နှံကောင်ကြော် (မော်ရီလေးယား၊မက္ကဆီကို)

နံပါတ် ၉
Calamari ကင်းမွန်ငါး
ကလာမာရီလို့ခေါ်တဲ့ ကင်းမွန်တစ်မျိုးကတော့ ကြည့်ရတာလှပပါတယ်။ဒါပေမယ့် ဒီငါးကို အစိမ်း(အရှင်မဟုတ်ပါ)စားသောက်ကြတာပါ။ဒီငါးတွေကို လတ်လတ်ဆတ်ဆတ်ဖမ်းလာပြီးတော့ ဒီငါးတွေရဲ့ ကလီစာတွေကို ထုတ်လိုက်ပြီး နှပ်ထားတဲ့ သံလွင်သီးအနက်ရောင် ဒါမှမဟုတ် သံလွင်သီးအချဉ်တွေကို ငါးတွေရဲ့ အိတ်ထဲထည့်ပြီးတော့ အကွင်းလေးတွေလှီးကာ စားသောက်တတ်ကြပါတယ်။စပိန်နိုင်ငံ မှာအများအားဖြင့် စားသောက်လေ့ရှိပါတယ်။တကယ်လို့ စမ်းစားကြည့်မယ်ဆိုရင်တောင် သူ့ရဲ့အရသာအမှန်ကို မသိလိုက်ဘဲ ချွဲကျိကျိကို သာခံစားရမှာဖြစ်ပါတယ်
နံပါတ် ၈
နွားအစာအိမ် ဟင်းရည်
ကော်စတာရီကာ နိုင်ငံသားတွေရဲ့ အကြိုက်ပါပဲ ဒါပေမယ့် အနောက်နိုင်ငံသားတွေ အတွက်တော့ နွားအစာအိမ်ဆိုတာ ရွံစရာတစ်ခုပါပဲ။ကြည့်ရတာ အကွက်တွေထပြီးတော့ ရွံစရာကောင်းပေမယ့်လဲ တကယ်အရသာရှိပါတယ်။မြန်မာ နိုင်ငံသားတွေ အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။

နံပါတ် ၈
နွားအစာအိမ် ဟင်းရည်

ကော်စတာရီကာ နိုင်ငံသားတွေရဲ့ အကြိုက်ပါပဲ ဒါပေမယ့် အနောက်နိုင်ငံသားတွေ အတွက်တော့ နွားအစာအိမ်ဆိုတာ ရွံစရာတစ်ခုပါပဲ။ကြည့်ရတာ အကွက်တွေထပြီးတော့ ရွံစရာကောင်းပေမယ့်လဲ တကယ်အရသာရှိပါတယ်။မြန်မာ နိုင်ငံသားတွေ အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။
နံပါတ် ၇
ချောကလက်အုပ်ထားတဲ့ ၀က်ပေါင်ခြောက်တွေ

အမေရိကန်နိုင်ငံ မှာ ထုတ်လုပ်ပါတယ်။ဝက်ပေါင်ခြောက်ပေါ်ကို ချောကလက်နဲ့
သကြားလုံးတွေ အုပ်ထားပါတယ်။အငန်ကဲတဲ့
ဝက်ပေါင်ခြောက်ကို ချောကလက်နဲ့ရောစပ်လိုက်တာက ရူးတဲ့ အကြံတစ်ခုဆိုပေမယ့်
အဲဒီနှစ်မျိုးရဲ့ အရသာပေါင်းစပ်မှုကတော့ အံသြစရာကောင်းပါတယ်။
နံပါတ် ၆
Kool-Aid ကြော်

ု
Kool-Aid ဆိုတာချယ်ရီသီးဖျော်ရည်တစ်ခုပါ။ဒါကို ကြော်လိုက်တယ်ဆိုတော့
သင်နဲနဲထူးဆန်းနေပါလိမ့်မယ်။ဟုတ်ပါတယ်။အမေရိကမှာသာရရှိနိုင်ပြီးတော့
အ၇သာကတော့ ဘာအရသာလို့ခွဲခြားပြဖို့မလွယ်ကူပါဘူးတဲ့။
နံပါတ် ၅
ပိုးကောင်တုတ်ထိုး

