♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 18, 2015

"ထိပ်ပြောင်ရခြင်း၏ အကြောင်းရင်းများ နှင့် ယနေ့ခေတ်စားနေတဲ့ ဆံပင်ပြန်စိုက်နည်းကုထုံး"

 
                                                ဆံပင် ပြန်စိုက်ထားပုံ

မျိုးရိုးလိုက်ခြင်း
           ထိပ်ပြောင်တာက မျိုးရိုးလိုက်တာလို့ သိထားကြတယ်ဟုတ်။ တကယ်လည်း မျိုးရိုးလိုက်ပါတယ်။ အဖေက ထိပ်ပြောင်ရင် ဒါမှမဟုတ် အဘိုးက ထိပ်ပြောင်ရင် ကိုယ်လည်း
ထိပ်ပြောင်နိုင်တယ်လေ။ အဘိုးက အဖေဘက်ကဖြစ်ဖြစ် အမေဘက်က ဖြစ်ဖြစ်နော်။ ဒါပေမယ့် မျိုးရိုးမှာ ထိပ်ပြောင်တဲ့သူတွေရှိလို့ ငါလည်းပြောင်တော့မှာပဲလို့ တွေးပူပြီး အရမ်းစိတ်ညစ်မနေနဲ့အုံးနော်။ မျိုးရိုးရှိတိုင်းလည်း ထိပ်ပြောင်မယ်လို့တော့ မဟုတ်ဘူး။ မျိုးရိုးရှိရင် ထိပ်ပြောင်နိုင်ချေများတယ်။ ဒါပေမယ့် ဘယ်တွေပေါ်မူတည်သေးလဲဆိုတော့ အဓိကက ဟော်မုန်းနဲ့ အသက်အရွယ်ပဲ။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ်နော်။

ဟော်မုန်း

           ထိပ်ပြောင်ရခြင်းရဲ့ အဓိကတရားခံလူဆိုးကြီးက ကျားဟော်မုန်းပါ။ အမျိုးသားတွေ သန်သန်မာမာ ကျားကျားလျားလျားကြီးတွေဖြစ်ဖို့အတွက် ကျားဟော်မုန်းများများလိုတာပေါ့။ ဒါပေမယ့်
Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်ပြောင်းသွားတယ်။ ဆံပင်တွေထွက်လာတဲ့ မွှေးညှင်းအိတ်တွေပေါ်မှာ DTH ရဲ့ သက်ရောက်မှုကြောင့် မွှေးညှင်းအိတ်တွေ ကျုံ့သွားတယ်။ အဲဒီတော့ ထွက်လာတဲ့ ဆံပင်တွေက မသန်တော့ဘူး။ ပြီးတော့ တဖြည်းဖြည်းပါးလာတာကနေ နောက်ဆုံးပြောင်သွားပါလေရော.. :D တကယ်က ထိပ်ပြောင်တယ်ဆိုတာဟာ ဆံပင်လုံးဝ မပေါက်တော့တာ မဟုတ်ပါဘူး။ ဆံပင်ကျွတ်တာလည်း ဟုတ်တယ်၊ တစ်ချို့ဆံပင်တွေ မပေါက်တော့တာလည်း ဟုတ်တယ်၊ အဓိကက ထွက်လာတဲ့ဆံပင်တွေက အရမ်းကို ပါးလွန်းနေလို့ သေချာမမြင်ရတာပါ။

