ထိုင်ဝမ်မှာ
မုန့်ဟင်းခါး စားလို့ ရပြီတဲ့။ ဟုတ်ပါတယ်။ CNN ရဲ့ ခရီးသွားလမ်းညွှန်
ဝက်ဆိုက် CNNGo မှာ ရေးထားတာပါ။ ဒါကို ပြန်ပြီး ဖောက်သည် ချရရင်
မုန့်ဟင်းခါးဆိုင် အပါအ၀င် ရွှေတွေ နှစ်သက်တဲ့ အစားအစာ အသုံးအဆောင်တွေ
ရနိုင်တဲ့ နေရာက မြန်မာရပ်ကွက်မှာလို့ ဆိုပါတယ်။
Mr.
Chao က တရုတ်မြန်မာ ကပြား ဖြစ်တယ်။ တိုင်ပေမြို့ရောက်နေတာတော့ အနှစ် ၃၀
ကျော်ပါပြီ တဲ့။ အခု သူ့စားသောက်ဆိုင်မှာ မြန်မာအစားအစာ ရောင်းပါတယ် ဆိုပဲ။
သူချက်တဲ့ မုန့်ဟင်းခါးက မနက် ၁၀ နာရီဆို သုံးဆောင်ဖို့ ရယ်ဒီ ဖြစ်ပါပြီ တဲ့။ မြန်မာအစားအစာ၊ အသုံးအဆောင်တွေလည်း ဒီရပ်ကွက်မှာ ၀ယ်နိုင်တာပေါ့။
ဟော - ဟောဒီမှာ ဦးစိန်ဝင်း ကုန်စုနံဆိုင် ဆိုပါလား!
"ဟောဒီက မြန်မာတို့ဟူးသုပ်"

MRT ရထား စီးသွားမယ် ဆိုရင် Nan Shi Jiao ဘူတာမှာ ဆင်းပါ။ ဒါဆို မြန်မာရပ်ကွက်ကို ရောက်ပါပြီ။ မြန်မာလို ရေးထားတဲ့ ဆိုင်းဘုတ်တွေ တွေ့ရင် အဲဒါ Little Burma လို့ အင်္ဂလိပ်တွေ ခေါ်ကြတဲ့ မြန်မာရပ်ကွက်ပဲပေါ့။ Hua
Xin လမ်းတ၀ိုက်မှာ အခြေစိုက်တဲ့ လူဦးရေ တသိန်းဟာ မြန်မာပြည်က
ရွှေ့လာသူတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါသတဲ့။ မြန်မာပြည်မှာ မွေးဖွားတဲ့၊
နေခဲ့ဖူးတဲ့ တရုတ်တွေရဲ့ မျိုးဆက်တွေပေါ့။




မုန့်ဟင်းခါး ဟင်းရည်ထဲ ထည့်ဖို့ ငှက်ပျော်ဖတ်တွေ ရအောင် ဟောသလို - ဟောသလို ---

နားနားနေနေ သောက်သောက် စားစား

အင်း - ဒီဆိုင်မှာ ဂျူးမြစ်၊ တိုဟူးဖြူတို့လည်း ရတယ်။ ဗန်းထဲကဟာ ငါးဖယ်ကြော်လား၊ တိုဟူးကြော်လား တခုခုပဲ။
ကဲ - ကဲ - ထိုင်ဝမ်ရောက်ရင် မြန်မာရပ်ကွက်ကို သွားလိုက်ကြပါစို့။
ချင်းမိုင်သူစီထောင်းရေးထားတဲ့ မိုးမခက ဆောင်းပါးကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။
မေ ၂၇၊ ၂၀၁၁
Credit : http://imyanmargo.com
No comments:
Post a Comment