♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 20, 2015

"ဆန်အတုရဲ့ ထမင်းရည်အမြှေးတွေက ထူတယ် မကြေလွယ်ဘူး အခြောက်ခံပြီး မီးရှို့လို့ရတယ်တဲ့" ဆန်အတု အဆင့်ဆင့်ပြုလုပ်နေပုံ ဗီဒီယို

 Image result for fake rice
                                                      ပလပ်စတစ်ဆန်ရဲ့ ထမင်းရည်မြှေး
မေ ၁၉။ ။ အသက်တွေကို ကယ်တင်နိုင်တဲ့ထမင်းတစ်ပန်းကန်ဟာ အခုတော့ အန္တရာယ်ဖြစ်စေပြီး သေတောင်သေစေနိုင်ပါတယ်။
အဆိပ်အတောက်ရှိတဲ့ ကော်စေ့တွေနဲ့ပြုလုပ်ထားတဲ့ ပလတ်စတစ်ဆန်ဟာ အာရှနိုင်ငံအများအပြားရဲ့ဆိပ်ကမ်းတွေဆီ ဆိုက်ရောက်နေတယ်လို့ ဆိုပါတယ်။ ဆန်ဟာ ချက်ပြီးတဲ့နောက်လည်း မာကျောနေတုန်းပဲလို့ သိရပါတယ်။

အာလူး၊ ကန်စွန်းဥနဲ့ ကော်စေ့တွေနဲ့ပြုလုပ်ထားတယ်ဆိုတဲ့ ပလတ်စတစ်ဆန်ကို ဆန်အစစ်ပုံစံဖြစ်အောင် ပုံသွင်းပြီး လူဦးရေများပြားတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေဆီတင်ပို့တယ်လို့ သတင်းတွေထွက်နေပါတယ်။ ဧပြီလကသတင်းတစ်ပုဒ်မှာ တရုတ်က ၀င်လာတဲ့ ဆန်အတုတွေကို အိန္ဒိယဈေးကွက်မှာ တွေ့ရကြောင်းပါရှိပါတယ်။ကောလာဟလတစ်ခုမှာဆိုရင် ဆန်အတုဟာ စင်ကာပူထဲဝင်နေပြီလို့ ထွက်ပေါ်နေပေမယ့် သေချာစစ်ဆေးတဲ့အခါ အဲသည်သတင်းထွက်ခဲ့တာ ငါးနှစ်ထက်မနည်းရှိပြီလို့ သိရပါတယ်။
 
အဲသည်ဆန်အတုကိုစားသုံးမိရင် သေစေနိုင်သလို အစာချေစနစ်ကို ပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ အာဟာရဆိုင်ရာကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။
တရုတ်ဈေးကွက်တွေမှာ၊ အထူးသဖြင့် ရှန်စီပြည်နယ် တိုင်ယွမ်မှာရောင်းချနေတဲ့ ဆန်အတုသတင်းဟာ WhatsApp နဲ့ Facebook လိုမျိုး လူမှုကွန်ရက်တွေပေါ်မှာလည်း ပျံ့နှံ့နေပါတယ်။
ဒါပေမယ့် မလေးရှားလယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာအခြေခံစက်မှုလုပ်ငန်းဝန်ကြီးက ဆန်အတုနဲ့ပတ်သက်တဲ့သတင်းတစ်စုံတရာမရကြောင်း ပြောပါတယ်။
ဝန်ကြီး အစ္စမေးလ် ဆာဘရီယာကော့ဘ်က အဲသည်သတင်းတွေကို ငြင်းဆန်ပြီး စားသုံးသူတွေကို ဆန်အတုနဲ့အစစ် ဘယ်လိုခွဲမလဲဆိုတာ သင်ကြားပေးမှာဖြစ်ကြောင်း ပြောပါတယ်။


Image result for fake rice 
ရေးသားသူ စုပြည့်စုံ
Ref: StraitTimes, May 19th . 2015



= = = = = = = = 

ဆန်အတု ဘယ်လိုလဲဆိုတာ အိန္ဒိယနိုင်ငံ ကေရာလာပြည်နယ်က စားဖိုမှူးက ပြသထားပုံကို ဒီဗီဒီယိုထဲမှာ ကြည့်နိုင်
ပါတယ်...  ထမင်းရည် အမြှေးတွေက ထူပြီးတော့ စာရွက်လိုဖြစ်နေတယ် အခြောက်ခံပြီး မီးရှို့ရင် မီးအလွယ်တကူ
လောင်သွားပါတယ်.....နောက်တနည်းက   ဆန်စေ့ပေါ်မှာပါတဲ့ အစင်းကြောင်းတွေ ဆန်စေ့ရဲ့ အချွန်ပုံတွေက တူညီ
နေရင် စက်လုပ်ဆန်ပဲဖြစ်ပါတယ်.....ဒီဇိုင်း တစ်မျိုးတည်းထုတ်ထားလို့ပါ....ဆန်အစစ်က တစေ့နှင့် တစေ့မတူပါ......




ဒီတစ်ခုကတော့ ဆန်အတုတွေပြုလုပ်နေတဲ့ စက်ပါ...ဘယ်လိုပြုလုပ်တယ်ဆိုတာ ကြည့်နိုင်ပါတယ်.....


အားလုံးသတိထားနိုင်ကြပါစေ..............
 

No comments:

Subscribe

လာလည်သူများ

free counters