♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 16, 2015

"ချစ်သူ ကောင်မလေးအတွက် ချစ်စဖွယ် စကားများ-၁ " မှတ်ထားနော်....


သင့်ချစ်သူကောင်မလေး တစ်ယောက် အံ့အားသင့်သွားအောင် လုပ်လိုပါသလား။
ချစ်သူ ကောင်မလေးဟာ သင့်ပြောစကားတွေ ကြားလိုက်တဲ့အခါ သူမရဲ့ မျက်နှာမှာ ပြုံးရိပ်တွေ ယှက်နွယ်သွားစေဖို့ ချစ်စဖွယ် စကားလုံးတွေကို တင်ပြပေးလိုက်ပါတယ်။
မိန်းကလေးတစ်ယောက် သဘောကျလာအောင် နဲ့ သူမကို ဆွဲဆောင်ဖို့ဆိုရင် အရင်ဆုံး နှစ်လိုဖွယ်ဖြစ်တဲ့ စကားလုံးတွေ ပြောရမှာပေါ့။ ကိုယ်က သူ့ကိုဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာကို ပြသတဲ့နေရာမှာ ဒူးလောက်တင်မှ ရင်လောက်ကျတာပါ။

သင်ဆိုရင်လည်း ကိုယ့်ချစ်သူရဲ့ အသိအမှတ်ပြုမှု၊ တစ်ခုခုကြုံလာရင် ဖေးမစာနာမှုတွေ အပေးခံရတယ်ဆိုရင် ခံစားလို့ ကောင်းတာပဲ မဟုတ်လား။ သင့်ကောင်မလေးလဲ ထိုနည်းလည်းကောင်းပေါ့။ ချစ်သူကို ပြောတဲ့ စကားလုံးတွေဟာ ချိုသာလေ၊ ချစ်စိတ်ကူးကောင်းလေ ကောင်မလေးတွေအတွက် အဓိပ္ပါယ်ရှိ လေပါပဲ။

"လက်တွဲဖော်ဆိုတာကို မင်းနဲ့မှ ယုံကြည်တော့တယ်။"

"မင်းဟာ ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိစေတယ်။"

"မင်းမရှိတဲ့ ကိုယ့်ဘ၀ကို တွေးလို့တောင် မ၀ံ့ဘူးကွာ။"

"ဘာလို့ အမြဲတမ်း အဲ့လောက်လှနေရတာလဲ။"

"မင့်အနားရှိတဲ့အချိန်တိုင်း ဖိုးကံကောင်းလိုလို။"

"ကိုယ့်ဘ၀ကြီး ပြီးပြည့်စုံနေတာ အဓိက မင်းကြောင့်။"

"မင်းရယ်ရင် အရမ်းချစ်ဖို့ ကောင်းတာပဲ။"

"မနေ့ညက မင်းကို အိပ်မက်မက်တယ်။" (မက်မက်၊ မမက်မက် ဇာတ်ကြောင်းတော့ ကြိုစဉ်းစား ထားဦး။)

"ညတိုင်း မင့်အမှတ်နဲ့ ခေါင်းအုံးကြီး ဖက်ဖက်နမ်းပြီးမှ အိပ်ရတာလဲ အမော။"

"မင်းက ကိုယ့်ကို နားလည်တတ်လိုက်တာမှ အကြားအမြင်ရနေသလား အောင်

မင်းက ကိုယ့်ကို နားလည်တတ်လိုက်တာမှ အကြားအမြင်ရနေသလား မှတ်တယ်။"

((ရောသမမွှေဘက်ကနေ ထပ်ဖြည့်ပြီး ရောချလိုက်ပါရစေ....ကဲ...))
 
"ငါဘယ်လောက်ဘဲ ပင်ပန်းနေပါစေ...မင်းမျက်နှာလေးတွေ့လိုက်ရရင် မောသမျှအကုန်ပျောက်ဘဲ"
 
"တခါတခါ ငါသိတ်စိတ်ညစ်တာဘဲ...မင်းရဲ့ အပြုံးလေးတပွင့်ဟာ ငါ့အတွက် အားဆေးပါဘဲ
ယုံနော် တကယ်ပြောတာ.."
 
"တခါတခါ မင်းအပေါ်မှာ ငါသိပ်ဆိုးမိတယ်တယ်နော်...နားလည်ခွင့်လွှတ်ပေးလို့ ပိုပြီးချစ်မိပါတယ်"

"မင်းဟာလေ ဘယ်လိုဘဲကြည့်ကြည့် လှလွန်းမက လှနိုင်လွန်းတယ်"

"ငါလေ ရင်မခုန်တတ်ဘူး...မင်းနှင့်တွေ့ပြီးကတည်းက ခုန်တတ်လာပြီ"

"ငါ မင်းကို ဘာလို့ ဒီလောက်ချစ်မိတာလဲကွာ"

"ဖုန်းထဲက မင်းပုံလေး ထုတ်ထုတ်ကြည့်ရတာကအမော"

" လူလစ်ရင် ဖုန်းထဲက မင်းပုံလေးကို နမ်းနေမိတယ်"

" ရေမချိုးလဲ မင်းရဲ့ ကိုယ်သင်းရနံ့လေးက မွှေးဘဲမွှေးနိုင်လွန်းတယ်"

" အိပ်မက်ထဲလဲ အမြဲလာပါလားကွာ..ငါလေ..မင်းနှင့် မခွဲနိုင်ဘူးကွာ"

Ref:lovepanky.com

No comments:

Subscribe

လာလည်သူများ

free counters