♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 19, 2015

"ငါ့မိန်းမကို ငါချောချာမောမောရောက်ကြောင်း မေးလ်လေး ဘာလေး ပို့ဦးမှ" (ဟာသ)


လူတစ်ယောက် ဟော်တယ်တစ်ခုမှာ တည်းခိုဖို့ ငှါးလိုက်တယ်..စာရင်းသွင်းပြီးလို့ အခန်းထဲရောက်တာနှင့် သူဟာ ကွန်ပြူတာတစ်လုံးကို အခန်းထဲမှာတွေ့လိုက်တယ်...ဟန်ကျတာဘဲ
ငါ့မိန်းမကို ငါချောချာမောမောရောက်ကြောင်းမေးလ်လေး ဘာလေးပို့ဦးမှဆိုပြီး သူဟာ
စာရေးပြီးမေးလ်ပို့လိုက်တယ်....လောကြီးကြီးနှင့်ပို့လိုက်တာကြောင့်  သူ့မိန်းမဆီ ပို့တာမ
ဟုတ်ဘဲ မေးလ်လိပ်စာက တခြားသူတဦးရဲ့ လိပ်စာဖြစ်နေတာကို သူသတိမထားမိဘူးတဲ့.....သူပို့လိုက်တာက လင်ဖြစ်သူအလောင်းကို သင်္ဂြိုဟ်ပြီးပြန်လာတဲ့ မုဆိုးမပူပူနွေးနွေးလေး
ဆီပို့မိပြီးသွားဖြစ်သွားတယ်.......မုဆိုးမလေးဟာ အိမ်ရောက်တယ်ဆိုရင်ဘဲ...သူ့ဆီဘယ်သူတွေက ဝမ်းနည်းကြောင်းမေးလ်တွေပို့ထားမှာလည်းဆိုပြီးသူက မေးလ်ဖွင့်ဖတ်သတဲ့..
ပထမဦးဆုံးမေးလ် ဖတ်ပြီးယုံတင်ရှိသေးတယ် အမျိုးမီးဟာ အရုပ်ကြိုးပြတ်ကြမ်းပြင်ပေါ်ကျသွားပြီး သတိလစ်သွားတယ်....သားဖြစ်သူက သူ့အမေကျသွားတာကို တွေ့ပြီးအမြန်ပြေး
လာတယ် ဘာဖြစ်လို့ကျတာလည်းဆိုတာကို သိချင်တော့ကွန်ပြူတာပေါ်က မေးလ်ကို ဖတ်ကြည့်သတဲ့.....ဘာလဲဆိုတော့...

သို့/
ချစ်မဝနိုင်တဲ့ ချစ်ဇနီးလေးရေ.....
မင်းဟာ ငါ့ဆီက စာလာတော့ အံ့သြနေပါလိမ့်မယ်....ဒီမှာက ကွန်ပြူတာတွေလည်းရှိတယ်....
တို့ချစ်တဲ့သူတွေဆီကို မေးလ်ပို့လို့ရတယ်ဆိုဘဲ....ကိုယ်အခုလေးတင်ဘဲ အထဲကိုရောက်တယ်..
နေရာရရချင်း မင်းဆီကို စာရေးရတော့တာဘဲ........ဒါနှင့် အချစ်ရေ...မင်းနှင့်ကလေးတွေကော
ဘယ်လိုနေကြလည်း...သတိရတယ်ကွာ...လွမ်းတယ်ကွာ..ပြောပြမတတ်အောင်ပါဘဲ....ကိုယ်
လေဆွေးနေပြီ.....ဒီမှာက အားလုံးကောင်းတယ်...သိပ်သာယာတာပါဘဲ...ဒါပေမဲ့ ဒါပေမဲ့လေ
မင်းမရှိတော့..ကိုယ့်ဘဝက ဟာတာတာကြီး...ကိုယ်မနေတတ်ဘူး....ကိုယ်လေ အထီးကျန်နေ
တယ်....မင်းမရှိတဲ့ဘဝဟာ အဓိပ္ပာယ်မရှိပါဘူး.....မင်းကို ကိုယ့်အနားမှာ ရှိနေစေချင်တယ်..
ဒါကြောင့် ကိုယ်လေ....မင်းအတွက် အထူးအစီအစဉ်တစ်ခု လုပ်ခိုင်းလိုက်တယ်...မင်းမနက်ဖြန်
ကျရင် ကိုယ်နှင့်အတူလာနေဖို့ စီစဉ်ခိုင်းလိုက်ပြီနော်....မင်းနှင့်တွေ့ရမယ့် မနက်ဖြန်ကို မစောင့်
မျှော်နိုင်လောက်အောင် စိတ်တွေလှုပ်ရှားနေမိပြီကွာ....
အဝေးတနေရာဆီမှ
ချစ်ရတဲ့
ကို


(ရောရောသမမွှေ)
အဒေါ်ဖြစ်သူပို့ပေးတဲ့ whatsapp message က အင်္ဂလိပ် ဟာသကို ပြန်ဆိုထားခြင်းဖြစ်ပါတယ်...အားလုံးသော ချစ်မိတ်ဆွေများပျော်ရွှင်ချမ်းမြေ့ကြပါစေ
အားလုံးကို လေးစားလျှက်.......

No comments:

Subscribe

လာလည်သူများ

free counters