောတရားအရ အိမ်မှာရှိနေပြီးသား သံလွင်ဆီ၊ အုန်းဆီစတဲ့ ဆီတစ်မျိုးမျိုးသုံးပြီး ခေါင်းကို နှိပ်နယ်ပေးပါ။ ဒါဟာ ခေါင်းလျှော်တဲ့အခါ ဆံနွယ်တွေ ကျိုးကြေသွားတတ်တာမျိုးကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။လက်သည်းသုံးပြီး ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့။
ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးရင်းနဲ့သာ လျှော်ပါ။ လက်သည်းနဲ့ အသားကုန် ထိုးခြစ်ပြီး လျှော်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ လက်သည်းထဲက ဘက်တီးရီးယားတွေ ဦးရေပြားကို ၀င်သွားစေနိုင်တာလွဲလို့ ကောင်းကျိုးမရှိလို့ပါပဲ။

၃။ဆံပင်ခွဲထားအတိုင်း သေချာ လျှော်ပေးပါ။
ခေါင်းလျှော်တဲ့အခါ နှိပ်နယ်ရင်း လျှော်ပေးတာ သင့်ဆံပင်ကျန်းမာဖို့အတွက် အဓိက အချက်ပါပဲ။ ခေါင်းထဲက သွေးလည်ပတ်မှုအတွက်လည်း ဒါဟာ ထိရောက်မှုရှိပါတယ်။ နှိပ်တဲ့အခါ ဆံပင်ခွဲထားတိုင်းအတိုင်း အပေါ်ကနေ အောက်ဆင်းသွား၊ တစ်ခါ အောက်ကနေ အပေါ်ကို ပြန်တက်လာသလိုမျိုး နှိပ်နယ်ရင်း လျှော်ပေးပါ။

၎။ခေါင်းအနောက်ဖက်ကိုလည်း နှိပ်ပေးပါ။
ခေါင်းလျှော်ပေးတဲ့သူတွေတိုင်း နှိပ်လေ့ရှိတဲ့နေရာက ခေါင်းရဲ့အနောက်ဘက်ခြမ်းပါပဲ။ လည်ပင်းနဲ့ ဦးခေါင်းခွံအဆက်နားလို့ ပြောရပါလိမ့်မယ်။ အဲ့ဒီနေရာက ချွေးအရမ်းကြီးမထွက်ပေမယ့် လူတွေက အဲ့ဒီနေရာမှာ စိတ်ဖိစီးမှုတွေကို စုစည်းထားတတ်သလို ဖြစ်နေပါတယ်။ ဒီတော့ လက်နှစ်ဖက်နဲ့ သေချာနှိပ်ပေးပါ။ လက်မကို ခေါင်းရဲ့အောက်ခြေနားမှာထားပြီး ကျန်တဲ့လက်ချောင်းတွေကိုတော့ ခေါင်းတစ်ဝိုက်ထားကာ နှိပ်ပေးပါ။ ဒါဆို စိတ်ဖိစီးမှုတွေပါ လျော့သွားပါလိမ့်မယ်။


Ref:womenshealthmag

Credit : http://www.trend.com.mm/2015/04/09/beauty-6368

No comments:

Subscribe

လာလည်သူများ

free counters