အရှေ့တောင်အရှနိုင်ငံတွေ တော်တော်များများက
ဒီပိုးကောင်တုတ်ထိုးကို နှစ်သက်ကြပါတယ်။အထူးသဖြင့်ကတော့
ကင်းမှီးကောက်တွေ၊ပိုးတောင်မာတွေ၊ရေနဂါးတွေနဲ့
ပိုးဟပ်တွေ ဖြစ်ကြပါတယ်။အမြင်ဆိုးပေမယ့် တကယ်အရသာလဲ ရှိ အာဟာရလဲရှိတဲ့
အစားအစာပါ။ဒါပေမယ့် တစ်ချို့ပိုးကောင်တွေက နံလို့ နှာခေါင်းပိတ်ထားဖို့တော့
လိုမယ်နော်.
နံပါတ် ၎
နံစော်နေတဲ့ တို့ဖူး

တရုတ်နိုင်ငံက နံစော်နေတဲ့ တို့ဖူး(ပဲပြား)ဟင်းရည်ပါ။ဒါပေမယ့်
တကယ်ကတော့ နှာခေါင်းပိတ်ထားရင် အဲလောက်မနံပါဘူးတဲ့။မြန်မာနိုင်ငံက
ပဲဖတ်ချဉ်တို့ နှမ်းဖတ်ချဉ်တို့လိုမျိုး အနံ့ဖြစ်မှာပေါ့။ဒါပေမယ့်
နူးညံ့ပြီးတော့ အရသာက အရမ်းထူးခြားလို့ နောက်ထပ်လိုက်ပွဲတစ်ပွဲတော့
အနည်းဆုံးစားဖြစ်ကြတယ်လို့ သိရပါတယ်။
နံပါတ် ၃
ကိုရီးယားက ဂင်ချီကြော်

မြန်မာနိုင်ငံနဲ့ အာရှက နိုင်ငံတွေကတော့ ဂင်ချီကို သိပ်မထူးဆန်းတော့ပေမယ့်
အနောက်တိုင်းက လူတွေကတော့ ဂင်ချီကို နံပါတ် ၃ ထည့်လိုက်ပါတယ်။အနံ့ကလဲ
နံတဲ့အပြင် အရသာကလဲ ချဉ်စုပ်စုပ်နဲ့ စပ်တဲ့အရသာလဲ ခံစားရပြီး
အနဲငယ်ငံပါတယ်။ဒီလို အစားအစာကိုတော့ သူတို့က အထူးအဆန်းလို့ သတ်မှတ်ပြီးတော့
စားဖူးအောင်ပဲ စားကြပါတယ်။
နံပါတ် ၂
ဂျပန်နိုင်ငံက ဖူဂူငါး

မြန်မာလိုဆိုရင်တော့ ငါးပူတင်းဖြစ်ပါတယ်။ငါးပုတင်းမှာ အဆိပ်ပါတဲ့အတွက်
အနောက်နိုင်ငံသားတွေ မစားဝံ့ကြပါဘူး။ပြီးတော့ စားပြီးသွားရင်လဲ ပါးစပ်ကြီး
ထုံပြီးကျန်နေခဲ့ပါတယ်တဲ့။
နံပါတ် ၁
အီတလီနိုင်ငံက ပီဇာတစ်မျိုး

ဒီပီဇာ နာမည်ကြီးရတာကတော့ သူရဲ့ဈေးနှုန်းကြောင့်ဖြစ်ပါတယ်။ပုံထဲက
ပီဇာတစ်ချပ်ကို ဒေါ်လာ ၁၀၀၀ ပေးရပါတယ်။ဘာလို့ဈေးကြီးတာလဲ။ဒီပီဇာမှာ အဓိက
ငါးဥတွေနဲ့ ကျောက်ပုဇွန်တွေပါဝင်ပါတယ်။အဲဒီပီဇာရဲ့ အရသာက လူကို
ရူးသွပ်သွားလောက်အောက် ကောင်းပါတယ်တဲ့။သင့်ရဲ့ အရသာခံဖုလေးတွေကို
အငန်နဲနဲပါတဲ့
ငါးဥလေးတွေက ဖျော်ဖြေပေးတာကြောင့် ပြဇတ်တစ်ပုဒ်ထဲရောက်သွားသလိုပဲလို့
အမြဲတမ်းလာရောက်စားသောက်တဲ့သူတစ်ယောက်ကပြောပါတယ်။ဒီပီဇာဆိုင်ကို
လာဖို့အတွက် နှစ်စဉ်ပိုက်ဆံစုပြီးတော့ လာစားဖြစ်တယ်လို့
ပီဇာချစ်သူကပြောပါတယ်။
ကျေးဇူးတင်ပါတယ်နော်
အချက်အလက်များကို အောက်ပါဝက်ဆိုဒ်မှ ကုးယူဖော်ပြခြင်းဖြစ်ပါသည်။
Read more at http://realitypod.com/2013/09/the-10-weirdest-foods-you-should-try-today/3/#LlDXzCzv826eyIh3.99
No comments:
Post a Comment