♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 23, 2015

"ချစ်လို့ပါ ကောင်မလေး"

 
ကောင်မလေးတစ်ယောက်က သူ့ချစ်သူ ကောင်လေးကို သူမ လှသလားလို့ မေးတော့ ကောင်လေးက “မလှဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

သူမနဲ့အတူ ထာဝရ နေချင်သလားလို့မေးတော့ ကောင်လေးက “မနေချင်ဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အဲဒီနောက် သူမသာ အဝေးကို ထွက်ခွာသွားမယ်ဆိုရင် သူ ငိုမှာလားလို့ မေးလိုက်တော့ ကောင်လေးက “မငိုဘူး”လို့ပဲ ပြန်ဖြေပါတယ်။

ကြားရတာ လုံလောက်နေပြီ ဖြစ်တဲ့အတွက် သူမ အဝေးကိုထွက်ခွာဖို့ လိုအပ်လာပါပြီ။

သူမ အဝေးကို စတင်ထွက်ခွာတဲ့အခါ သူဟာ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏနေပေးဖို့ ပြောဆိုပါတယ်။

သူက ပြောလာပါတယ်။ “

မင်းဟာ မလှဘူး။ ချစ်စရာ ကောင်းတာပါ။

ကိုယ် မင်းနဲ့အတူ ထာဝရ မနေချင်ဘူး။ မင်းနဲ့ ထာဝရ အတူရှိနေဖို့ပဲ လိုအပ်တာပါ။

ြဲပီးတော့ မင်းအဝေးကို ထွက်ခွာသွားတဲ့အခါ ကိုယ် မငိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ် သေသွားနိုင်လို့ပဲ”

 


Credit : ဖိုးသူတော် (www.phothutaw.com) Credit : myanmar77

No comments:

Subscribe

လာလည်သူများ

free counters