♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 4, 2015

"သုံးပြီးသား ပစ္စည်းတွေကို စမတ်ကျကျ ပြန်သုံးချင်ရင်တော့ ကိုပီတာပြသလိုသာ လုပ်ပေါ့အေ "

တစ်ချို့ ဟာလေးတွေကတော့ အသုံးဝင်နိုင်ပါတယ်...

Outstanding Household Tips and Tricks 
  ရှာလကာရည်အစွမ်းဆိုပဲ...ပိုက်ခေါင်းမှာ ထုံးချိုးတွေတက်နေရင် ရေထွက်ပေါက်လေးတွေပိတ်လာရင် ရှာလကာရည်နှင့် သေချာဖြန်း နာနာထည့် ပလပ်စတစ်နှင့် ပိုက်ခေါင်းကို လုံအောင်ပိတ်ထား၊ တစ်ညထားလိုက်..အကုန်ကွာထွက်ကုန်လိမ့်မယ်...
Outstanding Household Tips and Tricks ငယ်ငယ်တုံးကဖိနပ်သဲကြိုးအပေါက်ကျယ်ပြီးခဏခဏပြုတ်ထွက်တာအမှတ်ရမိတယ်...
ေ ပေါင်မုန့် အိတ်ချည်တဲ့ ကော်ဖတ်လေးကို ပြန်သုံးပေတော့

" ဇွန် " ( နှလုံးသားမှာ လျှပ်စီးလက်ပါ)


“ ဇွန် ”
 
မိုးထဲလေထဲ
စိတ်ကို လာထွန်ယက်ခဲ့သူ
  လောကအမွန်ဆီ ငါ့ကို အလည်ခေါ်ပါ
အိပ်မပျော်သူရဲ့ ကောင်းကင်ကြီးဟာ
ငါ့ဆီ တအိအိပြိုကျလာခဲ့
ညနဲ့အမှောင်ကို
အိပ်ချင်ယောင်ဆောင်ပြီး စောင့်ဖမ်းမိသူလို
ငါ့ကိုယ်ငါ အိပ်မက်ပေးခဲ့ပြီ
ဇွန်...
  နှလုံးသားမှာ လျှပ်စီးလက်ပါ
ရင်ခုန်သံကို ကြိုးညှိပေးပါ  
      ငါ အေးအေးဆေးဆေး မိုးမိချင်လို့ ။       ။

                      ရတုသစ်

Credit : yatuthit.blogspot

" မြန်မာကဗျာချစ်သူများအတွက်-ရတု နဲ့ပတ်သတ်တဲ့မှတ်စုလေးပါ "

 
 
ရတု
အခု ဖော်ပြမှာကတော့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ရ တုဟာ လင်္ကာရဲ့ အကိုင်းအခက်တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော်အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခြဲ့ကပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် -တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတေ၊ွ ရာဇဓာတုကလျာမင်းသမီး၊ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင်

January 3, 2015

" ချစ်သူ ရည်းစား စုံတွဲလေးတွေမှာ ဒါမျိုးလေးတွေ ပြုလုပ်လေ့ရှိတယ် "

ချစ်သူ ရည်းစား စုံတွဲလေးတွေမှာ ဒါအဖြစ်ပျက်တွေက သွေးထွက်အောင် မှန် တယ် မှတ်လား














(၁) ကိုယ့်ချစ်သူ နဲ့ ကိုယ်နဲ့ လျှောက်လည်ကြတဲ့အချိန်မျိုးမှာဆိုရင် လူတွေကြားထဲရောက်ရင် ကောင်မလေးဆိုရင်လည်း သူ့ချစ်သူကောင်လေးလက်ကိုကောက်တွဲပစ်လိုက်တာပဲဖြစ်ဖြစ် ..
ကောင်လေးဆိုရင်လည်ူး့ကောင်မလေးပခုံးကိုလှမ်းဖက်လိုက်တာပဲဖြစ်ဖြစ် အဲ့လိုလေးတော့လုပ်တတ်ကြတယ်မှတ်လား ??
( အဲ့ဒါ လူကြားထဲမှာ ငါသည်သာ သူ့ချစ်သူ ဆိုပြီး ဂုဏ်ယူချင်တဲ့စိတ်လေးပေါ့ )
(၂) နှစ်ယောက်သားတွေ့တဲ့အချိန်တိုင်းမှာလည်း သူ့ဖုန်းကိုယူယူစစ်တတ်သေးတယ်
( message , call list ကအစ gallery ပါမကျန် )

" အောင်မြင်ခြင်းအချက် ၃၃ ချက် " E သုံးလုံးကို သေချာမှတ်ထားနော်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။
၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။
၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy
၎။ Game တွေကစားပေးပါ။
၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။
၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။

"မေ့ဆေးပြယ်ချိန်" မျက်လုံးကျယ်မှ ရုပ်ဆိုးမှန်းသိတော့တယ် မိန်းမရယ် (ဟာသ)

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်ပြီး သူ့မိန်းမကို မြင်သွားတော့… …
“မင်း သိပ်သိပ်လှတာဘဲကွယ်”
….လို့ပြောပြီး ပြန်မေ့သွားတယ်။

မိန်းမဖြစ်သူလည်း တော်တော်လေး ကျေနပ်အံ့သြသွားတယ်၊
သူတို့ ပေါင်းသင်းလာတာကြာပြီ၊ တခါမှ အဲလိုချီးမွမ်း မခံရဖူးဘူးလေ။

January 2, 2015

" အသည်းကွဲလာရင် မမှုနှင့် ရုန်းကန်လှုပ်ရှားဘို့ လိုတယ်..တယောက်သွား ဆယ်ယောက် လာလိမ့်မယ်"

"အသည်းကွဲ အထူးကု" 
ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုကို မြင်ဖူးပါသလား ။

မိုးရွာပြီးစ ရှင်းသန့်ပြာလွင်သော ကောင်းကင်မှာ သက်တန့်ကြီးက လေးကိုင်းသဏ္ဍာန် ကွေးညွတ်နေသည် ။

အုံ့မှိုင်းသော တိမ်ထု ၊ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုက စိတ်ကိုထုံထိုင်းလေးလံစေခဲ့သမျှ … ၊
သက်တန့်ကြီး၏ သင်္ကေတကတော့ ရာသီဥတုသာယာကြည်လင်ခြင်းကို ဖော်ညွှန်းသည် ။

သူ၏ စုံလင်ရွှန်းလက်သော အရောင်အသွေးတွေက ဘ၀၏ ချိုလွင်သာယာသော အပိုင်းအစတွေလို … ။
Subscribe

လာလည်သူများ

free counters