အသက်အရွယ်

           ဟုတ်ပြီ.. မျိုးရိုးလည်း ရှိတယ်၊ ကျားဟော်မုန်းဆိုတာလည်း ယောကျာ်းတိုင်းမှာ ရှိတယ်။ ဘာလို့ အသက်ငယ်တုန်းမှာ ထိပ်မပြောင်လဲပေါ့။ သူငယ်ချင်းတို့ မသိချင်ဘူးလား။ ရင်နှင်းလည်း ကိုယ့်ဟာကိုယ်မေးခွန်းတွေ ထုတ်ပြီး အရမ်းသိချင်တော့ အဖြေကို မရမကရှာ။ ထိပ်ပြောင်တဲ့အကြောင်းကို သေချာရေးထားတဲ့စာတွေက ရှားတော့ မနဲကိုရှာလိုက်ရတယ်။ အဖြေကတော့ အချိန်ပါပဲ။ ကျားဟော်မုန်းတွေက လူပျိုဖော်ဝင်မှ အရွယ်ရောက်မှပေါ့နော်.. ယောကျာ်းတစ်ယောက်အတွက် လုံလောက်တဲ့ပမာဏရအောင် ခန္ဓာကိုယ်က ထုတ်ပေးတာပါ။     
           အဲလို ဟော်မုန်းတွေများလာပေမယ့်လည်း မွှေးညှင်းအိတ်တွေကို မထိခိုက်နိုင်သေးဘူး။ အဓိကက မျိုးရိုးရှိတဲ့သူတွေမှာ မွှေးညှင်းအိတ်လေးတွေက ဟော်မုန်းကို အကြာကြီးထိတွေ့ပြီးတော့မှ မွှေးညှင်းအိတ်တွေ ကျုံ့သွားပြီး ထိပ်ပြောင်သွားရတာပါ။ ဆံပင်တစ်ချောင်းရဲ့သက်တမ်းတောင် ၂ နှစ်ကနေ ၆ နှစ်ရှိတာဆိုတော့ မွှေးညှင်းအိတ်လေးတွေက ဟော်မုန်းကို အကြာကြီးထိတွေ့ပြီးတော့မှ မွှေးညှင်းအိတ်တွေ ကျုံ့သွားပြီး သိသိသာသာထိပ်ပြောင်လာဖို့က တော်တော်အချိန်ကြာမှ အသက်ကြီးမှ ဖြစ်တာပေါ့။ တော်သေးတာပေါ့နော်။ မဟုတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လှလှပျက်မှာ.. :D  ထိပ်ပြောင်တာမှာ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ပြောင်စပြုလာတယ်။ တချို့ကလည်း အသက်ကြီးမှ ပြောင်တယ်။ ဘယ်ပေါ်မူတည်လည်းဆိုတော့ ဟော်မုန်းပမာဏများတာတို့၊ စိတ်ဖိစီးမူများတာတို့၊ အာဟာရပြည့်ပြည့်၀၀မစားသောက်တာတို့၊ ဆံပင်ကို ဂရုမစိုက်တာတို့ဆိုရင် စောစောစီးစီးပြောင်တော့တာပေါ့။

ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုး

ထိပ်ပြောင်တာကလည်း ခေါင်းမှာ ပြောင်ချင်တဲ့နေရာမပြောင်ဘူးနော်။ စည်းကမ်းရှိတယ်။ :D နားထင်နဲ့ နောက်စေ့က ဆံပင်တွေကတော့ မပြောင်တတ်ဘူး။ ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပုံလေးနဲ့ ပြောပြမယ်နော်။
ထိပ်ပြောင်ခြင်းကို ကုသမှု

