photo - bangkokpost.com |
ရေသေနတ်လေးများ
၂၀၁၅ သင်္ကြန်အတွက် ဒီဇိုင်းမျိုးစုံ ရေပက်ကစားနိုင်တဲ့ ရေသေနတ်များ ထွက်ရှိပါတယ်။ အဲဒီထဲကမှ ကျောပိုးအိတ်ပါတဲ့ ရေသေနတ်လေးတွေကတော့ ချစ်စရာ အကောင်းဆုံးဖြစ်နေပါတယ်။ ဈေးနှုန်းကတော့ အရွယ်အစား ပုံစံနဲ့အလိုက် ထိုင်းဘတ် ၅၀ ကနေ ၄၀၀ အထိ ကျသင့်ပါတယ်။
ထိုင်းဈေးကွက်မှ ဈေးရောင်းသူတွေရဲ့ ပြောကြားချက်အရ ဒီနှစ်အတွက် အရောင်းရဆုံး ဒီဇိုင်းကတော့ ဟလိုကစ်တီ(Hello Kitty) နဲ့  ဂျပန်ကာတွန်းဇာတ်ရုပ် ရီလတ်ကူမာ (Rilakkuma) လို့ သိရပါတယ်။
လူငယ်ယောကျာင်္းလေးတွေအတွက် မန်ချစတာယူနိုက်တက် ၊ ဘာစီလိုနာ စတဲ့ ဘောလုံးအသင်း တံဆိပ်ပုံစံတွေပါတဲ့ ရေသေနတ်တွေကိုလဲ ဈေးကွက်မှာ ၀ယ်ယူနိုင်ပါတယ်။ ကလေးအရွယ် ယောကျာင်္းလေးတွေ အကြိုက်ဆုံးကတော့ ဘန်တန်း(Ben Ten)ပုံ ရေသေနတ်လေးတွေပဲ ဖြစ်ပါတယ်။
အသုံးအဆောင်လေးများ
သင်္ကြန်လည်ပတ်သူတွေအတွက် ရေစိုခံအိတ်လေးတွေကိုလဲ ထိုင်းဘတ် ၂၀ နဲ့  ၀ယ်ယူနိုင်ပါတယ်။ အဲဒီအိတ်လေးတွေကတော့ တယ်လီဖုန်း ထည့်နိုင်တဲ့ ဒီဇိုင်းလှလှပုံလေးတွေ ဖြစ်ပါတယ်။
မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေ အဆင်ပြေလွယ်ကူစွာ ရေကစားနိုင်တဲ့ အရောင်လှလှ ဒီဇိုင်းဆန်းဆန်း ကော်ကိုင်းမျက်မှန်လေးတွေကို ထိုင်းဘတ် ၁၀၀ခန့်နဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။
ဒီဇိုင်းလှလှ၊ ရေစိုခံ၊ လွယ်လင့်တကူစီးနိုင်တဲ့ မိန်းမ၀တ် ဖိနပ်လေးတွေကိုတော့ ထိုင်းဘတ် ၁၅၉၀ ကနေ ၁၆၉၀ ကြား ကုန်တိုက်ကြီးတွေမှာပဲ ၀ယ်ယူရနိုင်ပါတယ်။
နေနေ
ကိုးကားသတင်း။ ။ http://www.bangkokpost.com/lifestyle/social-and-lifestyle/524455/make-a-splash
Credit : http://blog.irrawaddy.org/2015/04/blog-post_11.html#more
No comments:
Post a Comment