♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 17, 2015

"ပုဇွန်တုမ်းရမ်း ဟင်းရည်ချက်နည်း "



အခုဖော်ပြမှာက..ပုဇွန်တုမ်းရမ်းဟင်းရည်ချက်နည်း... ဖြစ်ပါတယ်..၊ကျွန်မအမေ.ရဲ့အသဲစွဲဟင်းရည်တမျိုးပေါ့၊ချဉ်ငံစပ်လေးပါ၊
အရမ်းကြိုက်လို့ခဏခဏချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
-မှို၊ ပန်းဂေါ်ဖီ၊ ပြောင်းသူငယ်၊ ငရုတ်ပွသီး၊

-စပါလင်၊ ရှောက်ရွက် ၊ ငရုတ်သီး စိမ်း(သို့) ပဒယ် ကော
-ပုဇွန်ကျား ( အခွံမချွတ်မှ ကွေးမသွားမှာပါ)
-တုမ်းရမ်းအနှစ်
-ငုံးဥ( ပြုတ်ပြီးသား)
-နံနံပင်
- ကြက်သွန်ဖြူ၊ နီ
-ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်





 ကြက်သွန်ဖြူ၊နဲ့အနီကိုအတုံးလေးများတုံးပြီးစပါးလင်၊အရောင်တင်မှုန့်နဲ့ဆီသတ်ပြီးပန်းဂေါ်ဖီ၊မုန်လာဥနီကိုထဲ့လုံးပေးပါ
 ပြီးရင် တုမ်းရမ်းအနှစ် စားပွဲတင်ဇွန်းသုံးဇွန်း( ဟင်းချိုခွက် ခြောက်ခွက်စာ) ထဲ့ပြီးရေနွေး တစ်လီတာ ခွဲထဲ့ပြီး ပွက်ပါစေ၊  ပွက်ပြီးဆိုမှ နူးလွယ်သော ပြောင်းသူငယ်၊ ငရုတ်ပွသီး၊ မှို ၊ ခရမ်းချဉ်သီး လေးစိတ်ချမ်းလေး များ ကို  ရှောက်ရွက်၊ ငရုတ်သီးစိမ်း(သို့) ပဒယ်ကော တိုနဲ့အတူထဲ့ပြီး  ခဏအုပ်ထားပါ၊ အိမ်မှာတော့ ငရုတ်သီးစိမ်း ပဲသုံးလိုက်တယ်၊ ခလေး လေးတွေလဲသောက်ရင် လျှာပူပြီးမကျန်စေချင်လို့။
 သုံးဖူးသမျှထဲတော့ ဒီ Thai Boy တံဆိပ်လေးကအရသာအရှိဆုံးပဲ
နောက်ဆုံးမှ ပုဇွန်အကွေး ငါးအနွေးဆို သလိုပုဇွန်နဲ့နံနံပင်၊ငုံးဥ ပြုတ်ပြီးသားလေးတွေထဲ့ ပြီး ပြီးချင်းမီးပိတ်ပြီး တစ်မိနစ်ခန့် နေရင် ရှောက်ရွက်နံ့အလွန်မွှေးသော ချဉ်ငံစပ်ဟင်းရည်လေးပူပူလေး သုံးဆောင်လို့ရပါပြီ။

Funky Food
-


Credit : http://zaylinthawtar1994.blogspot.co.uk/2014/03/blog-post_21.html





No comments:

Subscribe

လာလည်သူများ

free counters