
အသက် ၁၀ နှစ်အရွယ်ကတည်းက သဲ တစ်ကီလိုဂရမ်ကို နေ့စဉ်နေ့တိုင်းနှစ်ခြိုက်စွာ စားသုံးလာတာကြောင့် သူမရဲ့ ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်လာခြင်းဖြစ်တယ်လို့ အိန္ဒိ ယ အမျိုးသမီး ဆူဒမ ဒေဗီက အိန္ဒိယနေ့စဉ်သတင်းသို့ပြောကြားခဲ့ပါတယ်။ သဲ မြေကြီး ကို နေ့စဉ်အဓိကစားသုံးတဲ့ ထမင်းနဲ့ဖြည့်စွက်အာဟာရကဲ့သို့ပင် စားသုံးနေခဲ့တာပဲဖြစ် ပါတယ်။
သူတကာနဲ့မတူ ထူးခြားတဲ့စွဲလမ်းနှစ်ခြိုက်မှုကြောင့် မိသားစု၊ ကျောင်းနေသူငယ်ချင်း များနှင့် ပတ်ဝန်းကျင်က လူအများကြား တအံ့တသြဖြစ် ထူးဆန်းစေခဲ့ပါတယ်။ တစ်ကီလိုဂရမ်ကို ပန်းကန်ပြားထဲထည့်ပြီး သ ကြားလိုမျိုး၊ နို့မှုန့်တို့လိုမျိုးအခြားအရာ တွေ တို့တို့ကာ တစ်နေ့လေးကြိမ် စားသုံးတတ်ပါတယ်။
မိသားစုဝင်ထဲမှ သူမတစ်ဦးတည်းသာ ထူးခြားတဲ့အလေ့အကျင့် စွဲလမ်းမှုတွေကြောင့် မိသားစုဝင်တွေကို စိတ်ပူပန်စိုးရိမ်မှုတွေဖြစ်ခဲ့ပြီး ရောဂါစမ်းသပ်စစ်ဆေးမှုတွေနဲ့ ပြုလုပ်ခဲ့ပြီး မည်သည့်ကျန်းမာရေးထိခိုက်မှုအန္တရာယ်မှာဖြစ်မလာတာပဲ ကျန်းမာရေး တောင်ပို၍ပင်ကောင်းမွန်လာတယ်လို့ ဆိုထားကြပါတယ်။
ထို့အတွက်ကြောင့် ဒီလိုမျိုး သဲမှုန့်၊ မြေကြီးမှုန့်တွေကို စွဲလမ်းစွာစားသုံးတတ်တဲ့ သူမ ကို မိဘညီအစ်ကိုမောင်နှမ တွေက သူမအတွက် သဲမှုန့်တွေကို တကူးတက ရှာဖွေစီစဉ် ပေးကြပါတယ်။
အသက်ကြီးလာပြီး အိမ်ထောင်ပြုသည့်တိုင်နဲ့ ယနေ့တိုင်အောင်ပဲ သူ မရဲ့ အိမ်ထောင်ဖက်က ဒီလိုမျိုးသဲမှုန့်တွေစားသုံးခြင်းကိုခွင့်ပြုခဲ့ပြီး သူကိုယ်တိုင်လည်း စားသောက်နိုင်အောင် ရှာဖွေပေးတယ်လို့သိရပါတယ်။



Credit : https://www.facebook.com/searchmyanmar/photos/pcb.892728760770062/892728567436748/?type=1&theater
No comments:
Post a Comment