♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2016

" ခွေးလိုကျင့် ခွေးလိုကြံ ခွေးလိုကိုက် ခွေးလိုဆိုးတဲ့ စိတ်ကြီးလွန်းတဲ့ ခွေးကောင်ကို ကြည့်ပါဦးလို့စ် " ခ်ခ်ခ်ခ်


youtube link is..
https://www.youtube.com/watch?v=RfoTM4dSOKA&feature=youtu.be

" အမျိုးသားတွေအတွက် ဘယ်လောက်ချောချော ဆွဲဆောင်မှု မရှိဘူးလို့ ခံစားရတဲ့ အမျိုးသမီး အမျိုးအစား (၁၀) မျိုး "


လူတိုင်းဟာ ကိုယ့်အထာနဲ့ကိုယ်နေတတ်ဖို့ အရေးကြီးပါတယ်။ ဟန်ဆောင်တတ်တာမျိုးထက် ပွင့်လင်းမှုရှိတဲ့ပုံစံကိုသာ အားလုံးက လက်ခံချင်ကြပါလိမ့်မယ်။ အမျိုးသားတွေလည်း ဒီလိုပါပဲ။ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးက ပြောတဲ့တစ်မျိုး လုပ်တော့တစ်မျိုး ဟန်ဆောင်ဖုံးကွယ်နေတတ်တဲ့သူဆို သူတို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြပါတယ်။ ဒီလိုအချက်တွေအပြင် သူတို့ကို စိတ်ပျက်စေတတ်တဲ့၊ ဆွဲဆောင်မှုနည်းနည်းမှ မရှိပါလားလို့ ထင်တဲ့ အမျိုးသမီးပုံစံတွေကတော့

၁။ အရင်က ထားခဲ့ဖူးတဲ့ ရည်းစားကို စိတ်ထဲက မဖျောက်နိုင်ပဲ သတိတရရဖြစ်နေတတ်တဲ့ ချစ်သူကောင်မလေးမျိုး။ ကိုယ်ရှိနေရဲ့သားနဲ့ အရင် တစ်ယောက်ကို လွမ်းတယ်ဆိုတော့ အမျိုးသားအနေနဲ့ သိက္ခာကျတယ်လို့ ထင်နေပါလိမ့်မယ်။

၂။ အစားအသောက်အကြောင်း ပြောသာပြောတာ၊ အလှပျက်မှာစိုးလို့ မစားပဲနေတတ်တဲ့ ကောင်မလေးမျိုး။

၃။ စကားပြောတော့မယ်ဆိုရင် ပြောမလို့လုပ်ပြီးမှ ထားလိုက်ပါတော့၊ မပြောတော့ဘူးဆိုပြီး ခဏခဏလုပ်တတ်တဲ့ ကောင်မလေးမျိုး။

၎။ ကိုယ့်ပုံစံအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကောင်မလေးမျိုး။

၅။ အရည်မရ အဖတ်မရစကားတွေကို တစ်ချိန်လုံးပြောနေတတ်တဲ့ ကောင်မလေးမျိုး။

၆။ လုပ်သမျှအရာရာတိုင်းကို လိုက်ဝေဖန်နေတတ်တဲ့ ကောင်မလေးမျိုး။

၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝမရှိတဲ့ ကောင်မလေးမျိုး။

၈။ ကိုယ့်အမှားမဟုတ်တာကို တစ်ချိန်လုံး လိုက်တောင်းပန်နေတတ်တဲ့ ကောင်မလေးမျိုး။

၉။ ရည်းစားထားတာကို တာဝန်အရလုပ်နေတဲ့ အလုပ်လို သဘောထားတတ်တဲ့ ကောင်မလေးမျိုး။

" သေခြင်းတရားကို အန်တုနုပျိုနိုင်မယ့် နည်းလမ်း ၅ မျိုး "


သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။

(၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
လုပ်သင့်တာက
လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။

(၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင်

" ကျပ်သိန်းတစ်သောင်းအထိ ပေးအပ်မည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြ "

 
အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ပေးအပ်မည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်း ငါးရာတို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ် ငါးသောင်းအထိဖြစ်ကြောင်း သိရသည်။

