
နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်...
တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံ့ သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်...
တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်းအကြားကရေပြင်မှာ အရှည်
၂.၈ ကီလိုမီတာ ( ၁.၇ မိုင်ခန့် ) နဲ့ အကျယ် ၄၀ မီတာ ( ၁၃၁ ပေ ခန့်  ) ရှိတဲ့ မြေပြင်ပေါ်လာပြီး လူ
တွေဖြတ်သွားလို့ ရအောင် တစ်နာရီလောက်ကြာအောင် ဖြစ်နေတတ်ပါတယ်...

သြကာသလောကကြီးဟာဆန်းကျယ်လှပါတယ်...
ထိုသဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ့ ကျင်းပကြပြီးကမ္ဘာတစ်ဝှမ်းကလာရောက်ကြသူတွေလည်းနှစ်စဉ်ပါဝင်လေ့ ရှိကြပါတယ်...
ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ မသိရှိကြသေးပါဘူး....၎င်းနှစ်မှာပြင်သစ်ပြည်က သံ
တမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး နောက်ထိုအကြောင်းကို ပြင်သစ်သတင်း
စာမှာရေးသားခဲ့ ပြီးနောက်မှ ကမ္ဘာကသိရှိသွားခဲ့ တာဖြစ်ပါတယ်...

ကမ္ဘာ္ဘ့ တစ်ခြားဘယ်နေရာမှာမှ ဒီလိုမရှိပါ....
ထိုဖြစ်ရပ်ဆန်းကြယ်ရဲ့ သမိုင်းကတော့ ဒီလိုပါ...
တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ ရပါတယ်...ရွာသားတွေ
အားလုံးဟာ အနီးအနားက မိုဒိုကျွန်းကိုထွက်ပြေးခိုလုံနိုင်ခဲ့ ကြပေမယ့် အသက်အရွယ်ကြီးရင့် သူအဘွား
အိုတစ်ဦးကတော့ ကူညီမယ့် သူမရှိလို့ နောက်မှာကျန်နေခဲ့ ရရှာပါတယ်...
စိတ်ပျက်အားငယ်စွာနဲ့ သူမဟာ ပင်လယ်စောင့် နတ်မင်းကိုတိုင်တည်ရှိခိုးဆုတောင်းခဲ့ ရာမှာ၊ နတ်မင်း
ကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဘေးကနေ
လွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့ တယ်လို့ ဆိုပါတယ်...
အဲဒီကနေစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင်
လျော့ နည်းပေးခဲ့ ရတယ်လို့ ဆိုပါတယ်...

ကြုံတောင့် ကြုံခဲမို့ လာရောက်ဆင်နွှဲကြပါတယ်...
ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ့ မှာဖြစ်ပေါ်လေ့ ရှိပါတယ်...
ကိုရီးယားတွေကတော့ နှစ်စဉ် မတ်၊မေ နဲ့ ဂျူလိုင် လတွေမှာ ပွဲတော်ကိုကျင်းပကြပါတယ်...
အခုတော့ ပိုမိုများပြားလာတဲ့ ဧည့် သည်တွေကြောင့် ပွဲတော်ကို ဧပြီ လမှာလည်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ ကြ
ပါတယ်.. ရောသမတို့ အနေနှင့်ပြောရရင် ဒါဟာ တကယ်တော့ ပင်လယ်ရေကျချိန်ဖြစ်တဲ့အတွက် ရေမျက်နှာပြင်နှင့် နီးကပ်နေတဲ့ သဲသောင်ပြင်ဟာ ပြန်ပေါ်လာတာပါ၊ ဟိုး ရေခဲခေတ်တုန်းက ပင်လယ်ရေမျက်နှာပြင်နိမ့်ကျနေတဲ့ကာတုန်းက ကျွန်နှင့် ကုန်းမကြီးဟာ တဆက်တည်းရှိခဲ့တာပါ။ ရေခဲတွေ အရည်ပျော်လာပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတဲ့ အခါမှာ အခုသဲသောင်ပြင်အဖြစ် ပေါ်ချီတခါ မြှုပ်ချီ
အဲမြဲ ဖြစ်နေတဲ့နေရာဟာ နိမ့်နေတဲ့အတွက် ပင်လယ်ရေတွေဝင်လာပြီး ဖုံးလွှမ်းကုန်တာဖြစ်ပါတယ်။ အရှေ့
လယ်ပိုင်းက ပင်လယ်ကွေ့နေရာ၊ အင်္ဂလန်နှင့် ပြင်သစ်ကြားက အင်္ဂလိပ်ရေလက်ျားနေရာ၊ စူမတြားနှင့်မလေးကျွန်းဆွယ်နေရာတွေဟာလည်း ရှေးနှစ်ပေါင်သောင်းကျော်က တဆက်တည်းရှိခဲ့တဲ့ ကုန်းမြေ
တွေပါ။
Credit : http://satekuupuyar.blogspot.co.uk/2012/04/blog-post_5176.html
No comments:
Post a Comment