♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 23, 2015

"အမျိုးသမီးအိမ်သာထဲဝင်ပြီး မစင်တွေစားတဲ့ တရုတ်အမျိုးသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ" ကိုယ်ကျိုးတော့ နည်းရချေရဲ့ ..မောင်!!


တရုတ်နိုင်ငံ ဂန်ဒေါင်း မြို့တော်တစ်ဝိုက်က အမျိုးသမီးအိမ်သာတွေထဲ ဝင်လိုက်ထွက် လိုက်လုပ် နေတဲ့ သူစိမ်းအမျိုးသားတစ်ဦးက မြို့တော်ရဲတပ်ဖွဲ့ဝင်က မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာ အံ့အားသင့်စရာနဲ့ မနှစ်မြို့စရာ အဖြစ်အပျက်အ ကြောင်းအရာတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။တိတ်တဆိတ် ခြေရာခံလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ယင်းအမျိုးသားမှာ အမျိုးသမီးအိမ် သာတွေထဲက အိမ်သာခွက်ထဲ ခေါင်းထိုးစိုက်ဝင်ပြီး မြိန်ရေယှက်ရေ မစင်တွေစားသုံး နေတာဖြစ်ပါတယ်။ အများပြည်သူသုံးအမျိုးသမီးသန့်စင်ခန်းသို့ ဝင်လာတဲ့အမျိုးသမီး အချို့ကလည်း သူ့ရဲ့ဒီလိုအမျိုးသမီးအိမ်သာထဲကိုဝင်တာနဲ့ တိုးခဲ့တာကအကြိမ်ရေ မနည်းရှိခဲ့ကြတယ်လို့ ဆိုကြပြီး လာရောက်တိုင်တန်းမှုတွေကို မကြာခဏရှိခဲ့တဲ့အ တွက် ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေထဲဆင်းပြီး စုံစမ်းခြေရာ ကောက်ခဲ့ကြပါတယ်။



ရဲတပ်ဖွဲ့ဝင်တွေစစ်ဆေးမေးမြန်းချက်အရ အဆိုပါအမျိုးသား ဂန်ဒေါင်းမြို့တော်သို့ သိပ်မကြာခင်ကမှ ပြောင်းရွှေ့နေထိုင်လာခဲ့တယ်လို့သိရပြီး သူ့ရဲ့ ဒီလိုအကြောင်း အရာခိုင်ခိုင်လုံလုံမရှိတဲ့ လုပ်ရပ်အတွက်သူက အမျိုးသမီးတွေရဲ့မစင်ကအမျိုးသား မစင်တွေထက်ပိုပြီးအရသာကောင်းမွန်တယ်လို့ အူကြောင်ကြောင်နိုင်စွာဖြေကြား ခဲ့ပါတယ်။ လက်ရှိမှာ သူ့ကိုစခန်းမှာပဲ အခြေအနေစောင့်ကြည့်ထိန်းသိမ်းထားပြီး မိ သားစုတွေကို အကြောင်းစုံပြောကြားဖြေရှင်းနိုင်အောင် ဆက်သွယ်နေစဲပဲဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)

ဖိုးသူတော် Team မှ ဘာသာပြန်သည်။ 


 အဲဒိလူငယ်ဟာ မစင်တွေစားလာတာ ရှစ်နှစ်ရှိပြီလို့ ပြောပါတယ်....ပလာဇာအစောင့်က အဲဒိလူငယ်ဟာ မနက်ဖက် ၈နာ
ရီမှ ဆယ်နာရီအတွင်း အိမ်သာတွေရှိတဲ့ ဘက်ကို သွားလေ့ရှိတာ ပြီးခဲ့တဲ့နှစ်ကတည်းကပါတဲ့....ညနေဘက်မှာဆိုရင် ညနေ သုံးနာရီလောက် အိမ်သာဘက်သွားလေ့ရှိပါသတဲ့...
.......ချေးစားစုန်းတော့ မဟုတ်နိုင်ဘူး....ဖတ်မိ ကြားမသလောက်က 
ချေးစားစုန်းက ညဘက်တွေမှာ ခေါင်းပြတ်ကြီးလုပ်ပြီး စားသတဲ့....ဒီလူငယ်လေးကတော့ စိတ်ကျန်းမာမှုမရှိသူ 
စိတ္တဇဝေဒနာရှင်လေးဖြစ်နိုင်ပါတယ်.................................................................ရောရောသမမွှေ)

No comments:

Subscribe

လာလည်သူများ

free counters