♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 19, 2015

"ဖားသားချက် ....ဟီးဟီး.....မားသားချက်ဟုတ်ဖူး.....frog curry ပါ....

114 
ကျမက ငယ်ငယ်က ဖားသားဆိုလုံးဝ မကြိုက်ဘူး၊ ကြောက်တာလဲပါတာပေါ့နော်။ စားဖူးသူတွေ မေးတော့ အိုသိပ်ကောင်းတယ်။ ကြက်သားလေးလိုပဲတဲ့ ကျမက ဒါဆိုလဲကြက်သားပဲစားမှာပေါ့ လို့ပြန်ပြောဖူးတယ်။ ကြီးလာတော့မှသာ အရသာ မတူမှန်းသိရတယ်။ ငရုတ်သီး စပ်စပ် ၊ ပျဉ်တော်သိမ်၊ ဇီယာ တို့နဲ့ ခပ်ခြောက်ခြောက်လေး ချက်လိုက်ရင် အလွန်စားကောင်းပါတယ်။ သို့သော် ကျမမှာစားရ ကံမပါ ရှိသူမို့ တခါစားပြီး ရှောင်ကျင်ရပါတယ်။ ကြိုက်နှစ်သက်သူတို့ချက်စားနိုင်ရန် ရေးပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ ( လူ ၂၅ - ၃၀ စာ)
 

- ဖားသားဆူဆူ(ကလီစာထုတ် သန့်စင်ထားပါ) ၃ကီလို ( ၂ပိသာခန့်)
- ငရုတ်သီးကြမ်းကွဲ ၁၀ဇွန်း (စားပွဲတင်)
- ပျဉ်တော်သိမ် လက်တဆုပ်
- ဇီယာအမှုန့် ၁ ဇွန်း(အချိုဇွန်း)
- ကြက်သွန်နီ ၃၀ိ ကျပ်သား
- ကြက်သွန်ဖြူ  ၅ိ ကျပ်သား
- အရောင်တင်မှုန့် (အရောင်နှစ်သက်သလို)
- ဂျင်း လက်တစစ် ခန့်
- ငရုတ်ကောင်း ၁ဇွန်း( အချိုဇွန်း)
- ငံပြာရည် လိုသလောက်
- အရသာမှုန့် ၅ဇွန်း(စားပွဲတင်)
- ဆားအနဲငယ်
ဖားသားဆူဆူတွေကို ကလီစာထုတ်ခေါင်းဖြတ်သန့်စင်ကာ ဆား၊ ဆနွင်း၊ ကြက်သွန်ဖြူထောင်းအနဲငယ်၊ အရသာမှုန့်အနဲငယ်တို့ဖြင့်နယ်ထားပါတယ်။
ကြက်သွန်နီကိုပါးပါးလှီးထားပါ။ အဖြူကိုထောင်းထားပါ။ ဂျင်းကိုပါးပါးလှီးထားပါ။
ဆီပူပူတွင် ကြက်သွန်နီ၊အဖြူ ၊ ဂျင်း၊ ပျဉ်းတော်သိမ်၊ ဇီယာတို့ကိုရွှေရောင်သန်းလာသည်အထိ ကြော်ပေးပါ။

091-4 
အလွန်မွှေးပြီး ကျွတ်လာပြီဆိုရင် အရောင်တင် လိုချင်သလောက်နှင့် ငရုတ်သီးကြမ်းကွဲထဲ့ပေးပါ။ မိနစ်ဝက်အကြာ ဖားသားများထဲ့မွှေပေးပါ။
100-2 
 ၂မိနစ်အကြာ နှံ့အောင် ရောမွှေပြီးရင် ငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ထဲ့ပေးပါ။ ခပ်ခြောက်ခြောက်အနေရပြီ အရသာလဲ ကြိုက်နှစ်သက်ပြီဆိုရင် ဖိုပေါ်ကချကာ တည်ခင်းရန်အဆင်သင့်ဖြစ်ပါပြီရှင်။



  

Credit : Danuphyu Daw Saw Yee (London)

No comments:

Subscribe

လာလည်သူများ

free counters