***... ဒူးရင်းသီး ဆနွင်းမကင်း လုပ်ဖို.အတွက် လိုအပ်တာလေးတွေ…
1. အပိုင်းပိုင်း ပြတ်အောင် ညှပ်ထားသော ဒူရင်းသီးအသား – 1 cup (250 ml)
2. ရွှေကြည်မှုန်. (semolina coarse) – 1 cup (250 ml)
3. သကြား – 1 cup (250 ml)
4. အုန်းနို. (creamy coconut) – 800 ml
5. ဆား – 1/4 tsp
6. ခလောက်ထားသော ကြက်ဥ – ၂ လုံး
7. ခဲနေသော ကုလားထောပတ် (ghee) – 2 tbsp
8. ဘိန်းစေ့ (poppy seed) အဖြူ၊ အမဲ – အနည်းငယ်စီ
ရွှေကြည်မှုန်.ကို မကပ်နိုင်သည့် ဒယ်အိုးထဲထည့်ကာ ပုံပါ အပူရှိန်နှင့် ၁၀ မိနစ်ခန့် မွှေလှော်ပေးပါ။
၅ မိနစ်ခန်. အအေးခံပြီးလျှင် ဘိန်းစေ့မှလွဲ၍ ကျန်ပါဝင် ပစ္စည်းအားလုံးကို ထည့်ကာ အထက်ပါ အပူရှိန်နှင့် မကြာခဏ မွှေကာ ကျိုပေးပါ။
အဖတ်များစုပြီး ခဲမသွားစေရန် ဇွန်းအောက်ခြေနှင့် ဖိချေပေးပါ။
မိနစ် ၂၀ ခန်. ကြာပြီးနောက် ပုံပါအတိုင်း ခပ်ပျစ်ပျစ် ဖြစ်ကာ ဆီပြန်ပြီး မွှေးလာလျှင် ထောပတ် အနည်းငယ်
သုတ်ထားသည့် ဗန်း(8 ” x 8″) ထဲ လောင်းထည့်ပါ။
မျက်နှာပြင် ညီအောင်ညှိပြီး ဘိန်းစေ့များကိုဖြူးပေးပါ။
160ံC နှင့် ၁၀ မိနစ်ခန်. ကြိုတင်အပူပေးထားသည့် oven ထဲထည့်ကာ ၃၅ မိနစ် ခန်.ဖုတ်ပေးပါ။ (ပုံပါအတိုင်း အပေါ်မီးနှင့် နီးအောင် ထားပါ။)
ပြီးလျှင် အောက်ဆင့်သို့ ပြောင်းထည့်ကာ (အရမ်းပူသဖြင့် ဂရုစိုက်ပြီး ပြောင်း ထည့်ပေးပါ) နောက်ထပ် မိနစ် ၂၀ နှင့် ၂၅ မိနစ်ကြား ဖုတ်ပေးပါ။
မီးဖိုမီး မပိတ်ခင် မုန်.သားထဲကို တူ (သို.) သွားကြားထိုးတံလေးနှင့် ထိုးကြည့်ပါ။ မုန်.သားများ ကပ်မပါ လာတော့လျှင် မုန်.ကျက်ပြီမို. မီးကိုပိတ်ပါ။
မီးပိတ်ပြီးသည့် oven ထဲ မုန်.ဗန်းကို ၁၀ မိနစ်ခန်.ဆက်ထားပါ။
ပြီးလျှင် အပြင်ထုတ်ကာ အအေးခံပြီး မိမိကြိုက်နှစ်သက်သောပုံလှီးကာ အနံ.အရသာကောင်းလှသော ဒူးရင်းသီး ဆနွင်းမကင်း ကိုအရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ဗန်းအမျိုးအစားနဲ. ဒူးရင်းသီးထဲ ရေပါဝင်မှုပေါ်မူတည်ပြီး ဖုတ်တဲ့အချိန် အနည်းငယ် ကွာခြားနိုင်ပါတယ်။ (ကျွန်မက frozen ဒူးရင်းသီး နဲ. ဒီဗန်းအမျိုးအစားကို သုံးတာမို. အချိန်အနည်းငယ် ပိုဖုတ်ရပါတယ်။)
ref;Chaw Su's Food Friends

--------------------------------------
Credit : ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
No comments:
Post a Comment