           ခုထိ ထိပ်ပြောင်ရင် ဆံပင်ပြန်ပေါက်လာအောင် ထိရောက်တဲ့ကုသမှု မရှိသေးပါဘူး။ Minoxidil ပါတဲ့ လိမ်းဆေးတွေတော့ ရှိပါတယ်။ မွှေးညှင်းအိတ်တွေကို လှုံ့ဆော်ပေးတော့ ဆံပင်ကျွတ်တာ နှေးစေတယ်။ တချို့သူတွေမှာဆိုရင် ဆံပင်တောင် သန်သန်စွမ်းစွမ်းပြန်ပေါက်လာတယ်တဲ့။ Finasteride ဆိုတဲ့ သောက်ဆေးတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဆေးက ကျားဟော်မုန်းကြောင့် ထိပ်ပြောင်မလာအောင် ထိပ်ပြောင်တဲ့နှုန်းနှေးအောင် လုပ်ပေးရုံပဲ။ ဆံပင်တွေ ပြန်ပေါက်စေတာ မဟုတ်ဘူး။ Minoxidil ထက်တော့ နဲနဲပိုကောင်းတယ်တဲ့။ ဒါပေမယ့် ဒီဆေးတွေကို ဖြတ်လိုက်ရင် ထိပ်ပြောင်အုံးမှာပဲတဲ့။ တစ်သက်လုံး လိမ်းရ သောက်ရမယ့်ကိန်းပဲ။ :D ဈေးလည်းကြီးတော့ မချောင်ဘူးနော်။
           အနောက်နိုင်ငံတွေမှာတော့ အသည်း၊ ကျောက်ကပ်တို့လို ခန္ဓာကိုယ်အဂါင်္အစိတ်အပိုင်းတွေကို အစားထိုးသလို ဆံပင်ကိုလည်း အစားထိုးပြီး စိုက်ကြတယ်။ ခု ပညာရှင်တွေက ဆံပင်တွေ ကောင်းကောင်းမွန်မွန်ပြန်လည်ရှင်သန်နိုင်မယ့် လိမ်းဆေးတွေ တီထွင်နေကြပါတယ်တဲ့။ မြန်မြန်ထွင်နိုင်ကြပါစေလို့ ဆုတောင်းရမှာပေါ့နော်။
           လောလောဆယ်ကတော့ ထိပ်ပြောင်ပြီးရင် ဆံပင်ပြန်ပေါက်အောင် မလုပ်နိုင်သေးတော့ အထူးသဖြင့် မျိုးရိုးရှိသူတွေက ထိပ်မပြောင်အောင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ကြိုတင်ကာကွယ်ထားရင် ထိပ်ပြောင်နိုင်ချေလည်း နဲသွားသလို အရမ်းလည်းမဆိုးနိုင်တော့ဘူးလေ။ ဆံပင်မကျွတ်ဆံပင်သန်စေမယ့် အစားအစာများနဲ့ ဆံပင်မကျွတ်ဆံပင်သန်စေမယ့် ဗျူဟာများဆိုတဲ့ ပို့စ်တွေထဲကအတိုင်း လုပ်နော်။ စိတ်ဖိစီးမူများရင်လည်း ဆံပင်ကျွတ်နိုင်တယ်ဆိုတော့ ပျော်အောင်နေပြီး ဆံပင်မကျွတ်အောင် ထိပ်မပြောင်အောင် ကာကွယ်ကြနော်။
           ထိပ်ပြောင်စပြုနေတဲ့ ဦးဦးပေါက်စတွေ၊ ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေလည်း ဆံပင်ပြန်ပေါက်မယ့် ရေရေရာရာနည်းမရှိသေးလို့ စိတ်ဓာတ်မကျကြပါနဲ့အုံး။ ထိပ်ပြောင်တာက ရှက်စရာမှ မဟုတ်တာ။ လူမျိုးမရွေး ဘာသာမရွေး လူတန်းစားမရွေး ပြောင်နိုင်တာပဲလေ။ အနောက်နိုင်ငံတွေမှာဆို ထိပ်ပြောင်တာကလည်း ခံ့ညားတဲ့ဆွဲဆောင်မှုတမျိုးလို့တောင် ကောင်မလေးတွေက မှတ်ချက်ပေးကြတယ်တဲ့။ ၀ီလျံမင်းသားတောင် ထိပ်ပြောင်တာပဲလေ။ ဒါပေမယ့် အရမ်းခံ့ညားပြီး ယောကျာ်းပီသတယ်ဆိုပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေတာပဲ။ :D သူထိပ်ပြောင်တာသိသာတဲ့ပုံကို မနဲရှာတင်ထားရတာ။ သိရင် အသရေဖျက်မှုနဲ့ ရင်နှင်းကို တရားစွဲမလားမသိဘူး။ :D ဒါပေမယ့် ရင်နှင်းက ထိပ်ပြောင်လည်း အလှမပျက်ပါဘူးလို့ ထိပ်ပြောင်နေတဲ့သူတွေ စိတ်ဓာတ်မကျပါနဲ့လို့ ဆိုလိုချင်တာပါ။
           ဘာပဲဖြစ်ဖြစ် ထိပ်ပြောင်နေလို့ စိတ်မညစ်ပါနဲ့။ စိတ်နေစိတ်ထား၊ အရည်အချင်းနဲ့ ဟာသဥာဏ်ပြည့်ဝပြီး သပ်သပ်ရပ်ရပ်နေတတ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူဆိုရင် အလိုလိုယောကျာ်းပီသပြီး ခံ့ညားနေတာပါပဲ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အားလုံးကို အကောင်းမြင်ပြီး ပျော်ပျော်သာနေနော် သူငယ်ချင်းတို့.. ဒါမှ လူဖြစ်ရကျိုးနပ်မှာပေါ့.. :)
ကိုးကား
Myanmar Sky Link (Myanmar Health & Beauty Website) www.myanmarskylink.com  
Credit : http://welovemte2.blogspot.co.uk/2013/03/blog-post_1605.html?m=0


ကဲကဲ ...ဒီလောက်လဲ စိတ်မညစ်နေကြပါနှင့်  ရောရောသမမွှေက နည်းလမ်းရှာတွေ့ထားပါတယ်..... အဲဒါကတော့..