ကျပ် ၅၀၀ တန် ထီစနစ်အား ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၂၀၀ တန်ထီအား တစ်လလျှင် ထီစောင်ရေ သိန်း ၃၆၀ ကျော် အထိ ထုတ်လုပ်ရောင်းချသော်လည်း ကျပ် ၅၀၀ တန် ထီကိုမူ ယင်းပမာဏ၏ ထက်ဝက်ကျော်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း နှင့် ကျပ် ၅၀၀ တန် ထီစနစ် လုပ်ဆောင်ရာတွင် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ကျပ် ၅၀၀ တန်ထီက ထပ်ထုတ်မှာပါ။ အဲဒီအတွက် ကျပ် ၂၀၀ တန်ထီကလည်း ဆက်ရှိနေဦးမှာပါပဲ။ ထီထိုးတဲ့သူက ကြိုက်ရာကို ထိုးပေါ့။ ၅၀၀ တန်ထီမှာ အက္ခရာတွေကတော့ ၂၀၀ တန်ထီ အတိုင်းပဲ။ ဒါပေမဲ့ ထီလက်မှတ်ကတော့ စင်ကာပူထီအတိုင်း ဖြစ်သွားမယ်။ ထီဖွင့်တဲ့ ပုံစံကတော့ ၂၀၀ တန် စနစ်အတိုင်းပဲ လစဉ် ၁ ရက်တိုင်း တစ်လတစ်ခါ ဖွင့်မှာ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမည်ဟု ခန့်မှန်းထားပြီး လက်ရှိအစိုးရအဖွဲ့ထံသို့ ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရအဖွဲ့ကို တင်ထားပြီးသား။ သူတို့က အသေးစိတ်လေ့လာပြီး ပြန်တင်ပြခိုင်းထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ စတင်မယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ကျပ် ၂၀၀ တန်ထီ စနစ်တွင် လစဉ်ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ အဖြစ် ခွဲဝေပေးပြီး ကျပ် ရာခိုင်နှုန်း ၄၀

" ကမ္ဘာမှာ သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးများ "

 
ကမ္ဘာ့သက်တမ်းအရှည်ဆုံး သြဇာရှိနိုင်ငံရေး မဂ္ဂဇင်းတစ်ခု ဖြစ်သည့် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၆ အတွက် ကမ္ဘာမှာ သြဇာ လွှမ်းမိုးမှု အရှိဆုံးသူများကို ရွေး ချယ်ရာမှာ အမျိုးသမီးအတော် များများလည်း ပါဝင်ပါသည်။ သူ တို့သည် ကမ္ဘာတစ်လွှား သတင်း တွေအပေါ်မှာ၊ အင်တာနက်ပေါ် မှာ လူတွေသန်းချီအမြဲအာရုံစိုက် လိုက်ရှာကြည့်ရသော၊ သြဇာကြီး လှသော နိုင်ငံ့ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်နှင့် အတတ်ပညာရှင် အမျိုးသမီးများ ဖြစ်ကြသည်။
သည်အမျိုးသမီးများထဲမှ ထူးခြားသော အမျိုးသမီးများကို တင်ပြရပါလျှင် အောက်ပါအမျိုး သမီးများပင်ဖြစ်ပါလိမ့်မည်။

ခရစ္စတင်းလာဂါဒီ (သို့မဟုတ်) ကမ္ဘာ့စီးပွားရေးကို စောင့်ကြပ်နေ သူ
ကမ္ဘာမှာ သြဇာလွှမ်းမိုးမှု အများဆုံး ခေါင်းဆောင်များကို ရွေးရာမှာ ထိပ်တန်းနံပါတ် (၁) နေရာမှာ ရှိသူမှာ အမျိုးသမီးဖြစ် ပါသည်။ သူသည် ကမ္ဘာ့စီးပွားရေး ကို စောင့်ကြပ်နေသူအဖြစ် တင် စားခေါ်ကြသည့် အိုင်အမ်အက်ဖ် ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ ဖြစ် ပါသည်။ ကမ္ဘာကြီး၏ စီးပွားရေး အတွက် အိုင်အမ်အက်ဖ်ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ လောက် အရေးပါသော အဖွဲ့အ စည်းမျိုးမရှိပါ။ သည်အဖွဲ့အ စည်း၏ ဆုံးဖြတ်ချက်များသည် ကမ္ဘာပေါ်က လူဦးရေသန်းထောင် ချီကို အကျိုးသက်ရောက်မှုရှိသည့် အတွက် သည်အဖွဲ့အစည်း၏ ခေါင်းဆောင်သည် ထူးချွန်ထက် မြက်သော လူတစ်ယောက်ဖြစ်ရ မည်ဖြစ်ပါသည်။
ခရစ္စတင်းလာဂါဒီသည် မြင့် မားသော စံနှုန်းများနှင့် ကိုက်ညီ သူဖြစ်သည်။ အိုင်အမ်အက်ဖ် အ ဖွဲ့ကြီး အကျပ်အတည်းရောက်နေ သည့် ၂၀၁၁ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ အဖွဲ့ဝင်အဖြစ်ပါသည့်သည် အဖွဲ့အစည်းကို သူက တာဝန်ယူ လုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန် ကြီးဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးငွေ ကြေးဆိုင်ရာ အဖွဲ့အစည်းကို အ ဓိကနေရာက ဦးဆောင်သည့် ပထမဦးဆုံး အမျိုးသမီးဖြစ်သည်။
ဥရောပတိုက်က ဂရိစီးပွား ရေးအကျပ်အတည်းမှာလည်း သူ က အဓိကနေရာကနေ ဖြေရှင်းခဲ့ သူဖြစ်သည်။ ထို့အပြင် ကျား၊မ တန်းတူညီမျှရေး၊ ၀င်ငွေမညီမျှမှု နှင့် အီဘိုလာကဲ့သို့ လူထုကျန်းမာ ရေးပြဿနာများကို သူကအလေး ထားခဲ့ခြင်းဖြင့်

