
၁၉၇၆
ခုနှစ်မှာ
Apple ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Steve Wozniak တို့ရဲ့
ပထမဦးဆုံး ကွန်ပျူတာလေးပါ။ ဒါကို Apple 1 လို့ အမည်တပ်ခဲ့ကြပါတယ်။
ဒီကွန်ပျူတာလေး လုပ်ဖို့အတွက် Steve Jobs က သူ့ရဲ့
VW ကားလေးကို ရောင်းခဲ့ပြီးတော့၊ Steve
Wozniak ကတော့ သူ့ရဲ့ HP-65 calculator လေးကို ရောင်းချခဲ့ပါတယ်။
ဒီကွန်ပျူတာကို Steve Waozniak ကိုယ်တိုင် လက်နဲ့
လုပ်ခဲ့တာဖြစ်ပါတယ်။

ဖန်တီးရှင်
နှစ်ဦးတို့ကို သူတို့ဖန်တီးခဲ့တဲ့ Apple 1 နှင့်အတူ တွဲရိုက်ခဲ့တဲ့ ပုံလေးပါ

၁၉၈၄ ခုနှစ်မှာ
Apple ရဲ့ Macintosh ကွန်ပျူတာတွေကို ရောင်းချတော့ ဖန်တီးခဲ့တဲ့ ကြော်ငြာဖြစ်ပြီးတော့
ဒါရိုက်တာ Ridley Scott က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Macintosh
XL ကတော့ ၀က်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ကွန်ပျူတာဖြစ်ပြီးတော့ ကုမ္ပဏီမှာ ကွန်ပျူတာ ထုတ်လုပ်ဖို့
ပစ္စည်းအစိတ်အပိုင်းတွေတောင် ပြတ်လပ်ခဲ့တယ်လို့ ဆိုပါတယ်။

Apple II
GS ကတော့ ၁၉၈၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တယ် ကွန်ပျူတာဖြစ်ပါတယ်။ ဒီကွန်ပျူတာမှာတော့ RAM ကို ထပ်တိုးလို့ရလာပြီးတော့
အရောင် ၄၀၉၆ ရောင် ထည့်သွင်းခဲ့ပါတယ်။

Laptop
တွေရဲ့
ကနဦးအဖြစ် Apple စတင်တည်ထွင်ခဲ့တဲ့ ဘက်ထရီသုံး အလွယ်တကူ သယ်ဆောင်လို့ရတဲ့
ကွန်ပျူတာဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က အတ္တလန်တစ် အာကာသ စခန်းကနေပြီးတော့
ကမ္ဘာမြေပေါ်ကို ဒီကွန်ပျူတာသုံးပြီးတော့
အီးမေးလ်ပြန်ပို့ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းကတော့
ဒီကွန်ပျူတာတွေ အရောင်းမသွက်ခဲ့ပါဘူး။

ဒီ
500
series ကွန်ပျူတာတွေမှာတော့ Trackballs တွေအစား Trackpad ကို
စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ Ethernet ကို စက်တွေထဲမှာ တစ်ခါထဲ
ထည့်သွင်းပေးထားပါတယ်။ နောက်ပြီးတော့
Speaker ပါ ထည့်သွင်းပေးခဲ့ပါတယ်။

Power
Mac 4400 ကတော့ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်အတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ကွန်ပျူတာဖြစ်ခဲ့ပါတယ်။

၁၉၉၇ ကနေ
၂၀၀၀ ခုနှစ်အတွင်းမှာ ထုတ်ခဲ့တဲ့ G3 powerbook ဖြစ်ပါတယ်။ ၁၉၉၀ ၀န်းကျင်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ
ဒီ apple ရဲ့ G3 processer သုံးထားတဲ့ ကွန်ပျူတာတွေကို မြင်ရမှာ ဖြစ်ပါတယ်။

iMac G3 ကတော့
အရောင်အသွေးစုံတဲ့ ကွန်ပျူတာတွေဖြစ်ပါတယ်။
အဲ့ဒီတုန်းက ဒီဇိုင်းဋ္ဌာနက အင်ဂျင်နီယာတွေက အရောင်စုံတဲ့ ဒီကွန်ပျူတာတွေကို စတိဗ်ဂျော့ဘ်ကို
ပြလိုက်တော့ “ဟာ အရမ်းကြည့်လို့ကောင်းတယ်.. မင်းတို့တောင် လျှာနဲ့ယက်ချင်စိတ်ပေါက်လာဦးမယ်”
လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၉ ခုနှစ်တုန်းက
ထွက်ခဲ့တဲ့ ကမာခွံ iBook ဖြစ်ပါတယ်။ ဒီကွန်ပျူတာတွေထဲမှာတော့
ပထမဦးဆုံး wireless networking ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

၂၀၀၀ ခုနှစ်တုန်းက
ထုတ်လုပ်ခဲ့တဲ့ G4 Cube ကွန်ပျူတာဖြစ်ပါတယ်။
Jonathan Ive’s ရဲ့ ဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကွန်ပျူတာဟာ အသံဆူညံမှု့မရှိသလို cooling
system လည်း တော်တော်ကောင်းတယ်လို့ ဆိုပါတယ်။

၂၀၀၂
ကနေ
၂၀၀၄ အတွင်း ထုတ်လုပ်ခဲ့တဲ့ G4 ကွန်ပျူတာဖြစ်ပါတယ်။ နေကြာပန်းလို့
လူသိများပါတယ်။ ဒီအချိန်မှာ Steve Jobs က CRT မော်နီတာ တွေ ကျဆုံးမယ့်
အချိန်ရောက်ပြီဆိုပြီး LCD ပြောင်းသုံးခဲ့ပါတယ်။

ဒါကတော့ အလူမီနီယံ
အပြည့်သုံးထားတဲ့ လက်ရှိ မီနီ ကွန်ပျူတာပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က စပြီးတော့ ထုတ်လုပ်ခဲ့တာပါ။

၂၀၀၆ ခုနှစ်မှာတော့
အင်တဲလ် Core 2 Duo စသုံးတဲ့ iMac ပါ။

နိုင်ငံတကာ
အာကာသစခန်းမှာ အာကာသယာဉ်မှုး Chris Hadfield က iPad ကိုအသုံးပြုနေတဲ့ ပုံပါ။

Steve
Jobs က Bob Mansfield အဖွဲ့ တီထွင်ထားတဲ့ MacBookAir ကို ကိုင်ထားတဲ့ ပုံလေးပါ။
No comments:
Post a Comment