ဆံပင်ပြန်စိုက်တဲ့နည်း (hair implants)
ဆံပင်ကို ပြန်စိုက်တဲ့နည်းလေးပါ....မိမိနောက်စေ့မှ ဦးရေကို လက်တလုံးစာအထူနှင့် နားရွက်တဘက်မှ အခြားတဘက်လောက်အထိ ဖြတ်ပြီးအဲ့ဒီဦးရေက ဆံပင်အမြစ်တွေကို သေချာထုတ်ယူကြတယ်....ပြီးရင် ခေါင်းမှာ တောင်ပေါ်သား တွေ
တောင်ယာစိုက်သလိုမျိုး မြေပြင်ကို ခက်ရင်းနှင့်ထိုးဖောက်ပြီး တောင်ယာ စပါးစေ့ထည့်သလို
မျိုးပေါ့.....ဦးရေကို အပ်နှင့်ဖောက်ပြီး သူ့အပေါက်ထဲကို ဆံပင်အမြစ်ဥကို ဇာဂနာနှင့် သွင်းပေး
လိုက်တယ်....အနာကျက်ရင် အမြစ်ဥကနေ ဆံပင်တွေပြန်ထွက်လာတော့တာဘဲ....

ဟောဒီလို ထိုးထည့်ကြတယ်....

 
ဟောဒီလို ကောက်စိုက်သလိုပေါ့....ခေတ်မှီတယ်နော်.....

 
နောက်စေ့မှ ဦးရေစကို ဖြတ်ထုတ်ထားပုံ....
 
ဒါကတော့ အမြစ်ဥတွေယူဖို့  ဦးရေကို ဖြတ်ထားပုံပါ....နာတာခဏ အောင့်ခံပေါ့ လှချင်ရင်..

ဟီးဟီးကြုံတုန်းပြရဦးမယ်...ဒါက ရင်ဘတ်မွေး အစားထိုးထားတာ...ရင်ဘတ်မှာ အမွေးတသီနှင့် လှချင်သူတွေပေါ့....ဟားဟား...
 

 
အမွေးစိုက်နေပုံ အနီးကပ်ပုံ.....
 
ပြောင်နေသောပုံ။ စိုက်ပြီးခါစပုံ။ ဆံပင်ပေါက်လာသောပုံ။
ဆံပင်ကို ဖြန့်ချထားသောပုံ။  
သူတို့က ဗွေမရှိတော့ရင်လည်း ဆံပင်ကို ဗွေပုံဖော်ပေးကြတယ်.......
 
မမတွေလည်း ခေါင်းဆိုးဆေးတွေ အမျိုးမျိုးသုံးတော့ ခေါင်းပြောင်ကြတယ်...သူတို့လဲ ဆံပင်
ပြန်စိုက်ကြတယ်.......

ခေါင်းမပြောင်ရန်အတွက်
နောက်တခုက အဘိုးဖြစ်သူသင်ပေးထားတဲ့လက်တွေ့နည်းပါ.....တိုက်ဖွိုက်ဖြစ်ပြီးတာနှင့်
ခေါင်းတုန်းတုန်းပါတဲ့....တိုက်ဖွိုက်ဖြစ်ပြီးလို့ခေါင်းတုန်းမတုန်းရင် အသက်မကြီးခင် ခေါင်း
ပြောင်တော့တာဘဲ....တကယ်မြင်ဘူးပါတယ်.....လက်တွေ့တွေ့ဘူးတယ်..ခေါင်းတုန်းတုန်း
တဲ့သူကြတော့ မပြောင်ပါဘူး.....အဘိုးက တိုင်းရင်းဆေးဆရာကြီး တစ်ဦးပါ......
ကျေးဇူးတင်ပါတယ်...
(ရောရောသမမွှေ)

No comments:

Subscribe

လာလည်သူများ

free counters