" ချိုသာယဉ်ကျေးသော ပြောဆိုမှုနှင့် အပြည့်အဝတာဝန်ခံသော ဝန်ဆောင်မများကို ပေးအပ်လာသည့် KBZကို ကျေးဇူးတင်ပါသည် "

21 / 4 / 2016 နေ့က အရေးကြီး ငွေလိုနေတာနဲ့ တောင်ကြီးကိုငွေလှမ်းမှာ အဲ့ဒါ ငွေ၁၅၀၀၀၀ တစ်သိန်း
ငါးသောင်းကျပ် ကို ကျွန်တော့ရဲ့ KBZ ATM ကဒ် ထဲ လွဲပေးလိုက်တယ်ဒါနဲ့ ည ၇ နာရီလောက်မှာ ရန်ကုန်
မြန်မာ့အသံဘေးလမ်း 5network ရုံးနားက KBZ ATM စက်မှာ သွားထုတ်ပါတယ် ငွေကထုတ်မရနေဘူး။
လုပ်နေရင်း online ကျ သွားတယ်ထင်တယ်။ ဒုတိယအကြိမ် ထပ် လုပ်တော့လည်းငွေက ထွက်မလာတဲ့အပြင်
ကဒ်ပါ မထွက်လာဘူး cancel ကိုနိုပ်လိုက်တော့ ကဒ်က ပြန်ထွက်လာတယ် ငွေကမထွက်လာဘူး ။ ဒါနဲ့ပြန်
ခဲ့တယ်။

22/4/2016 ပေါက်တောဝ ဘဏ်ခွဲမှာ သွား ပြီးထပ်ထုတ်တော့ မရတာနဲ့ စာရင်းစစ်တော့ ငွေက ၁၅၀၀၀၀
မရှိနေဘူး တောင်ကြီးကို လှမ်းဆက်တော့ လည်း ငွေက အဝင်ပြထားတယ် ဒါကြောင့် သူတို့ပေးတဲ့ ဖုန်း ကို ဆက်ပြီးအကြောင်းကြားတော့ လိုအပ်တာလေးတွေကို ချိုသာစွာမေးမြန်းပြီး complain တင်ပေးထားမယ်လို့ဖြေ
ပါတယ်။ သောကြာနေ့ဖြစ်နေတော့ တနင်္လာနေ့မှ ထုတ်ပေးပါတဲ့။ ယဉ်ကျေး စိတ်ရှည်စွာနဲ့ ရှင်းပြပေးခဲ့ပါတယ်။
ဒီလိုနဲ့ တနင်္လာနေ့ 25 / 4 / 2016 မနက်မှာ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူတို့ဘက် က ဆောင်ရွက်ပေးနေကြောင်း
အကြောင်းပြန်လာပါတယ်။

ညနေ ၃ နာရီကျော်မှာတော့ ငွေကို ထုတ်ယူ နိုင်ပြီဖြစ်ကြောင်းနဲ့ မထင်မှတ်တဲ့ မှားယွင်းမှုကြောင့် ATM ကဒ် သုံးခြင်းအဆင်မပြေ ဖြစ်ခဲ့ရတာကို စိတ်မရှိဖို့ တောင်းပန်စကား ဆိုပြန်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်
ကြောင်း ပြန်လည်ပြောဆိုပြီး ငွေကိုအပြေးလေး ထုတ်ခဲ့ပါတော့တယ်။ ယခုလို အပြိုင်အဆိုင် များနေတဲ့ခေတ်မှာ

April 29, 2016

" သေဆုံးသွားတဲ့ ချစ်သူဟာ မြွေဟောက်ဘ၀နဲ့  သူ့ ဆီပြန်လာလို့ ဆိုတဲ့သူ "

ငပေါနှင့် အချောတို့ ဆန်ကောစီးနေကြပုံ

သေဆုံးသွားတဲ့ ချစ်သူဟာ မြွေဟောက်ဘ၀နဲ့  သူ့ ဆီပြန်လာတာလို့  ယုံကြည်နေတဲ့ လူငယ်တဦးဖြစ်ပါတယ်။ မြွေဟောက်
ကို သွားလေရာခေါ်ပြီး အတူနေနေ
Subscribe

လာလည်သူများ

free counters